From : မြ၀တီ
ဒေသခံ တိုင်ရင်းသား ပြည်သူများ အသုံးပြုလျက် ရှိသည့် စစ်ကိုင်းတိုင်းေ ဒသကြီး တမူးခရိုင် တမူး- စေတီ ပြည်ထောင် စု လမ်းမကြီး ပေါ်ရှိ မြို့သစ်မြို့ နယ်ခွဲ အနီးတွင် တည်ဆောက် ထားသော အရှည် ၂၄ဝပေ၊ အ ကျယ် ၁၂ ပေရှိ သံပေါင် ဘေလီ အမျိုးအစား တံတား တစ်စင်း အား ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် သောင်း ကျန်းသူ အဖွဲ့ တချို့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး ခဲ့ခြင်းကြောင့် တံတား ရေလယ်တိုင် ၃ တိုင် ပြိုကျ ပျက်စီးခဲ့ပြီး သစ်သား ကြမ်းခင်း များ ပေ ၆ဝ ခန့်နှင့် သံပေါင်များ ကွေးကောက် ပျက်စီးခဲ့သည်။
www.MyanmarExpress.net

အဆိုပါ တံတား အပျက်အစီး များကို နယ်မြေခံ တပ်မတော် စစ်ကြောင်းက ချက်ချင်း
သွားရောက်၍ ရှင်း လင်း ဆောင်ရွက်လျက် ရှိပြီး ၎င်းမိုင်းထောင်ဖောက်ခွဲမှုအား
နောက် ကွယ်မှ ကြိုးကိုင် စေခိုင်းလျက်ရှိသည့်
သောင်း ကျန်းသူ အဖွဲ့အစည်းအား ဒေသခံ ပြည်သူ များနှင့် ပူးပေါင်း ဖော်ထုတ် စုံစမ်းလျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်