Subscribe to our RSS Feed

အဝေးသင် ပညာရေး အွန်လိုင်းမှ လေ့လာနိုင်မည်

From :popular


မိုဘိုင်းဖုန်းများမှတစ်ဆင့် အဝေးသင်ပညာရေး သင်ခန်းစာကို လေ့လာ သင်ယူနိုင်ရန် ရတနာပုံတယ်လီပို့၏ သီးသန့်လိုင်းတစ်ခုကို ချိတ်ဆက် လိုက်ပြီဟု အဝေးသင်တက္ကသိုလ်မှ သိရသည်။

အွန်လိုင်းစနစ်ဖြင့်အဝေးသင် ပညာရပ်သင်ယူမှုကို ယခုပညာသင်နှစ်တွင် ဥပဒေဘွဲ့လွန် ဒီပလိုမာသင်တန်း၌ စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ခြင်းကြောင့် ထိုသို့ လုပ်ဆောင် ရခြင်းဖြစ်ကြောင်း အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် က ပြောသည်။

''လက်ပ်တော့ကနေပဲ ဖြစ် ဖြစ်၊ မိုဘိုင်းဖုန်းတွေကပဲ ဖြစ်ဖြစ် အဝေးသင်ကျောင်းသား စာသင် နိုင်အောင် လုပ်ရတာပါ''ဟု ၄င်းက ပြောသည်။

www.yudeonline.com.mm

တွင် ကျောင်းသားက ဝင်ရောက်ပြီး ID နံပါတ် ရိုက်နှိပ်လိုက်ပါက ဘာသာရပ်သင်ခန်းစာများကိုတွေ့ရှိကာ သင်ကြားရမည် ဟု အဝေးသင်တက္ကသိုလ်မှ သိရသည်။

ပါမောက္ခချုပ်က ''ကျွန်တော်တို့ ဒီအွန်လိုင်း သင်ကြားနည်းကို ဥပဒေ ဘွဲ့လွန်မှာ စမ်းကြည့်တာ တော်တော်လေး အောင်မြင်တယ်၊ မေးခွန်း ၁ဝ ပုဒ်မေးလိုက်ပြီး ၄ ပုဒ်ဖြေပါဆိုရင်တောင် ၁ဝ ပုဒ်လုံး ဖြေလာတာကို တွေ့ ရတယ်။ ဒါကို အခု အွန်လိုင်းနဲ့ ဘွဲ့ယူမယ့် ၆၄ ဦးလုံးက လုပ်နေတယ်။ ဒါ့ကြောင့် အခု အွန်လိုင်းမှာ သင်ယူနိုင်ဖို့ကို ဘာသာရပ်တွေ တိုးချဲ့သွားဖို့ရှိ တယ်''ဟု ပြောသည်။

လက်ရှိ အဝေးသင် ပညာရေး စနစ်တွင် ကျောင်းသားတို့က ပုံနှိပ်သင်ကြားမှု ကိုသာ အလေးထားနေပြီး ၂ဝဝ၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သော Learning Centre ကိုမူ ဝင်ရောက်ကြည့်ရှုမှု အားနည်းနေကြောင်း စစ်တမ်းအရ သိရှိ ရသည်ဟုလည်း ၄င်းက ဆက်ပြောသည်။

မိုဘိုင်းဖုန်းများ နှင့်အပြင် ရေဒီယိုမှလည်း သင်ယူ နိုင်အောင် လုပ်ဆောင် သွားဖို့ ရှိသည်ဟု သိရသည်။
 

   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်