From :http://www.kachindailynews.com/2013/02/kia_2987.html
ကချင်ပြည်နယ် တောတွင်းတွင်အလေ့အကျပေါက်နေသော သစ်ခွပန်းများ
ကချင်ပြည်နယ်၊
ဆင်ဘိုမြို့နယ်ခွဲ တာလောကြီး ကျေးရွာအနီးတွင် သစ်ခွရှာဖွေလုပ်ကိုင်နေသည့် ရွာသား များအား
ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် KIA အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွားခဲ့ကြောင်း သိရပါ သည်။
သစ်ခွပန်း
ရှာသွားသည့် ရွာသား(၅)ဦးမှာ တာလောကြီးကျေးရွာမှ ဖြစ်ပြီး (၄)ဦးမှာ ထွက်ပြေးလွတ်မြောက်
ခဲ့ပြီး (၁)ဦးမှာ KIA အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ “ကျွန်တော်တို့ သူငယ်ချင်း(၅)ယောက်
တောထဲ ကိုသွားပြီး သစ်ခွပန်းနဲ့ သစ်ခွဥတွေ သွားရှာကြတယ်။ သစ်ခွရောင်းပြီး အိမ်ကမိသားစုအတွက်
ဆန်ဝယ်မလို့ပါ။ အခြားအလုပ်တွေ လည်း မလုပ်ရတာ ကြာနေပြီလေ။ တောထဲမှာ KIA အဖွဲ့က လက်နက်ကိုင် (၁၀)ယေက်လောက်နဲ့
တွေ့ပြီး သေနတ်(၂)ချက် လှမ်းပစ်တယ်။ ထွက်မပြေးနဲ့ လာခဲ့လို့ လှမ်းအော်တယ်။ ကျွန်တော်တို့လည်း
ရွာဘက်ကို ပြန်ပြေးလာခဲ့တယ်။ ရွာရောက်တော့ အောင်ထွန်းလင်း ပါမလာတော့ဘူး။ ကျန်တဲ့(၄)ယောက်ပဲ
ပြန်ရောက် တယ်” လို့ ထွက်ပြေးလွတ်မြောက် လာသူများ က ပြောပြပါသည်။
KIA
အဖွဲ့များသည် ဌာနချုပ်နှင့် အဆက်အသွယ်ပြတ်တောက်နေကြပြီး အဖွဲ့ငယ်များဖြင့် တောထဲတွင်
ပုန်းအောင်းနေကြကြောင်း သိရသည်။ ၎င်းတို့ အသက်ရှင်နေနိုင်ရေးအတွက် နီးစပ်ရာကျေးရွာများမှ
ရိက္ခာ တောင်းခြင်း၊ ငွေတောင်းခြင်းများ ပြုလုပ်နေကြသဖြင့် ဒေသခံရွာသူ၊ ရွာသားများအနေဖြင့်
ဝမ်းစာ ရှာဖွေ စားသောက်ရန် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
www.MyanmarExpress.net

1 comments:
လက် နက် ကိုင် ပြိး ဒီလို လုပ် နေ လို့  က တော့ ဘယ် တော့ မှ မ အေး ချမ်း ပါ နိုင် ငံ တ နိုင် ငံ မှာ စု စု စည်း စည်း မ ရှိ ဘဲ တိုင်းရင်း သား လက် နက် ကိုင် အ ဖွုဲ့တွေ အ များ ကြိး ရှိ နေရင် ဘယ် သော အ ခါ မှ တိုင်း ပြည် မ အေး ချမ်း ပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်