From : http://www.kachindailynews.com/2013/02/kia_788.html
www.MyanmarExpress.net
ကချင်ပြည်နယ်မြို့လှမြို့နယ်အတွင်းရှိ(၉)မိုင်ရွာအနီးတွင် ရွှေတူးနေကြသော ဒေသခံများထံမှ ဖေဖော်ဝါရီလ (၈) ရက်နေ့ တွင် KIA အဖွဲ့မှ
ဆက်ကြေးကောက်သွားခဲ့ကြောင်း သိရသည်။
(၉)မိုင်ရွာအနီးရှိ ရွှေတွင်းများတွင်
ဒေသခံအရပ်သား(၃၀)ဦးခန့်မှ စက်ဆိုင်း(၁၂)ဆိုင်းခန့်ဖြင့် ရွှေတူးကြစဉ် KIA အဖွဲ့မှ အင်အား
(၁၀)ဦးခန့်သည် ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ရွှေဆိုင်း (၁) ဆိုင်းလျှင် ငွေ (၅)
သိန်းကျပ် နှင့် လူတစ်ဦးလျှင် ငွေ (၅၀၀၀)ကျပ်နှုန်း ကောက်ခံသွားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်မှ ဒေသခံများသည် ရွှေတူးခြင်း၊
ရေမဆေးကျောက်ရှာဖွေခြင်း၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ခြင်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများသည်။
ယခုကဲ့သို့ တပ်မတော်နှင့် KIA အဖွဲ့ တိုက်ပွဲများ ဖြစ်ပွား ပြီး ဒေသမတည်မငြိမ်ဖြစ်ပွားနေချိန်တွင်
စားဝတ်နေရေးအတွက် ခက်ခဲစွာရပ် တည်နေ ကြကြောင်း သိရှိရသည်။ မိမိတို့ဝမ်းစာအတွက် ပင်ပန်းစွာရှာဖွေနေရချိန်တွင်
KIA မှ ဆက်ကြေးကောက်ခံမှုများ အမြဲကြုံတွေ့နေကြရ သဖြင့် စီးပွားရေးကြပ်တည်းနေကြ ရကြောင်း
ဒေသခံ များမှ ပြောပြပါသည်။
www.MyanmarExpress.net


1 comments:
ငြိမ်းချမ်းရေး မရခင် မြန်မြန် လုပ် သစ်ခိုးရောင်း ဘိန်းခိုးထုတ် ကျောက်ခိုးထုတ် ရွှေခိုးထုတ် ရသမျှ အကုန်ထုတ် ငြိမ်းချမ်းရေး ရသွားရင် ထင်သာမြင်သာ လုပ်ရမှာ Kia လည်း မရ ပွဲလန့်တုန်းဖျာခင်းချင်တဲ့သူခိုး တွေလည်းမရဖြစ်မှာမို့ သူခိုးဆီကသူဝှက်လုနေကြတာ ဘာဆန်းလဲ။ သူခိုးသေဘော်ညှိ နေကြတာကြာပါဘီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်