ဒီကနေ့ မတ်လ ၁၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ သွားရောက်ကာ ရှမ်းဝတ်စုံကြီးဝတ်၍ ခေါင်းပေါင်းတပ်ပြီး စည်းရုံးခဲ့ပေမယ့် လာကြည့်သူ ထောင်ဂဏာန်းသာရှိ ကြောင်း သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်လှည့်စည်းရုံးရေးတွေ လုပ်ချိန်မှာ မဲရဖို့အတွက် ကချင်ရောက်ရင် ကချင်ဝတ်စုံ၊ ကရင်ရောက်ရင် ကရင် ဝတ်စုံ ဝတ်ကာ မျက်နှာချိုသွေး စည်းရုံးခဲ့သလိုပဲ အခု လားရှိုးကိုရောက်ချိန်မှာ ရှမ်းဝတ်စုံဝတ်ကြီး စည်းရုံးခဲ့ပါတယ်။ တခြားဒေသတွေနဲ့ မတူပဲ အခု လားရှိုးဒေသခံတွေကတော့ ဒေါ်စုကို စည်းရုံးရေး ဆိုတာထက် ကိုယ်ဘာကိုယ် က နေကြပြီး ကိုယ့်အက ကိုယ် အားပေးနေကြတာ တွေ့ရပါတယ်။

NLD ပါတီဝင်တွေကတော့ ထုံးစံအတိုင်း ပိုက်ဆံတွေ အကုန်အကျခံပြီး အလံတွေကို တစ်ယောက်ကို နှစ်ခု သုံးခု လိုက်ဝေ ခဲ့ပေမယ့် အားနာလို့ အလံယူခဲ့ကြတဲ့ ရှမ်းပြည်သူတွေက ကွယ်ရာမှာတော့ အလံတွေကို လမ်းဘေးသို့ ပြန်ပြီး စွန့်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စင်ပေါ်တပ်ပြီး ထုံးစံအတိုင်း NLD ကို မဲပေးဖို့ အတင်း တိုက်တွန်းသွားခဲ့ပါတယ်။
Myanmar Express

4 comments:
တော်သေးတယ်ဟေ့ မြန်မာနိုင်ငံက အာဖရိကလိုမဟုတ်လို့ပေါ့ နို့မိုဆို ငါတို့ ဒေါ်စုတစ်ယောက် ဒုက္ခလှလှေ၇ာက်နေဦးမယ် ဘယ်လိုဝတ်ရမှန်းမသိဖြစ်ပီး..

ဟေး...ဒို.ရှမ်းပြည်သူတွေကတော့ ဒီချုပ်လဲမသိဘူး.. ကျားဖြူမှကျားဖြူ ပဲကွ မှတ်ထား....
ဝေး...ဒို.ရှမ်းပြည်သူတွေကတော့ ဒီချုပ်လဲမသိဘူး.. ကျားဖြူမှကျားဖြူ ပဲကွ မှတ်ထား....
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်