From : http://www.oppositeyes.info/2013/02/blog-post_530.html
www.MyanmarExpress.net
ခေါင်းစဉ်ကို တပ်လိုက်တာနဲ့
ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ ခရိုနီတွေကို တန်းစီ လက်ညှိုးထိုးပြကြမှာပါ။
ဖြစ်နိုင် ပါတယ်။ ဘာလို့လဲ ဆိုတော့ ၈၈ ခုနှစ် တပ်မတော် အာဏာသိမ်းပြီး
နောက်ပိုင်းမှာ အားလုံး အကျိုးရှိ ခဲ့လို့ ပါ။
နံပါတ်(၁) အကျိုးရှိခဲ့သူတွေကတော့
ကျောင်းသားတွေပါပဲ။ ဘယ်လောက်ထိ အကျိုးရှိသလဲ ဆိုရင် ၂၀၁၃ ဆိုတဲ့ အချိန်
မှာတောင် ၈၈ ကျောင်းသားဆိုတဲ့ နာမည်ကို မဖျက်ရဲလောက်တဲ့ အထိ
အကျိုးရှိပါတယ်။ သူ တို့ လို ထောင်ထွက် ကျောင်းသား တွေပဲလား
ဆိုပြန်တော့လည်း မဟုတ်ပါဘူး။ ကျောင်းသားဆိုတာ စာမ လုပ်ရ၊ ကျောင်းမတက်ရရင်
ပိုတောင် ကြိုက်ကြတာပေါ့။ ကျောင်းတွေ ပိတ်သွားတယ်။ စာသင္စရာ မလိုေ တာ့ ဘူး။
ကျောင်းသားတွေ အရမ်းအကျိုးရှိခဲ့ကြပါတယ်။ အဲ..ကျွန်တော့်လိုပဲ
ဆန့်ကျင်ဘက်လေး စဉ်းစား ရင်ေ တာ့ စစ်တပ်က အာဏာသိမ်းရတယ်။ ပညာရေး ၁
နှစ်နောက်ကျတယ်။ ပညာရေး စနစ်တွေ အမျိုး မျိုး ပြောင်းတာ ကြုံရတယ်။ ဒါဆို
ခင်ဗျားစိတ်ထဲက ၈၈ ဆူပူမှုကို ဆူပူမှုလို့ အပြည့်အ၀ သတ်မှတ်လိုက်ပါ။ ဒါမှ
မဟုတ် အာဏာ သိမ်းတဲ့ တပ်မတော်ကို ကျေးဇူးတင်လိုက်ပါ။
အဲ..သေသွားတဲ့ သူတွေကို
စိတ်မကောင်းဘူး ဟုတ်လား။ ၁၉ ဇူလိုင်မှာ သေသွားခဲ့တဲ့ အာဇာနည် ခေါင်း
ဆောင်ကြီးေ တွကို ကြည့်လိုက်ပါ။ အဲဒီခေတ်မှာ သေသေကြေကြေ၊ မအိပ်မနေ လုပ်ပြီး
မသေခဲ့လို့ အာဇာ နည် မဖြစ်ခဲ့တဲ့သူတွေ အများကြီး။ ရဲဘော် ကိုထွေးတောင်
အာဇာနည်ဖြစ်ခဲ့သေးတာပဲ။ ဒီလိုပဲ ၀င်းမော် ဦးတို့၊ အမည်မပါ
သေခဲ့သူများတို့လဲ သေကြလို့ပါ။ မသေရင် အခုအချိန်ဆို ထောင်ထွက်ကျောင်းသား
နောက် လိုက် ကလွဲပြီး တစ်ခြားဖြစ်စရာ မရှိပါဘူး။
နောက် အကျိုးရှိခဲ့သူတွေကတော
ဗေဒင်ဆရာနဲ့ စာရေးဆရာ တွေပါ။ မင်းသိင်္ခ သင်ပေးလို့ ရွှေတိဂုံ ဘုရား စင်္ကြန်
တစ် လျှောက် အဘ မင်းသိင်္ခ တပည့်တွေက နောက်ထား။ နာမည်ကြီး ဟောခန်းဖွင့်တဲ့
တစ်ချို့က ထောင် ထဲမှာ ဗေဒင်ပညာ သင်ရင်း အလုပ်မရှိရာကနေ နာမည်ကြီး ဗေဒင်
ဆရာတွေ ဖြစ်လာကြပါတယ်။ သိ ချင်ရင် မေးကြည့်ကြပေါ့။ တပ်မတော်သာ အာဏာ
မသိမ်းခဲ့ရင် သူတို့ ထောင်ထဲမှာ အကြာကြီး မနေ ရဘူး။ ဗေဒင်အလိုအရတော့
ကံနိမ့်တာတို့ ဘာဂြိုဟ်စီးတာတို့ ပေါ့ဗျာ။ သူတို့ တပ်မတော်ကြောင့် သိပ်ကို
အကျိုးဖြစ် ထွန်းခဲ့ကြပါတယ်။
နောက်
အကျိုးဖြစ်ထွန်းခဲ့သူတွေကတော့ အနုပညာရှင်တွေပါ။ ဦးဇင်ဝိုင်းကြီးတို့၊
ဦးနေအောင်ကြီးတို့က စပြီး ဒွေးတို့၊ နေတိုးတို့ တပ်မတော် ဂုဏ်ပြု၊
ရဲတပ်ဖွဲ့ ဂုဏ်ပြုကားတွေက စပြီး နာမည်ကြီးလာကြတာပါ။ စိုင်း စိုင်း
တို့ဆိုရင် ဗိုလ်လောင်းတောင် လုပ်လိုက်သေးတယ် မဟုတ်လား။ မြင့်မြတ် ဆိုရင်
တပ်မတော်နေ့ ဂုဏ်ပြု ဇာတ် ကားမှာ ကရင်သူပုန် လုပ်လိုက်တာ အခုဆိုကရင်
တစ်ပြည်လုံး ကွမ်းစားရင်တောင် မြင့်မြတ် စတိုင်တဲ့။ မော် ဒယ် လေးတွေကတော့
ပြောမနေနဲ့တော့။ ဒီဘက်ခေတ်မှာတော့ ရွှေစင်တို့၊ နန်းခင်ဇေ ယျာ တို့လို
တစ်ကိုယ်လုံးနီးပါး ချွတ်မှ ပေါ်ပြူလာ ဖြစ်မှာ။ တပ်မတော်က အာဏာယူထားတော့
ရိုက်လိုက် ရ တဲ့ စစ်ကား၊ တံတားတွေ၊ လမ်းတွေ ဖောက်လွန်းလို့
ဂုဏ်ပြုသီချင်းတွေမှာ သရုပ်ဆောင်ရတာ မြန်မာနို င်ငံ က သရုပ်ဆောင်
ကုန်မတတ်ပါပဲဗျာ။
နောက်ထပ် အကျိုးရှိတာကတော့
တစ်မျိုးသားလုံး အတွက် အရေးကြီးတဲ့ သာသနာပါ။ ဘယ်တိုင်း၊ ဘယ်ြ မို့ မှာပဲ
ဖြစ်ဖြစ် ဗိုလ်ချုပ်တွေ တည်ထားတဲ့ ဘုရား၊ ဗိုလ်ချုပ်တွေ လှူခဲ့တဲ့
အဆောက်အအုံ၊ တံတိုင်း ၊ ကျောင်း တွေ အများကြီးပေါ့။ နေပြည်တော်မှာဆို
ရွှေတိဂုံ ပုံတူ နဲ့ တစ်ခြား ဘုရားပုထိုးတွေ မနည်းပါဘူး။ တရုတ်ြ ပည် က
မြတ်စွယ်တော်ဆိုလဲ ကြွလိုက်တာမှ အကြိမ်ကြိမ်။ သာသနာ အတွက် ဘွဲ့တံ ဆိပ်ေ
တ်ာတွေ ဆက်ကပ်လှူ ဒါန်းတာကလဲ အများကြီးပါ။ အဲ ဆူပူတတ်တဲ့ ဘုန်းကြီးတွေတော့
မပါ ဘူးပေါ့ဗျာ။
ပြည်သူတွေ အကျိုးရှိခဲ့ပါတယ်လို့
ပြောရင် ခင်ဗျားတို့ အလွယ် လက်ခံမှာလား။ အဲဒီကာလမှာကြည့်လိုက် ကေ အိုင်ေ အ
အခုလို တံတားချိုးတာမျိုး၊ မိုင်းခွဲတာမျိုး၊ လူသစ်တွေ စိတ်တိုင်းကျ
စုသွားတာမျိုး တွေ့ဖူး လား။ ဖားကန့်၊ ၀ိုင်းမော် တူးစရာ ကျောက်တောင်
မရှိသလောက် ဟိုး တနင်္သာရီ အောက်ဆုံးကနေ မိုး ကုတ် အထိ ကျောက်တက်တူးကြပါတယ်။
ကိုယ့်စာကိုယ်သင်၊ ကိုယ့်အလုပ်ကိုယ်လုပ် ဘယ်သူမှ ဒုက္ခ မရောက်ဘူး။ အခု
အတိုက်အခံဆိုတာတွေသာ အခုလို ပူးပေါင်းသင့်တယ် အမြင်ကို လက်ခံခဲ့၇င် အတိုင်း
ထက် အလွန် ဖြစ်အုံးမှာ ပေါ့။ ဒါပေမယ့် ပြည်သူတွေ တကယ်ကို
အကျိုးရှိခဲ့ပါတယ်။ ရပ်ကွက်ထဲမှာ ဆူပူဖို့ လာပြောတဲ့သူ မရှိဘူး။ ဆူပူပြီး
လမ်းတွေပေါ် လျှောက်နေသူတွေ မရှိဘူး။ လက်မခံချင်လဲ ရပါတယ်။ အလု ပ်မှ မရှိဘဲ။
ဆူပူပေါ့ဗျာ။
လာပါပြီ ခရိုနီ။ သိပ်ကို
အကျိုးရှိခဲ့တာပေါ့။ လက်ညှိုးထိုးဆို အချမ်းသာဆုံး ဦးတေဇက စရမှာပဲ။
စီးပွားရေး သမား စီးပွားရေးလုပ်တာ မဆန်းပါဘူး။ လေရူးသုန်သုန်ထဲက
ဘယ်ဇာတ်ကောင် ကြိုက်လဲဆိုရင် ယော က်ျား လေးအများစုက ဘတ်တလာ ဆိုပြီး
ဖြေကြတယ်လေ။ ဘာလို့လဲ ဆိုတော့ ခေတ်ပျက်မှာ ခရိုနီ လုပ် တတ် လို့ ပေါ့။
တစ်ကမ္ဘာလုံး စီးပွားရေး ပိတ်ဆို့တော့ တပ်မတော် အင်အားအတွက် လေယာဉ် ၀ယ်စရာ
နိုင်ငံ မရှိဘူး။ ဦးတေဇကြီး ဆက်သွယ်တယ်။ ကော်မရှင်ရတဲ့ ဒေါ်လာ သန်းဂဏန်းကို
ဘာလုပ်ရမလဲ မသိ ဘူး။ အခု ဆုတံ ဆိပ်တွေနဲ့ နိုင်ငံခြားဒေါ်လာ ရတဲ့
ပုဂ္ဂိုလ်ကြီးတွေရဲ့ ပိုက်ဆံဘယ်မှာ ထားနေမှန်း မသိကြ ဘူး မဟုတ်လား။
ဦးတေဇကတော့ နိုင်ငံတော် ဘဏ်မှာ အပ်ပေးထားတော့ သန်းဂဏန်းနိုင်ငံခြားငွေကို
အဲ့ဒီခော တ်မှာ နိုင်ငံက သုံးခွင့်ရသတဲ့။ တစ်ချို့ လူကြီးများက တေဇရယ်၊
ဒါလေး ဆောက်ချင်လိုက်တာ ဆိုတော့ ဆောက်ပေးလိုက်၊ လုပ်ပေးလိုက်တာ အရှုံးတွေ
ပေါ်သတဲ့။ ပြင်ဦးလွင်က ကန်တော်ကြီး၊ ကချင် က လဖက်ခင်း၊ အများကြီး
အများကြီးပေါ့။ အနစ်နာခံတော့လဲ ထိုက်သင့်သလောက် ပြန်ရတော့ ခရီုနီကြီး ကြီး
ဖြစ်လာတော့တာပဲ။ ဒီတော့ ဘာဖြစ်လဲ။ အမေရိကန်ကိုတောင် ပြန်ပြီး
မြန်မာ့ထွက်ကုန် ၀ယ်ခွင့် ပိတ်မ ယ်လို့ ခြိမ်းခြောက်နိုင်ခဲ့တယ်။ အခု
ဘောလုံးအတွက် သိန်းကို သန်းနဲ့ မြုပ်နှံနေတဲ့ ဦးဇော်ဇော်တို့လဲ အကျိုးရှိ
ခဲ့ပါတယ်။ ခရိုနီ အကျိုးရှိတာ ဘာဆန်းသလဲဗျာ။ ကိုယ်က ဖွတ်ကျား၊ ခရိုနီက
ခရီုနီ တစ်ခြားစီပါ။
နောက်ဆုံးကတော့
ဗိုလ်ချုပ်ကြီးတွေလို ခေါင်းစဉ်တပ်ရမှာပေါ့။ ဒါပေမယ့် ခင်ဗျားတို့ ပြောတဲ့
ဗိုလ်ချုပ် ကြီးတွေ အားလုံးက မနက် ၇ နာရီကနေ ညနေ ၅ နာရီ၊ လိုအပ်ရင် ညအထိ
ရုံးတက်ပြီး အနားယူတဲ့ အထိ တာဝန် ထမ်းဆောင်သွားကြတာ ခင်ဗျားတို့ မသိဘူး။
ဖြူနီကျားမှာ ယာဉ်မရပ်ဖူးတဲ့သူရှိရင် လက်ညှိုးေ ထာင် ဗျာ။ ပါး
တောင်အရိုက်ခံလိုက်အုံးမယ်။ ဒီလိုပါပဲ။ သူတို့နဲ့ ပတ်သက်ရာ
ပတ်သက်ကြောင်းတွေက စီး ပွားရေး အမြင်ရှိရှိ လုပ်စားသွားကြတာပါ။
ကမ္ဘာ့နိုင်ငံတွေလဲ ဒီလာဘ်စားမှုက မပျောက်ပါဘူး။ ဗိုလ်ချုပ်ြ ကီးတွေ
အကျိုးရှိခဲ့ပါ တယ်။ ဘာလို့လဲ ဆိုတော့ ဗိုလ်ချုပ်ကြီး မဖြစ်ခင်မှာ မသေလို့၊
မပြတ်ကြလို့ပါ။
ကဲဒီလောက်ဆိုရင် အကျိုးရှိတဲ့
သူတွေ ဘယ်လောက်များလဲ မှန်းဆလို့ ရပြီပေါ့။ ကောင်းကွက် ဆိုးကွက်ေ လးေ တွ
ထဲမှာ ခြွင်းချက်လေးတွေတော့ ရှိတာပေါ့ဗျာ။ တွက်ကြည့်ရင် အားလုံး
အထိုက်အလျောက် အကျိုး ရှိကြ ပါ တယ်။ ပညာကျတော့လည်း မတတ်၊
ပညာတတ်ပြန်တော့လည်း စီးပွားရေး အမြင်မရှိလို့ အကျိုး ရှိသူ များ ထဲမှ
မပါရတော့လည်း ခံပေါ့ဗျာ။ ကိုယ်တုံးလို့ပဲ မဟုတ်လား။
www.MyanmarExpress.net


11 comments:
မှန် တာ တွေ အ ရမ်း မ ပြော နဲ့  ဗျ ။ ဒေါက် တာ ဆိပ် ဖွား လို စုံ,ခုံ ကော် မ ရှင် ဖွဲ့  ခံ ရ လိမ့်  မယ် နော့့် 
Your satire, I think oppositely, is the insult to the public & those who try hard to reach democracy destination!Generals taking bribes badly r innocent? Cronies also?Human must like human.If u write this article truly,I think u r one of those who badly behave upon the public.U might be Tay Za's sexmate partner!Generals ' guard dog?Homosex with your father?May u have AIDS sooner or later.
88 r your father.Never insult them.The public knows who r good-for-nothing.They'll rape u all,execute also.They'll fuck u every time.
မအေလိုးတွေ ... တောင်စဉ်ရေမရလျှောက်ရေးနေတယ် ... မင်းအမေလင် စစ်တပ်ထဲမှာရော စစ်သားမယား အောင်ခြေတွေ ဘာဖြစ်နေတယ်ဆိုတာ သိရဲ့သားနဲ့ ... မင်းအဖတွေကိုဖားပြီးတော့ ရေးမနေနဲ့ ...
တော်ကွာ ဆောင်းပါးနှင့်ဒေါသတရား တခါတည်း ရောထွေးသွားပြီ
the guy who wrote this post brain is full with dog shit.
စောက်ရူး
တို့ မြန်မာ လူမျိုး အ များ စုက ခက်တယ်၊ ကိုယ် ကတော့ ဘာမှ စွမ်း ဆောင် နိုင် တာ မရှိရင် နေမယ်၊ သူများ စွမ်း ဆောင်နိုင် တာကြတော့ နာလိုကြဘူး၊ ခ ရို နီ တွေ ပ ရိုမီ တွေ လုပ် မ နေ ပါနဲ့၊ တို့ ဘာသာ အရ ကံ ကံ၏အကျိုး လို့ မှတ်ထားလိုက်ပေါ့၊ ဘာပြော ပြော အဆဲ လေးနဲ့ ကောင်တွေက အဆင့်ကို မရှိတာ၊ အ လ ကား ကောင်တွေ
Anonymous'English is very poor.He must b only grade 1 Municipalsstudent.Let forgive them!
ဟေ့ ငါ က ခရို နီ တွေနဲ့ ဘာမှ မဆိုင် ဘူး ။ ခု ဒေါ်စု က ခရိုနီ တွေ ကို အကပ် ခံနေပြီ။ ဒေါ်စု ဘေး မှာ ခရို နီ တွေ ကို ဒေါ်စု မသိ ဘူးလား။ လုံ ခြုံ ရေး လုပ် နေတဲ့ သူ တွေ လဲ ဘာလို့ အ၀င်ခံ တာ လဲ။ အကြံပေး နေတဲ့ ဘဘ ကြီးတွေ ရော ၀င် အကြံ မပေးတတ် တော့ ဘူး လား။
စောက်ရူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်