From :
.dvb
. www.MyanmarExpress.net
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက လွှတ်တော်အသီးသီးကို
တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ လွှတ်တော်သက်တမ်း ၂ နှစ်ပြည့် အခမ်းအနားမှာ တိုက်တွန်းသွားတာပါ။
သူရဦးရွှေမန်းက လွှတ်တော်တွေအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်ထောင်စုအတွင်း ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောသွားတာပါ။
ခေတ်ပြောင်း၊ စနစ်ပြောင်းကာလမှာ အတိတ်ကဖြစ်ခဲ့တဲ့အခြေအနေတွေကို သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲသင့်တာတွေကို ရဲရဲဝံ့ဝံ့နဲ့ သတ္တိရှိရှိ ဆောင်ရွက်ဖို့လည်း လွှတ်တော်အမတ်တွေကို သူရဦးရွှေမန်းက ပြောကြားသွားပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်