Subscribe to our RSS Feed

Eleven Media မှ နည်းပညာပိုင်းဆိုင်ရာ လိမ်လည်လုပ်ဆောင်မှုများဖြင့် ရန်တိုက်ပေးနေပြီလား

From : http://www.oppositeyes.info/2013/02/eleven-media_6.html


ယနေ့ ညနေပိုင်းတွင် Eleven မီဒီယာ Facebook စာမျက်နှာ အတိုက်ခံရသည်ဟု သိလိုက်ရသော်လည်း မအား သဖြင့် ၀င်မကြည့်နိုင်ခဲ့ပါ။ ၀င်ကြည့်လိုက်တော့ Eleven Media Group Facebook အား နည်းပညာ အသုံးပြု တိုက်ခိုက်ခဲ့ သော် လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့ ဆိုသည့် သတင်းဖြင့် ဖော်ပြ ထားသည်ကို တွေ့လိုက် ရသည်။ ဘယ်လို တိုက်ခိုက်ခံရတာလဲဆိုတာ facebook ထဲမှာ လိုက်ရှာတော့ ပုံလေး တစ်ပုံမှာ MMCF စာ သားဖြင့် Eleven၏ Facebook Cover Photo အား ပြောင်းထား သည်ကို တွေ့ လိုက် ရသည်။ အလွန်အံ့သြသင့် ဖွယ် တိုက်ခိုက်မှုနှင့် အလွန်ကျွမ်းကျင်ပြောင်မြောက်သော နည်းပ ညာ များ ဟုပင် ချီးကျူးမည်ဟု ကြံသော်လည်း ကျွမ်းကျင်သူများကို မေးမြန်းသည့်အခါတွင်တော့ သံသယ ၀င်စရာများ တွေ့လာရပေသည်။

Facebook သုံးဖူးသူတိုင်း သိပါမည်။ facebook cover photo သည် admin password ရှိသူမှသာ ၀င်၍ ပြောင်း လဲနိုင်သည်။ Eleven လို မီဒီယာ၏ password သည် သာမန်သုံးနိုင်ယုံမျိုး မဟုတ်။ ထိုသို့ လွယ်လွယ်ထားရှိပါ က The Voice ထက် Eleven အား အရင် hack ကြမည်သာ ဖြစ်သည်။ ယခုတော့ cover photo ပြောင်းလိုက် သည်။ မိနစ်ပိုင်းအတွင်းမှာပင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည် ဆိုသော စကားသည် နည်းပညာအရ လုံးဝ(လုံးဝ) မဖြစ်နိုင်ပါ။ အဆိုးဆုံးသည်ကား Eleven Facebook အား Hacking လုပ်သူမှ မည်သည့် status တစ်ခုမှ မတင် ဘဲ ပုံသာ ပြောင်းခဲ့သည် ဆိုတော့ မဖြစ်နိုင်။ ကိုယ် သာ သူများအကောင့်တစ်ခုရပါက အနည်းဆုံးတော့ ငါတို့ ထိန်းလိုက်ပြီ ဘာညာ စာသားတစ်ခုတော့ ရေးလိုက် မည်သာ ဖြစ်သည်။ ဒါကား တစ်ချက်။

ဒုတိယ တစ်ချက်ကား ယနေ့နံနက်တွင် ကချင်များနှင့် ဆက်စပ်ပြီး Eleven ၏ ဆက်စပ်မှုကို ရေးသားကား Kachin cyber army က အလဲဗင်းကို hack မှုသည် လုပ်ကြံမှု တစ်ခုဖြစ်ကြောင်း ရေးခဲ့သည်။ ယခု တစ်ခါ ကြေငြာချက်တွင်တော့ Red Army Team ကို ရေးထားခြင်း ဖြစ်သည်။ ထိုကိစ္စသည်လည်း ၄ နာရီသာ ကြာမြင့် သည်။ ကချင်တိုက်ပွဲများ စချိန်တွင် Kachin Cyber Army ဆိုပြီး တိုက်သည် ဟု ဆိုသည်။ ထို့နောက် တွင်တော့ Red Army Team ဆိုပြီး ရေးသည်။ ဆိုလိုရင်းသဘောက စစ်တပ်နှင့် ဆက်စပ် သယောင် အသံထွက်ခြင်း တစ်ခု လိုမျိုး သက်ရောက်နေပြီး တစ်ချိန်ထဲတွင် တပ်မတော် အရာရှိ တစ်ချို့နှ င့် ဌာနအချို့မှ ပါဝင်သည် ဆိုသော စွပ်စွဲချက်များကို ရေးသားလျှက် ရှိသည်။

ယခုတွင် အသုံးပြုသော MMCF ဆိုသော အမည်တွင်တော့ Army မပါတော့သည်မှာလည်း ထူးခြားချက် ပင် ဖြစ်သည်။ စစ်ပွဲများ ပြီးသွားသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မို့ မီဒီယာ ပီသစွာ ဗမာ-မူဆလင် တိုက်ပွဲ တစ်ခုကို ဖော်ဆောင်ပြီး အမြတ်ထုတ်ဖို့ ကြံစည်နေသလားဟုလည်း တွေးစရာ ရှိသည်။

နိဂုံးချုပ် ပြောရလျှင်ဖြင့် ယခု လုပ်ဆောင်ချက်များသည် hacking လုပ်ခံရခြင်းနှင့် မတူ။ တပ်မတော်၊ အစိုး ရနှ င့် မီဒီယာ တိုက်ပွဲတစ်ခုကို နည်းပညာ အသုံးပြု၍ ရက်တိုက်ပေးနေသည့် အသွင်သာ ဆောင်နေသည်။ 
သမ္မတကြီးနှင့် မီဒီယာ တွေ့ဆုံပွဲတွင် Myanmar Express အား တရားစွဲဆို ရန် မေးမြန်းခဲ့ရာ သမ္မတကြီးမှ နိုင်ငံကျော်လုပ်သည့် မှုခင်းများတွင် အခြေအမြစ် မရှိ၊ မမှန်ကန်ပါက စုံစမ်းရန် ခက်ခဲနိုင်ကြောင်း၊ မလွယ် ကူကြောင်း ဖြေကြားပြီးနောက် အဆိုပါ တိုက်ခိုက်မှုများ စတင်လာခဲ့ သည်။

(ထိုအကြောင်း ရေးထားသည့် အောက် commentတွင်တော့ Eleven ၏ အကြံအစည်ဖြင့် oppositeyes. info အကြောင်းကို အမည်ခံ တစ်ဦးမှ ရေးသားထားသည်ကို တွေ့ရသည်။ OE ဘလော့တွင် ရေးသား ထားေ သာ စာများသည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား အကြောင်းမဲ့ အပုပ်ချ တိုက်ခိုက်ခြင်း ရှိ၊မရှိကို အရင် ဖတ်ကြည့် ပါ။ သူများဆီကလည်း တင်သည်။ ကိုယ့်ဆီမှာလည်း ကူးတင်သည်။ ကိုယ့်စာမှန် သမျှ လည်း ကူးခွင့်ပေးထား သည်။ OE ဘလော့တွင် ရေးသမျှ သည် တစ်ယောက်ထဲမှ ရေးခြင်း မဟုတ်ပါ။ စစ် ပွဲ သတင်းများနှင့် ပတ်သက်၍ ဘယ်လိုရသည်၊ ဘယ်လိုရေးသည်ကို သိလိုပါက မှတ်ပုံတင်မိတ္တူ၊ အ လုပ် အ ကိုင် ၊ ဓာတ်ပုံနှင့် webcam ပြပြီး မေးမြန်းပါက အမှန်အတိုင်း ဖြေပေးပါ့မည်။ ကျွန်တော် စစ်သား မဟုတ်ပါ။)
====================
Eleven မှ ဖော်ပြသည့် သတင်းနှင့် Comment
Eleven Media Group Facebook အား နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့
Wednesday, 06 February 2013 18:38
Eleven Media Group Facebook အား ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် Myanmar Muslim Cyber Force အမည်ကိုဖော်ပြ၍  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Eleven Media Group Facebook ၏ Cover Photo အား ပြောင်းလဲကာ Admin Account များကို ၀င်ရောက်ထိန်းသိမ်းကိုင်တွယ်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့မှုအား  Eleven Media Group IT Team မှ  မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါသည်။
တရားဝင်ရပ်တည်နေသော မီဒီယာများအားနည်းပညာအသုံးပြု တိုက်ခိုက်မှုအတွက် စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာပေးပို့ခဲ့သည့် နောက်ပိုင်းတွင် ယခုကဲ့သို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အဆင့်မြင့်နည်းပညာအသုံးပြုတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များကလည်း Red Army Team အမည်ရှိအဖွဲ့က Eleven Media Group Website အား နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့ရာ အချိန် ၄ နာရီကျော်ကြာမျှ စာဖတ်သူများ ၀င်ရောက်ကြည့်ရှုခွင့်မရဘဲ ပြန်လည်ပြင်ဆင်ခဲ့ရသည်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကိုလည်း MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့တို့မှနည်းပညာအသုံးပြုတိုက်ခိုက်ခဲ့ရာ နောက်ဆုံးတွင် The Voice Weekly ဂျာနယ်၏ Facebook သည် လူမှုကွန်ရက်စာမျက်နှာမှ ပြန်လည်ဖြုတ်သိမ်းထားရသော အခြေအနေနှင့်ရင်ဆိုင်နေရပါသည်။
ယခုဖြစ်စဉ်များအား ပြန်လည်သုံးသပ်ပါက မိမိတို့ သံသယဖြစ်ဖွယ်ထင်မြင်ယူဆချက်များ ပိုမိုခိုင်မာလာစေသည်ကို တွေ့ရကြောင်း၊ သတင်းမီဒီယာကောင်စီကို တိုင်ကြားမှုနှင့်ပတ်သက်၍ Myanmar Express  Website တွင် သတင်းဖော်ပြထားပြန်ရာ အဆိုပါသတင်းပါအရေးအသား၊ အသုံးအနှုန်းများသည် မည်သူများက ယခုကဲ့သို့ လုပ်ဆောင်နေသည်ကို ပိုမိုသိသာ ထင်ရှားစေသည့်အချက်များ ဖြစ်နေသည်ဟု Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။ 
   
Comments 
+16 #2 kyawwonna 2013-02-06 19:06
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပြားမတန်အောင် ယုတ်ယုတ်မာမာ တိုက်ခိုက်နေတဲ့....Myanmar Express က စာသားတွေကို ဖတ်ပြီး လူပြောများတာနဲ့...
အဲသည်စာသားတွေက oppositeyes.info ကိုရောက်သွားတော့ တာဘဲ....စစ်တပ် အသုံးအနှုံး...ဦးသိန်းစိန်တို့ လေသံတွေ အကုန်တူတယ်..ဒီမိုကရေစီကို မရှုစိမ့်သူတွေလို့သာ ပြောနေကြတာ...လက်ရှိ အစိုးရလေသံ တစ်ပေါက်တည်းပါ...သတင်းတွေကလည်း သူတို့ချင်းချိတ်ထားတဲ့ သတင်းတွေ....တက်တာလည်း မြန်မှမြန်...စစ်ပွဲသတင်းဆိုယင် သူများထက် ဦးတယ်....
 
 
 www.MyanmarExpress.net
 

4 comments:

muslim တွေး ကို ဒုတ် ခ ပေး နေ တဲ
အဒိ က တ ရာ ခန် က ဒီ eleven media ပဲ
bumar တွေ muslim တွေသတိ ထာ ကြ
ဒီ လို 420 media တွေ ကြောင် မနှစ် က
အာ လုံး ဒုတ် ခ ရောက် ကြ တာ သတိ ရှိ ကြ

media တွေ က ပြော တိုင် မ ရုံ ကြ ပါ နဲ
ဂျာ နယ် တွေ က အ လိမ် မျာ ပါ တယ်

ဟုတ်ပါတယ်....တစ်ကယ်တော့ MyanmarExpress နဲ့ တစ်နည်းမဟုတ် တစ်နည်းနည်း နဲ့တော့ ပက်သတ်နေမယ်လို့တော့ ထင်သားပဲ အခုမှပဲ အဖြေကရှင်း သွားတော့တယ်

လာပြန်ပြီလား ဖျက်ခံရပြန်ပြီလား...ဒီ comment

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်