Subscribe to our RSS Feed

နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာမီဒီယာတို့ သိက္ခာရှိဖို့သာ လိုပါသည်

From : .http://www.oppositeyes.info/2013/01/blog-post_4306.html

ပြည်တွင်း မီဒီယာများအနေဖြင့် ကေအိုင်အေနှင့် တိုက်ပွဲများ စတင်သည့်အခါ တပ်မတော်ထံမှ သတင်း မ ရရှိ ဟု အကြောင်းပြကာ ကေအိုင်အေတို့နှင့် ဆက်သွယ်၍ သတင်းများ ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြသည်။ တိုက် ပွဲများ ဖြစ်ပွားစဉ်အတွင်း ကေအိုင်အေတို့၏ ခံစစ်စခန်းများ အပေါ်သို့ အထိ သွားရောက်ကာ သ တင်း ယူ ခဲ့ကြသည်။ ထိုသို့ သတင်းယူခဲ့စဉ်တစ်လျှောက် မြန်မာ့တပ်မတော်၏ အပင်ပန်းခံ စွန့်လွှတ်ပေး ဆပ်မှု များကိုမူ ဖော်ပြရန် ပျက်ကွက်ခဲ့ကြသည်။
လိုင်ဇာမှ နေ၍ ၀ါဒဖြန့်ဖို့ ကြိုးစားနေကြသော ကေအိုင်အေ အရာရှိများ
လက်ရှိ အစိုးရ တပ်မတော်နှင့် အပြိုင် လက်နက်တပ်ဆင်၍ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် ကေ အိုင်အေအား သောင်းကျန်းသူအဖြစ် မဖော်ပြခဲ့။ သောင်းကျန်းသူတို့၏အကြမ်းဖက်မှုများ၊ လူသစ်စု ဆောင်း မှုများ၊ စိတ်ကြွဆေးများ အသုံးပြ၍ တိုက်ခိုက်ရန် စေခိုင်းမှုများကို မသိကျိုးကျွန် ပြုခဲ့ကြသည်။ အစိုး ရနှင့် တပ်မတော်ကို အထင်အမြင် လွဲမှားစေမည့် အသုံးအနှုံးများကို အသုံးပြုခဲ့ကြလေသည်။
စစ်ပွဲသတင်း ဖော်ပြချင်သည့် ဧရာဝတီကြောင့် အဆိုပါ လက်နက်နေရာအား တပ်မတော်မှ အတိအကျ သိခဲ့ရသည်
တိုက်ပွဲ အစ မတိုင်ခင်တင် ကိုးတန်းကျောင်းသူလေး မဂျာဆိုင်းအိန် တိုက်ပွဲအတွင်း သေဆုံးရမှုကို အ သားပေး ၍ လူမျိုးစု တိုက်ပွဲအသွင် ရေးသားမှုများကြောင့် မီဒီယာများကို တပ်မတော် အနေဖြင့် ယုံကြည်မှု မ ရှိ။ သိပ်မကြာခင် အိမ်ပေါ်တက်၍ သေနတ်ဖြင့် ပစ်သတ်သွားသည့် ကေအိုင်အေတို့၏ လုပ်ရပ်ကိုမူ သတင်း အစ အန တစ်ခုပင် ထည့်သွင်းရေးသားခဲ့ခြင်းလည်း မရှိခဲ့ပေ။ ထိုနောက်ပိုင်း အကြမ်းဖက် သောင်း ကျန်းသူတို့၏ ရဲစခန်း ၀င်စီးခြင်း၊ အရပ်ဘက် ပစ်မှတ်များကို ဖျက်ဆီးခြင်း တို့အား လုံးဝ ဖော်ပြခြင်း မရှိသည့်အခါတွင်တော့ မြန်မာ မီဒီယာတို့၏ စတုတ္တမဏ္ဍိုင် ပီသမှုသည်ကား မေးခွန်းထုတ်စရာ ဖြစ် လာ ခဲ့သည်။ အင်တာနက် သုံးသူများ အကြား Eleven၊ The Voice မီဒီယာတို့အပေါ် စိတ်ဆိုး ဒေါသ ထွက်မှုများ၊ မကျေနပ်မှုများ မြင့်တက် လာခဲ့သည်။ ရိုးရိုးသားသား ဝေဖန်ထောက်ပြသည့် မှတ်ချက် စကား များကို ဖျက်ပစ်ခြင်း၊ ထိုဝေဖန်သူများကို Block လုပ်ခြင်းများဖြင့် ပြည်တွင်း မီဒီယာတို့၏ အဝေဖန် မခံနိုင်မှု ကို ပေါ်လွင်စေခဲ့သည်။
တိုက်ပွဲအတွင်း ရှေ့တန်းမှ Skype သုံး၍ ၀ါဒဖြန့်ရန် ကြိုးစားခဲ့ကြသော ABSDF နှင့် ကေအိုင်အေများ
မြန်မာ့တပ်မတော် အနေဖြင့် တိုက်ပွဲ သတင်း အနေဖြင့် အောင်ပွဲ ရရှိမှုမှ လွဲ၍ သီးခြား သတင်း ထုတ်ပြန် ရန် မလိုအပ်ပေ။ စစ်ပွဲ တစ်ခု၏ သဘောသဘာဝ အရ တိုက်နည်းဗျူဟာ၊ မိမိတို့၏ အင်အား၊ ငယ်သား များ၏ စိတ်ဓာတ်၊ တိုက်ပွဲဝင်မှု အခြေအနေတို့ကို မီဒီယာများအား အသိပေးခြင်းဖြင့် ကောင်းကျိုးထက် ဆိုး ကျိုး ပိုများ သည်ကို ကေအိုင်အေတို့ ခံစစ်ကုန်းများ ကျဆုံးခြင်းက သက်သေပြခဲ့သည်။
အသုံးမကျသည့် လက်နက်ကြီး ပစ်ခတ်မှုကို ဖော်ပြပေးခဲ့သော မီဒီယာ
မီဒီယာများ၏ ဖော်ပြချက်များအရ ကေအိုင်အေတို့ အသုံးပြုသည့် လက်နက်များ၊ အခိုင်အမာ ဘန်ကာ နေရာ များ၊ စခန်းကုန်း တစ်ခုချင်းစီ၏ လက်နက် တည်နေရာများ ကို သိခွင့်ရခဲ့သည်။ သို့သော် မြန်မာ့ တပ်မတော်မှ အဆိုပါ စခန်းများကို သိမ်းပိုက်နိုင်ခြင်းမှာ အလွယ်တကူ သိမ်းပိုက်နိုင် ခဲ့ခြင်း တော့ မ ဟုတ်။ ကေအိုင်ေ အနှင့် ပြည်တွင်း မီဒီယာများ၏ သတင်းထုတ်ပြန်မှုများတွင် မပါဝင်သည့် ယာဘ မူးယစ်ဆေး၊ စိတ် ကြွဆေးများ ကျွေး ထားသဖြင့် နာမှန်း၊ သေမှန်း မသိသော စတေးခံ ကေအိုင်အေများကို တိုက်ခဲ့ ရ သည်။ မျက်နှာပြင် တစ်ဖက်တည်းမှ စခန်းကို သိမ်းနိုင်ရန်အတွက် အသက်ပေါင်း များစွာ ပေးဆပ်ခဲ့ ရ သည်။ ထိုသို့ ပေးဆပ်မှုများ အဆုံးတွင်မှ အောင်ပွဲများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ကိုယ့်ပတ်ဝန်းကျင် ကိုယ်ပစ်၍ ဓာတ်ပုံရိုက် ၀ါဒဖြန့်ခဲ့ကြသော မီဒီယာ
ထို့ကြောင့် တိုက်ပွဲ အရှုံး အနိုင်နှင့် လက်တွေ့ အခြေအနေ များကို နိုင်ငံပိုင် သတင်းစာနှင့် ရုပ်သံ များမှ ဖော်ပြ ထုတ်လွှင့်ခြင်း သည် လုံလောက်နေပြီသာ ဖြစ်သည်။ အဓိက လိုအပ်သည်မှာကား မြန်မာမီဒီယာ တို့ ၏ တိုင်းပြည်နှင့် တပ်မတော် အပေါ် သစ္စာ စောင့်သိမှုသာ ဖြစ်သည်။ အစိုးရမှ သည်းခံ လိုက်လျော၍ အခွင့်အရေး များ ရရှိလာ သည်နှင့် အတူ နိုင်ငံတကာနှင့် ယှဉ်၍ မြန်မာ မီဒီယာတို့ ဂုဏ်သိက္ခာ ရှိစေချင် ပါသည်။
 
 
 www.MyanmarExpress.net
 

3 comments:

ခပ်စုတ်စုတ်ဘောလ်ပင်တစ်ချောင်း အပေါစားကင်မရာတစ်လုံး နဲ့ ဖြုတ်ဦး
နှောက်လောက်သာရှိတဲ့ရှိတဲ့ကောင်တွေရဲ့ တတ်လို့လုပ်စားတာမဟုတ်
ငတ်လို့လုပ်စားတဲ့သူတောင်းစားတွေကို အရေးလုပ်ပြီးပြောမနေပါနဲ့။

Myanmar Express

လူသတ်အဖွဲ့ ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ ပေါင်းသလဲ?


၁။ တစ်ချိန်က ABSDF လို့ အမည်တပ်ထားတဲ့ နာမည်သေ ကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးတွန်သံများ ဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေ သိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဇွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှို ဆိုပြီး စွပ်စွဲ၊ ရက်ရက်စက်စက် လည်ပင်းကို ၀ါးကြောနဲ့လှီး၊ ပေါင်ကိုခွဲ ဆားသိပ်၊ အမျိုးသမီး ဆိုရင် မိန်မအင်္ဂါကို တံစို့ကို မီးရဲရဲ ကင်ပြိး ထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှိခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်းလဲလိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန်မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုက ဘာတွေဘဲ လုပ်ခဲ့ လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလုပ်ခဲ့တယ်။

၎။ ဒီလို အခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေက သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ ကြိုးစားခဲ့တယ်။

၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဇွန် မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များ ရမလား ဆိုပြီး စမ်းကြည့်တယ်။ မိုးသီးဇွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီး ဆိုပြီ ဆန်အိတ်တွေ ဘာတွေတောင် ထမ်းပြလိုက်သေးတယ်။ ABSDF ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေးရှားမှာ ကုလားတွေနဲ့ပေါင်းပြီး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်းဌာနတွေနဲ့ လက်ဝါးချင်းရိုက် လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် ABSDF မြောက်ပိုင်းလူသတ်မှုတွေကြောင့် တရားစွဲခံရမှာလဲကြောက်၊ သူ့ကိုယ်သူ ပြည်သူ့အော့နှလုံးနာကြီး ဆိုတာလဲ သိတော့ ပြန်ပြေးရှာပါတော့တယ်။

၆။ ဒါနဲ့တင် ရပ်သလား ဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာပါပြီ၊ ပြောင်ပြောင်တင်းတင်း ပါဘဲ၊ ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ ကြိုးစားပြန်ပါတယ်။ KIA က တပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊ KIA က အသာစီးရနိုင်တဲ့ တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေ ရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကို ကန့်လန့်တိုက်နေတဲ့ သတင်းဌာနတွေ၊ Social Network တွေပေါ်ကို တင်ပြီး KIA ဘက်က ကူသယောင်နဲ့ ABSDF ကို နာမည်ရအောင် လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့ နာမည်ကို ပါအောင် သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ဝါးကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကို ခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်း ပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေကလည်း ပြင်းပြင်းထန်ထန် ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံး ကျပြီး ရှုံးနိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီ ဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကို ရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်း အဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး ဆိုတာ သိသွားပါတယ်။ ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ (KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊ အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံး ထွက်ပေါက်ရှာမဲ့ နည်းလမ်းဖြစ်ပါတယ်။

၉။ KIO / KIA တွေ သိဖို့က လူသတ်အဖွဲ့ ABSDF ဆိုတာ KIA ကို ချစ်လွန်းလို့ လာ ပူးပေါင်းတာ မဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေ တစ်လုံးကို အသက်သွင်းချင်လို့ KIA ဆီကို လူသတ်အဖွဲ့ ABSDF က လာကပ်နေတယ် ဆိုတာပါဘဲ။

From: myanmarpyithar

မီဒီယာတွေအတော် စိတ်ပျက်ဖို့ကောင်းတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်