Subscribe to our RSS Feed

သူဌေးပါတီ NLD

From : ပင်တိုင်ဆောင်းပါးရှင် မင်းခေါင်

လက်ရှိကြားဖြတ်ရွေးကောက်ပွဲကာလမှာ စည်းရုံးရေးလှုပ်ရှားမှု လုပ်နေတဲ့ နိုင်ငံရေးပါတီတွေထဲမှာ NLD ပါတီဟာ ငွေကြေးသုံးစွဲမှုအများဆုံးပါတီအဖြစ်ရပ်တည်နေပါတယ်။ NLD ပါတီရံပုံငွေရရှိဖို့ ဈေးရောင်း နေတယ်ဆိုတဲ့စကားဟာ" မွဲချင်ရောင်ဆောင်နေတဲ့ ဒေါင်းဖြစ်ကြောင်း"လှည်းကူးမြို့နယ်မှာ စည်းရုံးရေး ခရီးစဉ်သုံးစွဲငွေ ကျပ်သိန်း (၂၃၀)က ပြသနေပါတယ်။


အဲဒီခရီးစဉ်မှာ ပြည်သူတွေအန်တီစုကို ချစ်ကြောင်းပြသနိုင်ဖို့ ငွေခင်းပြီး စည်းရုံးခဲ့ပါတယ်။အန်တီစု ကိုချစ်လို့ လူပေါင်းတစ်သိန်းကျော် ကြိုဆိုကြပြီး ယာဉ်တန်းနှင့်အတူ လိုက်ပါလာတဲ့ ဆိုင်ကယ်တွေကြောင့် အန်တီစု အသက်ရှုကြပ်ရကြောင်း ကြွားနိုင်ဖို့ ဒီလိုငွေတွေအကုန်ခံပြီး ပြည်သူ့အချစ်ကိုခံယူခဲ့ပါတယ်။ ရပ်ကြည့်အားပေးကြတဲ့လူတွေဟာ "စု နိုင်မှ ချမ်းသာမယ်" "နိုင်ငံ့တန်ဖိုးမြှင့်တင်ဖို့ဒေါင်းအလံကိုလွှင့်ကြစို့" "အန်တီစု ကျန်းမာပါစေ" အော်ယုံနဲ့ ငွေကျပ် ငါးထောင်၊ နဖူးစည်းတစ်စ၊ ဒေါင်းတံဆိပ် ရင်ထိုးတစ်ခု ရရှိ ပါတယ်။ ဆိုင်ကယ်နဲ့ လိုက်လံပို့ဆောင်ပေးသူတွေကတော့ ငွေကျပ် တစ်သောင်း၊ ထမင်းစရိတ် သုံးထောင်၊ NLD တီရှပ်တစ်ထည်၊ နဖူးစည်းတစ်စ၊ ဒေါင်းတံဆိပ်ရင်ထိုးတစ်ခုနဲ့ ဆိုင်ကယ်စတစ်ကာ တစ်စုံရရှိပါတယ်။ NLDပါတီက ဆိုင်ကယ်မရှိဘဲလိုက်ပါပို့ဆောင်ပေးချင်သူတွေအတွက် ဆိုင်ကယ်ငှားရမ်းပေးပြီး ၀န်ဆောင်မှု ပေးခဲ့ပါတယ်။ အဲဒီငွေကြေးပေးဝေမှုကို မြို့နယ်မျက်နှာဖုံးတွေက ပေးတယ်လို့ သတင်းလွှင့်ထားပေမဲ့ NLDပါတီအဖွဲ့ဝင်ကိုယ်တိုင်ပေးဝေနေပြီး နှစ်ကြော့ပြန်တန်းစီသူတွေနဲ့ ပေးဝေသူကြား ရန်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဆိုင်ကယ်ကိုယ်ပိုင်ရှိသူတွေအတွက် လိုက်ပါပို့ဆောင်ခနဲ့ ဆိုင်ကယ်ငှားရမ်းခ ရရှိခဲ့ပေမဲ့ ဆိုင်ကယ် အငှားပေးသူတွေ ဆိုင်ကယ်ပျောက်ဆုံးမှုလည်း ရှိခဲ့ပါတယ်။ အန်တီစုနဲ့ပါတီဝင်တွေ စွမ်းစွမ်း တမံစည်းရုံးမှုကြောင့် "အရင်းမစိုက် စုနောက်လိုက် ငွေတစ်သောင်းကိုပိုက်" ဆိုတဲ့ စာချိုးတွေ လှည်းကူး မြို့နယ်တ၀ိုက် ပျံ့နှံ့ခဲ့ပါတယ်။

အရင်းမစိုက် စုနောက်လိုက် ငွေတစ်သောင်းကိုပိုက်

အန်တီစုဟာ ပြည်သူတွေအတွက်လုပ်မယ်ဆိုပြီးကြွေးကြော်နေပေမဲ့မီးဘေးဒုက္ခသည် ပြည်သူတွေ ကိုတော့ လေနဲ့ထောက်ပံ့ပေးပြီး မိမိပါတီ အာဏာရရှိရေးအတွက် လက်မရွံနောက်မတွန့်ဘဲ တစ်ရက်ထဲနဲ့ ငွေကျပ်သိန်း(၂၃၀)ကျော်ကိုသုံးစွဲခဲ့ပါတယ်။မီးဘေးကယ်ဆယ်ရေးကာလတွေမှာရံပုံငွေအတွက်ဈေးရောင်း နေရတယ်ဆိုပြီး ညည်းတွားခဲ့ပေမဲ့ စည်းရုံးရေးကာလ သုံးစွဲတဲ့ငွေကြေးပမာဏဟာ NLD ပါတီ ဒိုင်လျှို နေကြောင်း ထောက်ပြနေပါတယ်။

Myanmar Express

5 comments:

သတ်ပစ်လိုက် ကြစို့။ နောက်က နေအား ပေးချင် ယောက် ဆောင်ပြီး ဗုံးခွဲ လိုက်ချင်ပြီ ။။

Election committee, what are you doing now? Is it true? Is it legal?

အေနော်.. သူတို့ အဖွဲ့ကိုကျတော့ မျက်စိနောက်ပီး ဗုံးခွဲမဲ့သူ မ၇ှိကြတာ စဉ်းစားစရာ တခု ဖြစ်နေတယ်... သူတို့တွေ ထောင်ထဲမှာ ၇ှိစဉ်အခါကဆို အပြင်မှာ၇ှိနေတဲ့ အနားပြာတွေက ဟိုမှာ ဗုံးထောင်လိုက် ခွဲလိုက်နဲ့ မကြာမကြာ တွေ့နေရတယ်..အခုတော့ ..ဘာဆို ဘာမှ့ မဖြစ်ကြပါလားးး.. ထင်၇ှားသွားတာ တစ်ခုက အ၇င်က ဗုံးခွဲတဲ့ အဖွဲ့စည်းက မစုရဲ့ အဖွဲ့စည်းပဲ ဆိုတာ လယ်ပြင်မှာ ဆင်သွားနေသလို သိသာထင်၇ှား နေပါပီးးးးးး

Aung Naing Thu, Khay ma thar

NLD တွေများနေပြီ သူ့တို့ဖြစ်တာကိုပဲဇွတ်လုပ်မယ် ကျန်တာဖြစ်ချင်ရာဖြစ် ဆိုတဲ့သဘောပဲ ဒါကြောင် NLD မဲပေးမိရင် ငါးပါးမဟုတ်ဘူး အကုန်မှောက်မှာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်