Subscribe to our RSS Feed

ရာဇ၀င်ထဲမှာ စုကိုထားခဲ့

“ခေတ်ရှေ့ပြေးနေတဲ့ စိတ်ကူးတီထွင်မှုမျိုးကသာ စီမံခန့်ခွဲမှုကို အောင်မြင်စေပြီး လုပ်ငန်းဖွံ့ဖြိုးမှုကို ဖြစ်စေတယ်” လို့ ဂျပန်ကားကုမ္မဏီတစ်ခုကို ထူထောင်ခဲ့တဲ့ မစ်ဆူဘစ်ရှီ ကပြောခဲ့တယ်လို့ သူ့အကြောင်းရေးထားတဲ့ စာအုပ်ထဲမှာဖတ်ဘူးပါသည် ။ သေချာတွေးကြည့်ရင်တော့ သူပြောတဲ့စကားကလည်း ဟုတ်နေတာပဲ ။ အမြဲတမ်းပြောင်းလဲနေတဲ့ ခေတ်ဆိုတာကို ရေစီးကြောင်းနဲ့နှိုင်းပြီးတော့တောင် ခေတ်ရေစီး ဆိုပြီးပြောနေကြတာပဲ ။ အဲလိုပြောင်းလဲနေတဲ့ ခေတ်ထဲနဲ့အတူ လူတွေနဲ့ နေထိုင်မှု ရှင်သန် ရပ်တည်မှုတွေကလဲ အမျိုးမျိုးပြောင်းလဲနေသလို အတွေးအခေါ်စိတ်ကူးတွေလဲ ထာဝစဉ်ပြောင်းလဲနေတာပါပဲ ။ ထို့အတူပဲ စနစ်တွေကလဲ ထာဝစဉ်ပြောင်းလဲမြဲပေါ့ ။ ကျွန်တော်တို့တွေက ပြောင်းလဲမှုတစ်ခုကို ကိုယ်တိုင် ပါဝင်နိုင်ခြင်းမရှိရင်တောင် လက်ခံပေးထားမှ ပြောင်းလဲမှုနဲ့ အညီ ရပ်တည်နိုင်မှာပါ့ ။ ပြောင်းလဲမှုနဲ့ အညီ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်နိုင်မှာပေါ့ ။

စဉ်ဆက်မပျက်ပြောင်းလဲနေတဲ့ လူမှုရေး ၊ နိုင်ငံရေး ၊ စီးပွားရေးတွေကို လက်မခံနိုင်သေးပဲ တစ်ချိန်က ငါတို့တွေက (သို့) တစ်ခါတုံးက ဆိုပြီး ချေးချောက်ရေနူးနေတဲ့ လူတစ်ဆုတော့ ရှိနေသေးလေရဲ့ ။ သူတို့ရဲ့ ပြောစကားတွေထဲမှာ ယခု ၂၀၁၁ ရောက်နေတာတောင် ၉၀ ရလဒ်ဆိုတာကို တစ်ဖွဖွပြောနေတဲ့ မြန်မာပြည်ဖွား အင်္ဂလန်မယား တစ်ယောက်နဲ့ ခေါင်းဖြူစွယ်ကျိုး လူတစ်စုပေါ့ ။ နောက်ပြီး အဲဒီ အဖိုးအဖွား တစ်စု ကို ထာဝရထောက်ခံနေတဲ့ ပြည်ပက လူတစ်ချို့ပေါ့။

အဘတို့ပါတီဝင်တွေရဲ့ ပျမ်းမျှအသက်က (၉၀) ဖြစ်နေလို့
(၉၀) ကို စကားထဲမှာ ခဏခဏ ထည့်ပြောရတာပေါ့


ပါတီဝင်တွေရဲ့ ပျမ်းမျှအသက်က ၉၀ ဖြစ်တဲ့အပြင် ပါတီဝင်ဦးရေမှာလည်း ၉၀ ပဲရှိတာကြောင့်
၉၀ ကိုတော့ ကျွန်တော်တို့မေ့ထားလို့မရပါဘူး

သူတို့တွေ ထာဝရပြောနေတာကတော့ ဒီမိုကရေစီအရေး ၊ မြန်မာပြည်အရေးပေါ့ ။ တစ်ကယ်လုပ်နေတာတော့ ကိုယ့်အရေးနဲ့ကိုယ်တောင် အချင်းချင်း ခွဲတမ်းမမျှလို့ မကြာခဏ ထထပြီး ပြသနာတွေလည်းတက်သေးသပေါ့ ။ လွန်လေပြီးသောအခါက BHG ဆိုတဲ့ သူခိုးအဖွဲ့ကိုတော့ သူတို့တွေက အလွန်အင်မတန် အားပေးထောက်ခံပြီး အခု သူတို့တွေရဲ့ အတွင်းရေးတစ်ချို့ (ကိုတိမ်တမန် စကားကိုနည်းနည်းပြင်ပြောလိုက်မယ် ဓါတ်မီး ဖင်ကြားညှပ်တဲ့ ကိစ္စ ) ပေါ်လာတော့ကျတော့ နေပြည်တော်ပဲ ဗုံးကျဲမလိုလို မြန်မာနိုင်ငံပဲ ပြာဖြစ်တော့မလိုလို ။ ထပ်ပြောသေးတယ် အွန်လိုင်းရာဇ၀တ်မှုဆိုပဲ… ပြောလည်းပြောတတ်ပါ့ ။ သူတို့ဟာသူတို့ လင်ငယ်နေတဲ့ ကိစ္စကို ယန်ကီး တွေကပဲ ဗုံးကျဲပေးရအုံးမယ် ။ ဗုံးတစ်လုံး တန်ဖိုး ဘယ်လောက်ရှိလဲဆိုတာ သိရဲ့လားမသိပါဘူး ။ ဟိုတစ်လောက (နည်းနည်းတော့ကြာပါပြီ) ကျွန်တော်တို့နိုင်ငံကို စစ်ရေးအရ အရေးယူပေးဖို့ ခပ်ပေါပေါ blogger တစ်ယောက်က volt တွေ တောင်းထားတာတွေ့သေးတယ် ။ ရေးစရာ သတင်းရှားတာလား ပြောစရာ အတင်းကုန်နေလို့လားလို့ပဲ တွေးမိပါတယ် ။ စစ်ဆို ရေတောင်စစ်မသောက်ဘူးလို့ ပြောနေကျသူတွေ … ဖြစ်ခဲ့တယ်ပဲထားပါတော့ အရေးယူတယ်ပဲထားပါတော့ စစ်ရဲ့ ဒုက္ခဆိုတာ သူတို့နဲ့ နည်းနည်းမှ မသက်ဆိုင်ပဲ အဲသတင်းတွေနဲ့တောင် သူတို့ပဲ ကြီးပွားအုံးမှာပေါ့ ။ စစ် ဆိုတာကို ဘယ်လိုများတွေးထားလဲမသိပါဘူး ။ ကျွန်တော်တို့နိုင်ငံ ဒုက္ခရောက်လေ သူတို့ အိပ်ထဲ ဒေါ်လာတွေ ဖောင်းလေ ဆိုတော့ အဲလိုပေါက်ကရတွေ ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ ရှိတာပေါ့ ။ တွေးတော့ တွေးမိပါရဲ့ … သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာ အဲလိုမျိုးလား ၊ နိုင်ငံကောင်းစားရေးဆိုတာ အဲလိုလုပ်ရတာလားလို့ ။

အခုတစ်လောလည်း ဒီမိုကရေစီအရေးလို့ ပြောနေတဲ့သူတွေလုပ်နေတဲ့ အလုပ်ကတော့ မြန်မာပြည်ဖွား အင်္ဂလန်မယား အဘွားအိုတစ်ယောက်ရဲ့ ၆၆ နှစ်ပြည့်မွေးနေ့ကို အသည်းအသန်လုပ်နေကြလေရဲ့ ။ အင်မတန်နီးစပ်ပေါ့ ။ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ။ မွေးနေ့အမှတ်တရ ကဗျာတွေေ၇းလိုက် ပွဲတွေလုပ်လိုက် ။ ထုံးစံအတိုင်းအမြတ်ထုပ်ဖို့ ဈေးရောင်းပွဲတွေတောင် ပါအုံးမယ်ထင်ပါ့ ။ အင်မတန်ကြိုးစားပါတယ် ။ အင်းပေါ့ ။ အဲအန်တီကြီးကိုယ်တိုင်က အိမ်ထဲမှာ ထမင်းချက်နေတာကအစ နိုင်ငံရေးဆိုတော့ မွေးနေ့ပွဲလုပ်တာလည်း နိုင်ငံေ၇းပေါ့ ။ အဲအန်တီကြီးကတော့ ထုံးစံအတိုင်း တိုက်တွန်းလိုက် အားပေးလိုက်ပေါ့ ။ အခုလည်း တိုက်တွန်းပြန်ပြီ “နိုင်ငံ​ရေး​သမား​တွေ ရိုး​ရိုး​ကျင့်​မြင့်​မြင့်​ကြံဖို့ ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း” ဆိုပဲ ၊ တစ်ကယ်သာ အဲလိုကျင့်ကြံမယ်ဆို သူ့ပါတီမှာ အခုအချိန် လူတစ်ယောက်မှတောင် ရှိမှာ မဟုတ်ဘူးဆိုတာ တွေးမိရဲ့လားမသိပါဘူး ။


၉၀ ဆိုတာ ကိုကိုအဲရစ်နဲ့ မင်္ဂလာဆောင်တာ ၁၈ နှစ် ပြည့်တဲ့ နှစ်မို့ ဘယ်တော့မှ မမေ့သင့်ပါဘူး

အန်ဒီစုတို့ဘဝမှာ ဒီအချိန်တွေက အပျော်ဆုံးပဲ
(အဲ့ဒီတုန်းက ဖေဖေအောင်ဆန်းနဲ့ မြန်မာနိုင်ငံအကြောင်းတော့လာမပြောနဲ့ စိတ်မဝင်စား)

ခေတ်ကလည်း အတော်ပြောင်းသလို စနစ်တွေလည်း လျှင်မြန်စွာပင်ပြောင်းလဲနေပါပြီ ။ အခုဆို ၂၁ ရာစုရဲ့ အတွင်းပိုင်း ၁၀စုနှစ် တစ်ခုတောင် ကျော်ပေါ့ ။ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေလည်း ၈၈ ခုနှစ် နဲ့ အဲမတိုင်ခင်တုံးကလို ပြောတိုင်းယုံတဲ့ ပုတ်သင်ညို တွေမဟုတ်ကြတော့ဘူးလေ ။ ပြည်ပအတိုက်ခံများ အားရဂုဏ်ယူစွာ တစ်ဖွဖွ ပြောနေတဲ့ ၈၈ အခြေအနေကြောင့် ပြည်သူတွေ သိရှိခံစားမိတာကတော့ ကျောင်းတွေပိတ် ၊ အလုပ်အကိုင်ရှားပါး အစရှိတဲ့ အတိဒုက္ခတွေဆိုတော့ ၈၈ လို့ကြားလိုက်တာနဲ့ တွန့်ကနဲ ဖြစ်နေပါပြီ ။ ဒါပေမယ့်လည်း အခုအချိန်ထိ အရူးတစ်ချို့က အာရပ်ရေလှိုင်းအမှီလိုက်ဖို့ ဆိုပြီး ပေါတော့တော့ စကားလုံးတွေသုံးနေကြတုံးပါပဲ ။ ပြောတဲ့သူတွေလည်း ပြောနိုင်မပေါ့ ။ သူတို့တွေက မြန်မာနိုင်ငံမြေပေါ်ကို ခြေတစ်လက်မတောင်မ ချရတာမှမဟုတ်တာ ။ ပြည်တွင်းမှာရှိတဲ့ အတိုက်ခံတွေကျတော့လည်း တစ်ခုခုဖြစ်ပြီဆို တိုက်ခန်းကြိုတိုက်ခန်းကြားကနေ ကင်မရာစုတ်တစ်လုံးနဲ့ ချောင်းမြောင်းရိုက်ကူးလိုက် ပြိးရင် ပြည်ပမီဒီယာတွေစီရောင်းစားလိုက်နဲ့ နေပူတောင်မခံပဲ ရေသန့်ဘူးလေး ဘေးချလို့ ဒီမိုအရေးကြိုးပန်းနေကြတာကိုး ၊အဲတော့ ဆူပူမှုတွေ များများဖြစ်လေ သူတို့ တွက်ခြေကိုက်လေပေါ့ ။

နိုင်ငံရေးကို လုပ်ချင်လွန်းလို့ ကိုကိုအဲရစ် သွားလေရာလိုက်ပြီး ဟင်းချက်ပေးတယ်
(အဲ့ဒီတုန်းကတော့ မြန်မာနိုင်ငံကို သတိမရဘူး)

၉၀ ရလဒ် ဆိုတဲ့ ခေတ်ဆွေးကြီးထဲက ရုန်းမထွက်နိုင်တဲ့ အဘိုးကြီးအဘွားကြီးတစ်ခု နဲ့ သူတို့ကို အားပေးထောက်ခံတဲ့ အသိုင်းအ၀ိုင်းတစ်စုကတော့ ခေတ်ရှေ့ပြေးတဲ့ တီထွင်စိတ်ကူးမှုဆိုတာ ဝေလာဝေးလို့ တစ်ချိန်က ရွှေထီးဆောင်းဘူးတာကိုပဲ စမြုံ့တစ်ပျံပျံနဲ့ နေ၇င်း ဒီအရပ် ဒီဇာတ်နဲ့ ဒီကကွက်တွေကတော့ မွဲပြာပုဆိုး ဖန်တရာကြေဖြစ်နေပေါ့ဗျာ ။မပြောဘူးမပြောဘူးနဲ့ ပြောမိပြန်ပြီ ။ ပြောမိတော့လည်း စိတ်မကောင်းဘူးဗျာ ၊ အနာပေါ်ဒုတ်ကျတဲ့သူတွေလည်း စွေ့စွေ့ခုန် ပေါ့ ၊ မခံနိုင်လည်း ဆဲသွားအုံးပေါ့နော့ ။ အဲဒါလည်း သူတို့အကျင့်ကိုး ။ ဗွေမယူပါဘူးဗျာ ။ နောက်ကြုံမှ ဆက်ပြောအုံးမယ် ။

၉၀ ကို ချစ်တယ်
ယတြာလည်း ကျေတယ်



အတိုက်ခံတို့ရဲ့ ယောင်းရင်းကြီး
နေနက်

5 comments:

ဖီလင် ၉၀ ပေါ့ဗျား)

မင်းကို ၉၀ ကျော်စောင့်လွှတ်လိုက်လို့ လာအော်နေတာလား :)

1990 ကထဲက ယနေ့အထိ နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေ တခါမှ ပြည်သူလူထုတွေ နဲ့ ပျော်ပျော်ရွှင်ရွှင်ထိတွေ့ပြီးမွေးနေ့လုပ်တာတွေ ဘာတွေ မကြားမိဘူးနော် ဘာလို့များပါလိမ့်နော်

နိုင်ငံရေးကိစ္စဆွေးနွေးချိန်မှာ
ဆရာတော်တွေရဲ. အဆုံးအမတွေ လာမပြောကြပါနဲ.
ကိုယ်.အနေနဲ.ဆွေးနွေးနိုင်တဲ.အရည်အချင်းမရှိရင် သူများရေးထားတာ ဖတ်ပြီးပြန်တာအကောင်းဆုံးပါ

ဖေလိုးမဖာသည်မအတု အဘိဇ္ဇာမ လီးဆာနေတာလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်