Subscribe to our RSS Feed

လွှတ်တော် အရမ်းတက်ချင်နေတဲ့ ဒေါ်စု၊ ရွေးကောက်ပွဲပြီးအောင် မစောင့်နိုင်ပဲ နေပြည်တော်လိုက်သွား

လွှတ်တော်အမတ် ရောဂါ ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ နိုင်ဖို့ တိုင်းပြည်အနှံ့ မျက်နှာချိုသွေး ပြနေယုံမျှ မက မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော် မှ လွှတ်တော် အစည်းအဝေးခန်းမထဲကို ဝင်ခွင့်တောင်းကာ ဝင်ကြည့်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စာနာသနားမိကြတဲ့ လွှတ်တော် ဥက္ကဌများနဲ့ လွှတ်တော်အမတ်မင်းများက ဝင်ခွင့်ပေးပြီး လွှတ်တော်ခန်းမရဲ့ နောက်ဆုံးခုံပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်ကာ နားထောင်ခွင့် ပေးခဲ့ပေမယ့် စကားပြောခွင့်တော့ မပေးခဲ့ဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းထံသို့ သွားရောက် တွေ့ဆုံခဲ့ပြီး လွှတ်တော်ထဲမှာ ခဏလောက် နားထောင်ခွင့်တောင်းခဲ့တာကြောင့် မိနစ် ၃၀ ခန့် နားထောင်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ခန်းမတွင်း နောက်ဆုံးမှာ မျက်နှာငယ်ဖြင့်ထိုင်ရင်း စကားပြောခွင့်မရတဲ့ ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌသာ မက အမျိုးသားလွှတ်တော် ဥက္ကဌတို့နဲ့ပါ တွေ့ဆုံပြီး နားမလည်သေးတာတွေ ကို မေးမြန်းဆွေးနွေးခဲ့ကြောင်းနဲ့ ဥက္ကဌများကလည်း သေချာ ရှင်းလင်း သင်ကြားပြသခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲဝင်ရင် ဘာမှလုပ်ပိုင်ခွင့်မရှိတာကြေင့် လွှတ်တော်ထဲသို့ သွားခြင်းဟာ ပြည်သူတွေကို လှည့်စားခြင်း၊ ခရီးမပေါက်တဲ့ အလုပ်ကို လုပ်ခြင်းဖြစ်ကြောင်းကို ဗွီအိုအေ သတင်းဌာန မှ တဆင့် တကမ္ဘာလုံးကို ပြောခဲ့ဖူးသူ ဖြစ်ပြီး၊ လူရွှင်တော် ဇာဂနာ ကလည်း လွှတ်တော်အမတ်တွေက အိုင်ကျူ ၅၀ သာ ရှိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အမတ်ဖြစ်ရေး အသည်းအသန် ကြိုးစားနေပြီး အမတ်မဖြစ်ခင်ကတည်းက လွှတ်တော်ထဲမှာ နားထောင်ဖို့ ခွင့်တောင်းနေတာကို တွေ့နေရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဘီဘီစီ၊ ဗွီအိုအေတို့နဲ့ အမြဲ ဆက်သွယ်နေပြီး ပြည်ပသတင်းဌာန တွေမှတဆင့် ပြောချင်တာ ပြောနေခဲ့တာ နှစ်ပေါင်း အတော်ကြာ ခဲ့ပေမယ့် ဒီနေ့တော့ အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား ဌာနသို့ အားကိုးတကြီး သွားရောက်ပြီး အသံသွင်းခဲ့ကြောင်းလည်း သိရပါတယ်။

Myanmar Express

5 comments:

Who allow her to sit in parliament?

Yes, all of your fathers!!!

မညုနောက်တတန်းကျော်ပီးရင် နံရံကြီးပဲရှိတော့တယ် :(

ဟဟဟ... ဒေါ်ညု သေပျော်သွားလောက်ပြီ.. ဟားဟားဟား

Anonymous all are your mother's husbands."အရင်းမစိုက် စုနောက်လိုက် ငွေတစ်သောင်းကိုပိုက်"

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်