Subscribe to our RSS Feed

လက်နက်ကိုင်သောင်းကျန်းသူအား အပြုတ်တိုက်ခြင်းသာ နည်းလမ်းမှန်ဖြစ်ကြောင်း ပြင်သစ် သက်သေပြ

From :voa



ပြင်သစ်တပ်တွေဟာ Kidal မြို့ လေဆိပ်ကို သိမ်းယူလိုက်ပါပြီ။ မနှစ်တုန်းကတည်းက မာလီ မြောက်ပိုင်းကို အစ္စလာမ်မစ်သူပုန်တွေ သိမ်းပိုက်ထားရာမှာ သူပုန်တွေဘက်က လက်လွှတ်လိုက်ရတဲ့ အဓိကကျတဲ့ နောက်ဆုံး နယ်မြေဖြစ်ပါတယ်။

သူတို့တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကို တညလုံး သိမ်းယူထားခဲ့တယ်လို့ ပြင်သစ်တပ်က ပြောပါ တယ်။ Kidal ဒေသ လွှတ်တော်ရဲ့ အကြီးအကဲ Haminy Maiga ကတော့ တပ်ဖွဲ့တွေဟာ လေ ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ရောက်ရှိလာပြီး သူတို့ရောက်ရှိလာချိန်မှာတော့ ဘာမှ အခုအခံ ရင်မဆိုင်ရဘူးလို့ ပြောပါတယ်။

ဘာသာရေးကို အခြေခံမထားတဲ့ Tuareg သူပုန်အဖွဲ့ MNLA ကတော့ သူတို့အနေနဲ့ Kidal မြို့ကို အစ္စလာမ်မစ်သူပုန်တွေ  လက်ထဲက သိမ်းယူနိုင်ခဲ့ပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာထား ပါတယ်။ MNLA တပ်တွေဟာ မြို့ပတ်ပတ်လည်မှာရှိနေပြီး အစ္စလာမ်မစ်သူပုန်တွေကတော့ အနီးအနား ကျေးရွာတွေကို ရှောင်ပြေးနေတယ်လို့ Maiga က ပြောပါတယ်။

ဒီ အတောအတွင်းမှာပဲ Timbuktu မြို့မှာရှိတဲ့ ရှေးဟောင်း ပေပုရပိုဒ်တွေ အတော်များများ လုံလုံခြုံခြုံရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အစောပိုင်းတုန်းက အဲဒီမြို့ကို သူပုန်တွေ သိမ်းထားစဉ်က ပေပုရပိုဒ်အတော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။


 www.MyanmarExpress.net

2 comments:

အဖွဲ့ဝင်ကျောင်းသားအချင်းချင်းတောင် နည်းပေါင်းစုံနဲ့ တရိစ္ဆန်လို ၇က်၇က်စက်စက် နှိပ်စက်သတ်ဖြတ်တဲ့ ABSDFသူပုန်တွေ၇ဲ့ဌာနချုပ်ကို တပ်မတော်ကသိမ်းပိုက်လိုက်တာအသင့်လျော်ဆုံးပါဘဲ

ကျောင်းသားတပ်မတော်ဆိုပီး တပ်မတော်ဆိုတဲ့နာမည်ကို သူတို့အဖွဲ့နာမည်ထဲမှာ မတန်မ၇ာထဲ့သုံးထားတဲ့ အောက်တန်းစားကျောင်းသားသူပုန် ABSDFတွေ အခုလို ခွေးပြေးဝက်ပြေးပြေး၇အောင် တပ်မတော်ကပညာပေးသင့်တာကြာပါပီ

နိုင်ငံတော်လူကြီးတွေအနေနဲ့ အောက်တန်းစား ABSDFသူပုန်တွေနဲ့ ငြိမ်းချမ်းေ၇း မဆွေးနွေးသင့်ပါဘူး

ဒေါ်စုကြည်ကမြန်မာလူမျိုးတွေကိုသူမွေးထားတဲ့ခွေးလောက်တောင်စောက်သုံးမကျဟုပြောကြား
"My dog is honest. If only people could be more clear about their intentions like my dog we could get to peace sooner."
Aung San Suu Kyi (Honolulu, East-West Center)

စုကြည်သွားလေရာမှုတ်ပေးဘို့တကောက်ကောက်ခေါ်သွားတဲ့ဇေယျာသော်ခွေးကိုပြောခြင်းဖြစ်ပါကြောင်း ငိငိငိ

ဇေယျာသော်သည်စုကြည်လက်သပ်မွေးထားတဲ့အမှုတ်ကောင်းတဲ့ခွေးကလေး
သန်းထွဋ်အောင်တောင်ဇေယျာသော်ကိုမနာလိုဖြစ်နေဘီ ခွိခွိခွီး
အဟက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်