Subscribe to our RSS Feed

ရှေ့ကဖုံး နောက်က ဟောင်းလောင်း

တစ်ဖက်မှာတော့ ဟုတ်တိပတ်တိနဲ့ ခေါင်းစဉ်အကြီးကြီးတွေ တပ်ပြီး အခမ်းအနားတွေလုပ်နေပေမယ့် တစ်ဖက်မှာ ဖျက်သိမ်းရတော့မယ့်အခြေအနေကိုရောက်နေတဲ့ NLD ။ ခေါင်းကိုအလှဆင်နေပြီး နောက်ကတော့ထုံးစံအတိုင်း ဟောင်းလောင်းကြီးဖြစ်နေတဲ့ ဒေါင်းအိုကြီး (သို့မဟုတ်) NLD ။


၁၉၉၀ ပြည့်နှစ် ရွေးကာက်ပွဲ အောင်ပွဲ အထိမ်းအမှတ်အခမ်းအနား ကျင်းပ



ဖျက်သိမ်းပေးပါ NLD

for NLD


( ဟ ဘယ်လိုဖြစ်ရတာတုန်းဟ အပေါ်မှာတော့ ဟုတ်တိပတ်တိနဲ့ ရွေးကောက်ပွဲ အောင်ပွဲ အခမ်းအနားတွေဘာတွေ ကျင်းပနေပြီးမှ အောက်မှာတောာ့ သောက်ကျိုးနဲကုန်ပြီ NLD ဆိုတာ ဘာကြီးတုန်း )

NLD-LA (Malaysia) ၏ ငွေလိမ်တောင်းမှု (အသံဖိုင်-၁)

Recording [High quality] by mgpala
ဒီနေ့ဟာ NLD ပါတီ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ နေ့ထူးနေ့မြတ်တနေ့ပါ။ ဒီလိုနေ့မျိုးမှာ NLD နာမည်ခံပြီး လုပ်စားနေသူတွေအကြောင်း ပြောရတာ အရမ်းကို ၀မ်းနည်းစရာကောင်းပါတယ်။ NLD ရဲ့ ဂုဏ်သိက္ခာလည်း အနည်းနဲ့အများ ထိခိုက်ကျဆင်းနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အစဉ်တစိုက် လေးစားလက်ခံလာခဲ့ပြီး NLD ပါတီဝင် မဟုတ်တာတောင်မှ ဒေါ်စုနဲ့ပတ်သတ်လာရင် ဆတ်ဆတ်ထိမခံ ပြန်ပြောလေ့ရှိခဲ့တဲ့ ပြည်သူတယောက်အနေနဲ့ ထင်မြင်မိပါတယ်။

ဒီလိုသာ ပါတီထဲက နိုင်ငံရေးသမားအယောင်ဆောင်တွေ၊ ပါတီအလံအောက်မှာ ကိုယ်ကျိုးစီးပွားရှာနေသူတွေ၊ သူခိုး၊ ဓားပြ၊ လူယုတ်မာစိတ်ဓာတ်နဲ့ နိုင်ငံရေးလုပ်စားနေသူတွေကို NLD ပြည်တွင်းနဲ့ NLD-LA မှ သက်ဆိုင်ရာလူကြီးမင်းများက ထိထိရောက်ရောက် အရေးယူဟန့်တားမှုမပြုဘဲ အားပေးအားမြှောက်ပြု သက်ဇိုးပေးရှည်နေမယ်ဆိုရင် NLD ပါတီ အာဏာရလာရင်တောင် လက်ရှိနအဖစစ်အစိုးရထက် နှစ်ဆပိုဆိုးနေမလားရယ်လို့ ၀မ်းနည်းစွာ သံသယဖြစ်မိကြောင်းပါ။

မောင်ပါလ


ဒါလားဟဲ့..... နိုင်ငံရေးသမားဆိုသူရဲ့ ရဲဘော်ရဲဖက်စိတ်ဓာတ်



အဖမ်းခံရသူကိုချစ်အေးနှင့် အဖမ်းခံရသူများအား မသမာသူလူတစုဟု ယိုးစွပ်သူ NLD-LA (Malaysia) မှ ကျော်ကျော်တို့သည် ဓာတ်ပုံပါအတိုင်း လက်တွဲလုပ်ခဲ့ကြသူများဖြစ်သည်။

ယခင်က NLD-LA (Malaysia) မှ ကျော်ကျော်နှင့်အဖွဲ့ NLD-LA ဗဟို (ထိုင်း) သို့ အစည်းအဝေးတက်ရန်အတွက် ကိုချစ်အေးမှ အများဆုံး တာဝန်ယူဆောင်ရွက်ပေးခဲ့သူဖြစ်သည်။ ကိုချစ်အေးအဖမ်းခံရချိန်တွင် သူ၏ဇနီးသည်မှာ ၄-နှစ်အရွယ် သမီးငယ်တဦးနှင့် ၁၀-လသားအရွယ် လူမမယ်ကလေးငယ်တဦးနှင့်အတူ အပြင်၌ ကျန်ရစ်ခဲ့သည်။

လုပ်ဖော်ကိုင်ဖက်များအချင်းချင်း ယခုကဲ့သို့ ချောက်တွန်းယိုးစွပ်ရက်သည့် ကျော်ကျော်၏အမူအကျင့်နှင့် နိုင်ငံရေးသိက္ခာကို NLD-LA ဗဟိုမှ လူကြီးမင်းများနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန် ဖော်ပြပေးခြင်းဖြစ်သည်။


ပြည်တွင်း ပြည်ပ မြန်မာအသိုင်းအ၀ိုင်းအားလုံးသို့

လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
NLD-Youth (L.A Malaysia) အား မလေးရှားလ၀ကမှ မတရားအမှုဆင် ဖမ်းဆီးသွားသည့်ကိစ္စအား ကျနော်တို့မလေးရှားရှိ လူငယ်များ၊ အဖွဲ့အစည်းများမှ မိမိတို့တတ်နိုင်သည့်ဖက်မှ လိုက်လံစုံစမ်းဆောင်ရွက်နေပါသည်။ နီးစပ်ရာ NGOs များထံသို့လည်း မတရားအမှုဆင် ဖမ်းဆီးခံရသူများ အမြန်ဆုံးလွတ်မြောက်အောင် လိုက်လံဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံထားပြီးဖြစ်ပါသည်။

အမှန်ကိုဆိုရပါသော် ဖမ်းဆီးခံရသူများလွတ်မြောက်ရေးမှာ UNHCR-Malaysia တွင် အများဆုံးတာဝန်ရှိပါသည်။ အဖမ်းခံရသူအများစုမှာ UNHCR-Malaysia မှတ်ပုံတင်ကဒ် ရရှိထားပြီးသူများဖြစ်ပါသည်။ UNHCR-Malaysia သည် မြန်မာလူမျိုးတို့၏ အရေးကိစ္စအား များသောအားဖြင့် လျစ်လျူရှုတတ်သည်ကို ကျနော်တို့၏အတွေ့အကြုံများအရ သိရှိနားလည်ထားပါသည်။

သို့ဖြစ်ပါ၍ ပြည်တွင်းနှင့် နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ မတရားအမှုဆင် ဖမ်းဆီးခံရသူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန်အတွက် အောက်ပါအချက်အလက်ပါစာကို UNHCR-Malaysia သို့ လိပ်မူပေးပို့ခြင်းဖြင့်လည်းကောင်း၊ နီးစပ်ရာ NGOs များမှတဆင့်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် ကျနော်တို့ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစု မှ အဖမ်းခံရသူများကိုယ်စား အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအချင်းချင်း အယူဝါဒမတူညီလို့ အပြင်မှာ လက်သီးချင်းယှဉ်ထိုးရပါစေ။ တကယ့်တကယ် အရေးကြုံ အခက်အခဲတွေ့လာတဲ့အခါမှာ တယောက်ကိုတယောက် ၀ိုင်းဝန်းကူညီကြခြင်းဟာ နိုင်ငံရေးသမားကောင်းတွေရဲ့ စိတ်ဓာတ်ပါ။



NLD ဝင်အားလုံးရဲ့ ခေါင်းပေါ်က နောက်ပိုင်း ဟောင်းလောင်းနဲ့ တိရစ္ဆာန် ဒေါင်း

1 comments:

အော် ...နောက်ဆုံးတော့လည်း ခွေးနေရာမရ ...ခွေးတွေ ဝေစုမတည့်...ခွေးတွေခွေးလေခွေးလွင့်ဖြစ်တာ
ဘယ်သူတွေများလိမ့်..................

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်