Subscribe to our RSS Feed

လူထုကို ပြသရန် ရိုက်ကူးသော ဗွီဒီယိုအား လူထုကို ပြသမှု အပေါ် ပွင့်လင်းမြင်သာရေး ဟောပြောသူမှ မကျေနပ်၍ ကန့်ကွက်

လူထုကို ပြသရန် ရိုက်ကူးသော ဗွီဒီယိုအား လူထုကို ပြသ ခြင်းအတွက် ပွင့်လင်းမြင်သာရေး ဟောပြောသူ ဒေါ်အောင်ဆန်းစုကြည်မှ မကျေမနပ်ဖြစ်ကာ ကန့်ကွက် လိုက်ကြောင်း သတင်းရရှိပါတယ်။

ပွင့်လင်းမြင်သာရေးနဲ့ လူထုကို ချပြရေး အကြောင်းတွေကို နိုင်ငံအနှံ့ လိုက်ပြီး ဟောပြောစည်းရုံးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၁၂ ရက်နေ့ က မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော် မြို့ကြီးသို့ သွားရောက်ပြီး အစိုးရ ရုပ်မြင်သံကြား ဌာနမှာ ဗွီဒီယို ရိုက်ကူး အသံသွင်းယူခဲ့ပါတယ်။ ၎င်း ဗွီဒီယို အား ပြည်သူအားလုံးသို့ ပြသ ဖြန့်ဝေရန် ရိုက်ကူးခဲ့ပေမယ့် အခုတော့ ထိုသို့ ဖြန့်ဝေမှုအတွက် မကျေမနပ်ဖြစ်ကာ ကန့်ကွက်ပြန်ပါတယ်။

လျှို့ဝှက် ရိုက်ကူးထားခြင်း မဟုတ်တဲ့ ယင်း ဗွီဒီယိုဖိုင်ကို ပေါက်ကြားစေခြင်းအပေါ် မကျေမနပ်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မှ မြန်မာ့ရုပ်မြင်သံကြားမှ တာဝန်ရှိသူများထံသို့ ကန့်ကွက်စာ ပို့ခဲ့တယ်လို့ NLD မန်နေဂျာ ဦးညဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ မြန်မာ့ရုပ်မြင်သံကြားမှ ပြသခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ဗွီဒီယိုဖိုင်ဟာ ၁၂ ရက်နေ့ကတည်းက facebook နဲ့ ဘလော့များပေါ်မှာ ရောက်နေပြီး ဗွီဒီယိုဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က စကားပြောရင်း ခန္ဓာကိုယ်ကို ဟိုဖက်ရမ်းလိုက် ဒီဖက်ရမ်းလိုက် လုပ်နေတာကို တွေ့ရပါတယ်။ စကားပြောတဲ့ ခေါင်းကို လှုပ်ရှားမှုမရှိပဲ ဖင်နဲ့ ခါးကိုပဲ ဂနာမငြိမ် လှုပ်ရမ်းကာ ပြောဆိုနေတဲ့ အပြင် စကားမှားနေတာတွေ၊ အထစ်အထစ် ဖြစ်နေတာတွေလည်း အများကြီးပါကြောင်း တွေ့ရပါတယ်။

ယင်းဗွီဒီယိုရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူကမှ အတင်းမတိုက်တွန်းခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရိုက်ချင်လွန်းလို့ လာရောက်ရိုက်ကူးခြင်းသာ ဖြစ်ကြောင်းသိရပြီး စကားပြောနေစဉ် ထိုင်နေရင်း ဖင်ရွှေ့ဖင်ရွှေ့ လုပ်ရခြင်းမှာလည်း ဂျပိုးကိုက်လို့သာ ဖြစ်ကြောင်း NLD ပါတီဝင် တစ်ဦးက ဖြေရှင်းခဲ့ပါတယ်။

ပြည်သူအများစုကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စကားပြောပုံက မြဝတီရုပ်မြင်သံကြားမှ သတင်းကြေငြာတဲ့ ဆယ်ကျော်သက် မိန်းခလေးတွေလောက်တောင် အသုံးမကျကြောင်း၊ အရည်အချင်းမရှိကြောင်း နဲ့ မြန်မာစာဖတ် အလွန်ညံ့ကာ တည်ငြိမ်မှုမရှိကြောင်း သုံးသပ်ဝေဖန်မှုတွေ ရှိနေပါတယ်။

Myanmar Express

6 comments:

မင်းတို့ဒေါ်စုနောက်လိုက်တွေကစကားမှာတင်ဇာတိပြနေတယ်နော်။ဘာတဲ့မင်းသာဆိုဆင်းရဲပြီးခြင်ကိုက်တဲ့နိုင်ငံမှာလာမနေဘူးဆိုတဲ့မင်းရဲအနောက်ဖထွေးကိုမှအထင်ကြီးတဲ့စိတ်ဓါတ်ရှိလို့မင်းတို့လိုညဏ်တိမ်တဲ့သူတွေအားပေးတဲ့NLDကိုငါမဲမပေးဘို့ဆုံးဖြတ်လိုက်ပြီဟေ့။နိုင်ငံနဲ့လူမျိုးကိုလာမစော်ကားနဲ့။မင်းကိုဘယ်မြေမှာမွေးလိုက်တာလဲဖထွေးကျွန်သစ္စာဖေါက်လောက်ရေ့.......

မင်းတို့လိုဒေါ်စုနောက်လိုက်တွေက စကားမှာတင်ဇာတိပြနေတယ်နော်။ ဘာတဲ့ မင်းသာဆို ဆင်းရဲပြီး ခြင်ကိုက်တဲ့ နိုင်ငံမှာလာမနေဘူး ဆိုတဲ့ဖထွေးကို အထင်ကြီးတဲ့ ကောင်တွေရှိနေတဲ့ NLD ကိုငါ မဲမပေးဘို့ဆုံးဖြတ်လိုက်ပြီဟေ့ ။နိုင်ငံနဲ့လူမျိုးကို လာမစော်ကားနဲ့ ဖတွေးကျွန်သစ္စာဖောက် လောက်ကောင်ရေ့....။ မင်းကိုယ်တိုင်ဘယ်မှာမွေး လဲ လို့ မင်းရပ်နေတဲ့နေရာ ကိုပြန်ငုံ ကြည့်ပြီး အားနာအုံး။

အဲဒါဆို ပါတီတွေ အားလုံး ကသူတွေကလည်း ဘယ်သူမှ မတိုက်တွန်းပဲနဲ့ ကိုယ်ဘာသာကိုယ်
ရိုက်ချင် လွန်းလို့လာရိုက် ကြတာ နေမှာနော်

ဒေါ်စု တစ်ကယ်ကိုတခုခုဖြစ်နေပြီ
မျက်လုံးကိုလည်း လိုင်နာတွေချယ်ထားတော့
ပြူးပြူးကြီးဖြစ်နေတယ်
အမူအယာတွေလည်း ပိုနေတယ်
ခေါင်းယမ်းလိုက် ကိုယ်ယမ်းလိုက် တစ်ချိန်လုံး
စိတ်လှုပ်ရှားနေလို့လား
ဘာတွေ nervous ဖြစ်နေလည်းမသိဘူးဟ
နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ မြင်ကြည့်ပါ
ငါအရင်က တော်တော်အထင်ကြီးထားခဲ့တာပါ

စောက်အစိုးရတွေက အမေစုထိုင်မဲ့ထိုင်ခုံကို ဘာလုပ်ထားမှန်း မသိ

စောက်အစိုးရတွေက အမေစုထိုင်မဲ့ထိုင်ခုံကို ဘာလုပ်ထားမှန်း မသိ..
ရီရတယ်ကွာ ကျေုးဇူးပဲ သယ်ရင်း..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်