From :MWD
www.MyanmarExpress.net
ရွှေတိဂုံ စေတီတော်တွင် ပြည်တွင်း ဘုရားဖူး များပါ အင်တာနက် ကို အခမဲ့
သုံးစွဲ နိုင်ပြီ ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံးမှ သိရသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်မှ စတင်ကာ ရွှေတိဂုံ စေတီတော် သို့ ရောက်ရှိ လာသော ပြည်ပ ခရီးသွား ဧည့်သည်များကို အင်တာနက် အခမဲ့ အသုံးပြုခွင့် ပေးခဲ့ရာမှ ယခုအခါ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ပြည်တွင်း ဘုရားဖူး များကိုပါ ယင်းကဲ့သို့ အင်တာနက် ကို
အခမဲ့ သုံးစွဲခွင့် ပြုပေးနေကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော် တွင် အင်တာနက် အသုံးပြုနိုင်ရန် အတွက် ကွန်ပျူတာ ၃ လုံး ထားရှိပေးပြီး Wifi အသုံးပြုခွင့် အတွက် Password ပါဝင်သည့် ၄၅ မိနစ်စာ Access Card များကို နိုင်ငံခြားသား ဘုရားဖူးများအား
ကောက်ခံသော အလှူငွေ ကောင်တာ များတွင် သွားရောက် ထုတ်ယူနိုင်ပြီး စေတီတော် ရင်ပြင်တော် ၏ မည်သည့် နေရာမဆို လွတ်လပ်စွာ သုံးစွဲနိုင်ရန် စီစဉ် ပေးထားကြောင်း သိရှိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်