မစ်အဲရစ် တစ်ယောက် အကျယ်ချုပ်လွတ်တာ ၇ လကျော်လို့ ၈ လထဲတောင် ရောက်ပေါ့ ။ မလွတ်ခင်က လွှတ်ပါ လွှတ်ပါ လို့အော်နေတဲ့ သူတွေက တစ်ပုံတစ်ပင် ။ အခု လွတ်လာတော့လည်း ဘာမှမထူးပေ ။ သူ့ရဲ့ သိသိသာသာ လုပ်ဆောင်ချက်တွေကတော့ ဈေးရောင်းလိုက် ငွေတိုးချေးလိုက် ပြည်ပ မီဒီယာများမှတစ်ဆင့် ဟိုလူ့ကို ဝေဖန်လိုက် ဟိုအဖွဲ့ကို အားပေးလိုက် နဲ့ပဲ ဆုတွေက ရပြီးရင်းကို ရနေတာပဲ ။ ငွေတိုးချေးတာ ဒီမိုကရေစီအတွက်ဆိုရင်တော့ ကျွန်တော်တို့ လမ်းထိပ်က ငွေတိုးချေးစားတဲ့ အဒေါ်ကြီးကိုလည်း အတိုက်ခံများအနေနဲ့ ဆုတွေပေးသင့်တယ်ထင်ပါ့ ။ ဈေးရောင်းတာ နိုင်ငံကောင်းစားရေးဆိုရင်တော့ ဈေးထဲမှ ဈေးသည်များ ကိုလည်း တံဆိပ်တွေ ဂုဏ်ထူးတွေ ပေးသင့်တယ်ထင်ပါ့ ။
အိုမင်းဆွေးမြေ့မှုများနဲ့ တည်ထောင်ထားတဲ့ ပါတီကြီးအတွင်းမှာလည်း ရှေ့မမီ ၊ နောက်မမြင် ခေါင်းဖြူစွယ်ကျိုးများ ကတုန်ကယင်နဲ့ ဒုတ်ကောက်ပါမှ လမ်းလျှောက်နိုင်သူများရဲ့ သူငယ်ပြန်လုနီးနီး အတွေးအခေါ်များနှင့် ဖွဲ့စည်းထားရုံမက ပါတီရုံးရဲ့ အသုံးအဆောင်ဆိုလို့လည်း နိုင်ငံရေး ဒီမိုကရေစီအရေးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများအစား နေ့စဉ်ချက်ပြုတ်စားသောက်နေတဲ့ အိုးကြီးအိုးငယ် အသွယ်သွယ်နှင့်တစ်ကွ ဝေါရှိ ခပ်စုတ်စုတ်များနှင့် တန်ဆာ ဆင်လေတော့ အော် ဒီလူနှင့် ဒီရုံး ပုလဲနံသင့်ပေစွ လိုက်ဖက်ပေစွ လို့ပေ ပြောရတော့မည် ။
ဒီပါတီကြီးက ဒီလိုဖြစ်နေတာတောင် ထောက်ခံတဲ့သူတွေ တစ်ပုံတစ်ပင်လို့ ပြောရင် အံ့သြသွားမလား ။ မအံ့သြနဲ့ ဘယ်လိုလူတွေထောက်ခံသလဲဆိုတာ ကြည့်ကြည့်ပါအုံး ။ မြန်မာ့ဒီမိုအရေးစီအရေးအတွက်ဆိုပြီး အသည်းအသန် ထောက်ခံနေသူတွေကတော့ အများစုကတော့ မြန်မာနိုင်ငံက မဟုတ်ကြပါဘူး ။ အဲလိုပြောလို့ ဒီပါတီက ပြည်ပမှာတောင် တရားဝင်ပါတီခွဲတွေတည်ထောင်နိုင်တဲ့ အထိ အောင်မြင်နေတယ်လို့ ထင်သွားအုံးမယ် ။ အဲလိုတွေးလိုက်တယ်ဆိုရင်တော့ အဲအတွေးတွေကို ခပ်မြန်မြန်လေးမောင်ထုပ်လိုက်ပါအုံး ။ ဘာလို့လည်းဆိုတော့ အဲပါတီက ပြည်ပ တရားဝင်ပါတီခွဲ ထောင်ဖို့နေနေသာသာ ပြည်တွင်းမှာတောင် တရားဝင်ပါတီမဟုတ်တဲ့အပြင် ဘုရားစူး ပါတီရုံးလို့ပြောရမယ့် ယိုင်နဲ့နဲ့ အဆောင်အအုံလေးနဲ့ ဘုရားစူးပါတီဖြစ်နေတာပေါ့ ။ မျက်စိလည်သွားပြီလား ။
ဒါကဒီလိုရှိတယ်ပေါ့ဗျာ ။ အဲလိုပါတီကို သူတို့က ဘာလို့ထောက်ခံလည်း ဆိုတော့ ထောက်ခံနေတဲ့သူတွေကလည်း အားလုံးလိုလိုက နိုင်ငံငံတောင် ကိုယ်မပြန်နိုင်တဲ့ ပြည်ပြေးတွေ ပေါ့။
တစ်ချို့တွေဆို မြန်မာနိုင်ငံသားတောင် မဟုတ်တော့ဘူးဆိုပဲ ။သူတို့ဘာလုပ်လည်းဆိုတော့ မစ်အဲရစ် ကိုထောက်ခံမယ် လက်ရှိအစိုးရ ဘာလုပ်လုပ် မကောင်းပြောမယ် အွန်လိုင်းပေါ်မှာ အချင်းချင်း ပြောသမျှ (ဟုတ်တာရော မဟုတ်တာရော ၊ မဟုတ်တာက ပိုများပါတယ်) အားရပါးရထောက်ခံမယ် ၊ သူတို့နဲ့ နည်းနည်းလေးဆန့်ကျင်တာနဲ့ ၀ိုင်းဝန်းအမဲဖြတ်မယ်ပေါ့ ။ ဒါက မစ်အဲရစ်ကို ထောက်ခံနေသူ အများစုရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေပေါ့ ။ တစ်ခုထူးဆန်းတာတော့ရှိတာပေါ့ မြန်မာပြည်ရဲ့ လမ်းမပေါ်မှာ အမြင်မတော်တဲ့ အမှိုက်လေးတစ်စတောင် မကောက်ဘူးတဲ့ သူတို့တွေကတော့ မြန်မာပြည်ကောင်းစားရေး ၊ ဒီမိုကရေစီအရေးဆိုပြီးလည်း အမြဲလိုလို ပြောနေကြလေရဲ့ ။ သူတို့ကတော့ မြန်မာနိုင်ငံမှာ ဘာပဲဖြစ်ဖြစ်အစိုးရမကောင်းလို့ပဲ ။ စီးပွားရေး ၊ လူမှုရေး ပညာ ရေး … နောက်ဆုံးဗျာ အိမ်ကနွားမကြီး ခွာနာလျှာနာဖြစ်ရင်တောင် အစိုးရအကောင်းလို့ လို့ပြောတာပဲလေ ။
ပညာရေးမကောင်းဘူးလို့ ပြောနေတဲ့သူတွေကိုလည်း ကြည့်ပါအုံးဗျာ ။ မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ၀င်တန်းအဆင့်တောင် မအောင်တဲ့သူက မအောင် ။ အောင်တဲ့သူကျတော့ရော top 10 မပြောနဲ့ တော့ပ် တစ်သောင်း ထဲတောင်မ၀င်ခဲ့တဲ့ သူတွေ ။ သူတို့ကိုယ်တိုင် မြန်မာနိုင်ငံ ပညာရေးထဲမှာ ဘယ်လောက်ထိ ကြိုးစားပန်းစား အားကုတ်အားခဲ လုပ်ဆောင်ခဲ့လည်းဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်အသိဆုံးပါ ။ မိုးပျံနေအောင် တော်ပြီး ဘီလ်ဂိတ် ကို ခေါင်းခေါက်လို့ရလောက်အောင် တော်နေပြီး အစိုးရက ပိတ်ပင်လို့ အစိုးရပညာရေးကြောင့် သူတော်သလောက် မဖြစ်ဘူးဆိုရင်တော့ တစ်မျိုးပေါ့ ။ အခုတော့ကြည့်ပါအုံးဗျာ … ကိုယ်တိုင်ကလည်း ဖွတ်ကျား အရည်အချင်းကလည်း နတ္ထိ ။ ပညာရေးမကောင်းတာလား ၊ ကိုယ်တိုင်က ပညာမတတ်တာလားဆိုတာတော့ ကျွန်တော်လည်း မတွေးချင်တော့ပါဘူး ။ အဲလိုလူမျိုးတွေက လူကြားကောင်းအောင် သူတို့ကိုယ်သူတို့ နာမည်လေးတော့ ပေးထားသေးတယ် ။ဘာတဲ့ ။ အစိုးရ အတိုက်ခံ ဆိုလား ။။။ အမှန်တော့ ကိုယ့်နိုင်ငံမကောင်းကြောင်းပြောပြီး စားသောက်နေတဲ့ သူတောင်းစားအကြီးစားတွေပါပဲဗျာ ။ အပြင်က သူတောင်းစားက သူခန္ဒာကိုယ် ချို့ယွင်းချက်လေးပြပြီး ခွက်လေးနဲ့တောင်းစားတယ် ။ သူတို့တွေကတော့ နိုင်ငံ ချို့ယွင်းချက် အားနည်းချက်တွေကို မရမက ရှာဖွေပြီး မီဒီယာနဲ့တောင်းစားတယ် ။ ပုံစံလေးပဲနည်းနည်းကွာတာပါ ။ လုပ်စားပုံချင်းကတော့တူတူပါပဲ ။
ကဲ …. ဆက်ပြောရင် ဆက်ရှည်နေမှာဆိုးလို့ နောက်မှပဲ ဆက်ပြောတော့မယ်နော့ ။
(အတိုက်ခံတို့ရဲ့ …. ရောင်းရင်းဟောင်းကြီးနေနက်)

8 comments:
kyaw zin
အေးဗျာ အခုလဲ မွေးနေ့အတွက်ဆိုပီး အေ၇မရ အဖတ် မရတွေလုပ်နေတယ် မွေးနေ့လုပ်ရတဲ့ရည်
ရွှယ်ချက်က ကိုယ့်ကို မွေးလာတဲ့ မိဘနှစ်ပါး ရဲ့ကျေးဇူး
တော်တွေကို အောက့်မေ့ဖို့နဲ့ ကိုယ်အသက်တနှစ်ကြီး
လာပီ သေဖို့နီးလာပီ လောကကြီးအတွက် ဘာကောင်းမူ့တွေ လုပ်ခဲ့ပီးပီလဲဆိုတာ ပြန်သတိရစေဖို့ ဆိုတာ ဒေါ်စုအနေနဲ့မသိတာလား တော့မသိဖူး သူ့မွေးနေ့ပွဲကို သ၀ဏ်လွာပါးရတာနဲ့ ဘာနဲ့ ဘာတွေမှန်းကိုမသိတော့ပါဘူးဗျာ အရှက်တရားကို နည်းနည်းမှမရှိတော့ဖူး ဒေါ်စုမွေးနေ့ဆိုပြီး အစိုးရ ရုံးပိတ်ရက်လုပ်ပေးရမလိုတောင်ဖြစ်နေပီ အော်ထူးဆန်းလိုက်တာ
ထောက်ခံပါတယ် ထောက်ခံပါတယ်
ကျော်ဇင်
အေးဗျာ ဒေါ်စုကတော့ အခုလဲ သူ့မွေးနေ့ဆိုပီး အရည်မရ အဖတ်မရတွေလုပ်နေတယ် မွေးနေ့ဆိုတာ
မိမိမွေးဖွားပေးတဲ့ မိဘတွေရဲ့ကျေးဇူးတော်ကို သတိရစေဖို့
နဲ့ မိမိသေဖို့တနှစ်နီးလာပီ လောကကြီးအတွက်ဘာအကျိုးပြုပီးပီလဲဆိုတာ သတိရစေဖို့ ဆိုတာ ဒေါ်စုအနေနဲ့မသိတာလားတော့မသိဖူး မျက်နှာပြောင်ပီး သ၀ဏ်လွာ တွေပါးရတာနဲ့ ဘာနဲ့ကြီးကြီးကျယ်ကျယ်လုပ်နေတယ် အရှက်ကိုမရှိကြဖူး မျိုးချစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီးရဲ့မျိုးဆက်ကို မျိုးမစစ်အောင်လုပ် ပီး နိုင်ငံတော်အတွက် နှစ်ပေါင်းများစွာ အမှိုက်ကြီး ဖြစ်အောင် တိုင်းတပါးတွေနဲ့ ပူးပေါင်းကြံစည်နေတာတွေကို လဲအခုချိန်ထိသံဝေဂမရနိုင်သေးဖူး ငါတို့ကတော့ ဒေါ်စုဆိုရင် မျက်နှာမြင်ရင်တောင် တံတွေးနဲ့ပြေးထွေးပလိုက်ချင်လောက်အောင်ရွှံတယ် ဗျာ
မှန်တယ်ဗျာ...ကောင်း၏
ကောင်းတယ်ဗျာ.. ကောင်းတယ်.. ထောက်ခံပါတယ်..မင်းအမေ ကို ချရတာ မင်းညီမထက်ကောင်းတယ်.. (ကိုယ်ဘာသာချ ကိုယ်ဘာသာကိုယ် ချီးကျူးသွားသည်။) ဘယ်သူသိတာမှတ်လို့ 
ငါရေးတာမဟုတ်ဘူးနော် ဒါပေမဲ့ လုံးဝထောက်ခံတယ် သတင်းဆိုတာ အဲလိုအတိကျလေးတွေ ရေးမှ စာဖက်ရတာ အရသာရှိတာ ဟဲဟဲ
မြန်မာပြည်က ပညာရေးမကောင်းဘူး နိမ့်ကျတယ်လို့ပြောတဲ့သူတွေကို စမ်းစစ်မေးခွန်းလေးတစ်ခုလောက်မေးလိုက်ချင်ပါရဲ့။ကိုယ့်ကိုယ်ကို သိပ်တော်လှချည်ထင်မနေပါနဲ့။မြန်မာပြည်ကသင်ခဲ့ပေးလိုက်လို့ တိုင်းတစ်ပါးမှာ အခြေခံကစလို့ လူတောတိုးနိုင်တာကို ကိုယ့်နိုင်ငံကို သိက္ခာချချင်နေကြသေးတယ်။
ထိုင်းနယ်စပ်မှာတစ်ခုမှာ မိုးသီးဆိုတဲ့ကောင်က လေကြီးလေကျယ်နဲ့ပညာရေးအကြောင်းပြောနေတာ ကျုပ်ဖြင့်တော်တော်ရီရတယ်။ကိုယ်တိုင်ရော ဘာဘွဲ့တွေနဲ့ကျောင်းပြီးနေလို့လဲ ကိုယ်တိုင်ရော ပညာရေးမှာ ဘယ်လောက်ထူးချွန်နေလို့လဲ။ကျောင်းဆရာတွေက ပညာရေးအကြောင်းပြောရင် လက်ခံလို့ရပါသေးတယ်။အခုတော့ ကိုယ်တိုင်တောင်မှ ၁၀တန်းကို ထူးချွန်အောင်ခဲ့တာမဟုတ်ပဲ မြန်မာပြည်က ပညာရေးက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။
tot kyi a may ko 5 min suay ka loe tuar loe tal
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်