Subscribe to our RSS Feed

သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင်ချီးမြှင့်မည့် ကဏ္ဍအလိုက် စွမ်းဆောင်ရည်ဆု

From : popular
 
နိုင်ငံတော်သမ္မတ အသိအမှတ်ပြု စွမ်းဆောင်ရည်ဆုများကို ဧပြီ ၁ ရက်မှစတင်ကာ ချီးမြှင့်ပေးသွားမည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောသည်။
နိုင်ငံတော်သမ္မတကြီးက ပေး အပ်မည့် စွမ်းဆောင်ရည်ဆုများ မှာ လူမှုရေးဆိုင်ရာ စွမ်းဆောင် ရည်ဆု၊ စိုက်ပျိုးမွေးမြူမှုဆိုင်ရာ စွမ်းဆောင်ရည်ဆုနှင့် စီးပွားရေး ဆိုင်ရာ စွမ်းဆောင်ရည်ဆုတို့ ဖြစ် သည်။
အဆိုပါ စွမ်းဆောင်ရည် ဆု များအနက် စီးပွားရေးဆိုင်ရာ စွမ်း ဆောင်ရည်ဆုတွင် အသင်းအဖွဲ့ ဆိုင်ရာ စွမ်းဆောင်ရည်ဆု၊လူမှုရေး လုပ်ငန်း လုပ်ကိုင်မှု အများ ဆုံးဆု၊ Value Added ထုတ်ပြီး တင်သွင်း ရောင်းချသည့်ဆု၊ အခွန်ဘဏ္ဍာ တိုးတက်အောင် အခွန်အများဆုံး ပေးဆောင်သည့် စွမ်းဆောင်ရည်ဆု၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍရှိ အသေးစား၊ အလတ်စား စွမ်းဆောင်ရည်ဆုတို့ ဖြစ်ကြောင်း သိရသည်။

”စီးပွားရေးနဲ့ဆိုင်တဲ့ စွမ်း ဆောင်ရည်ဆုကိုတော့ သက်ဆိုင် တဲ့ ကုန်သည်/စက်မှု အသင်းချုပ်နဲ့ တခြားသော လုပ်ငန်းရှင်အသင်း အဖွဲ့များကနေ ရွေးချယ်ပြီးပေးရ မယ့် သဘောရှိတယ်”ဟုဒေါက်တာ ပွင့်ဆန်းက ပြောသည်။

အထက်ပါ ကိစ္စရပ်များကို ဖေ ဖော်ဝါရီ ၃ ရက်က UMFCCI တွင် ပြုလုပ်သော အဋ္ဌမအကြိမ် လက် ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
စီးပွားရေးဆိုင်ရာ စွမ်းဆောင် ရည်ဆု ပေးခြင်းနှင့်ပတ်သက်၍ ကုန်သည်/စက်မှုအသင်း (ကုန်စည်ဒိုင်) မှ ဒုဥက္ကဋ္ဌ (၂) ဦးခင်ဟန်က ”ကုမ္ပဏီတွေအနေနဲ့ မှန်မှန် ကန်ကန် ကြိုးစားပြီး လုပ်ဆောင် ဖို့၊ တချို့ ကုမ္ပဏီတွေက တခြား ကုမ္ပဏီနာမည်နဲ့ အခွန်နည်းနည်း ဆောင်တာ ရှိတယ်လို့ ဒုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းကလည်း ပြော ခဲ့တယ်။ ဒီဆုကတော့ မက်လုံး တစ်ခုအနေနဲ့ ပေးပြီး ကုမ္ပဏီတွေ အခွန်ကိုလည်း မှန်မှန်ကန်ကန် ဆောင်စေဖို့အတွက် ဖြစ်တယ်။ အဲဒါမှ ပို့ကုန်သွင်းကုန်တက်ပြီး နိုင်ငံခြားငွေ ရရှိငွေတက်လာမယ်” ဟု သုံးသပ်သည်။

ယခင်ကလည်း စွမ်းဆောင်ရည်ဆုများ ရှိခဲ့ကြောင်း၊ ၄င်းမှာ ပို့ကုန်အများဆုံး တင်ပို့နိုင်သည့် စွမ်းဆောင်ရည်ဆုနှင့် ထိပ်တန်းဆယ်ခုဝင် ကုန်ပစ္စည်းအလိုက် စွမ်းဆောင် ရည်ဆုများ ပေးအပ် ခဲ့ဖူးကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

 
www.MyanmarExpress.net

 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်