From : 7day
အမေရိကန်ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်းစတော့ခ်သည် လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်နှင့် အမေရိကန်ပြည်ထောင်စု၏ ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အခွင့်အလမ်းများမြှင့်တင်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ဖေဖော်ဝါရီ ၉ မှ ၁၄ ရက်များအတွင်း ခရီးသွားရောက်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံရောက်ရှိစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်းစတော့ခ်သည် ရန်ကုန်မြို့တွင် အမေရိကန်ပညာရေး Education USA မှ ပထမဆုံး တာဝန်ခံကျင်းပသည့် တက္ကသိုလ်ပညာရေးပွဲတော်ကို ဖွင့်လှစ်ပေးမည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအကြား ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဖလှယ်ရေး အခွင့်အလမ်းသစ်များ ရှာဖွေဖော်ထုတ်ရေးအတွက် လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့်
လည်းတွေ့ဆုံမည်ဖြစ်ပါသည်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံပညာရေးဝန်ကြီး၊ အစိုးရအရာရှိကြီးများနှင့် တွေ့ဆုံရန်အတွက် နေပြည်တော်သို့လည်း သွားရောက်မည်ဖြစ်ပါသည်။
ထို့အပြင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကျောင်းသားဟောင်း
များနှင့်တွေ့ဆုံ၍ ၎င်းတို့အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လေ့လာခဲ့သော အတွေ့အကြုံများနှင့် သူတို့ရရှိခဲ့သော
အဆိုပါကျွမ်းကျင်မှုများကို မည်သို့ပြန်လည်အသုံးချနေကြသည်ကိုလည်း နားဆင်သွားမည်ဖြစ်ပါသည်။
www.MyanmarExpress.net

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်