From : မျိုးမြန်မာ
အန်အယ်ဒီနှင့် တပ်မတော်အစိုးရအကြား မအောင်မမြင်ဖြစ်ခဲ့ရသည့် တွေ့ဆုံဆွေးနွေးမှုများစွာ အကြောင်းမရေးသားခင် ယခင်မြန်မာတီးရှော့ဖိုရမ်တွင် ကျွန်တော်ရေးသားဆွေးနွေးခဲ့သည့် ဆောင်းပါးအား အနည်းငယ် တည်းဖြတ်ကာ ပြန်လည်ဖော်ပြ ရေးသားလိုက်ပါသည်။ ထိုအရာသည် အန်အယ်ဒီပါတီနှင့် ပြည်သူ၏ ထောက်ခံမှုအကြောင်းအား ဆွေးနွေးခဲ့ခြင်းဖြစ်၏။
အန်အယ်ဒီပါတီသည် အိမ်စောင့်အစိုးရနောက်ပိုင်း မြန်မာနိုင်ငံအတွက် ပထမဆုံး ပြန်လည်ကျင်းပသည့် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဟု ဆိုနိုင်သော န၀တအစိုးရမှ ပြုလုပ်ပေးခဲ့သည့် 1990 ရွေးကောက်ပွဲတွင် ရလဒ်ပြတ်သားစွာ အနိုင်ရရှိခဲ့၏။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် အနည်းငယ် ရယ်ဖွယ်ဖြစ်နေသည်မှာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ခဲ့ပါသည်ဆိုသည်ကို ချွင်းချက်မရှိ လက်ခံခဲ့ကြသည့် အတိုက်အခံတို့အနေဖြင့် သူတို့လက်ခံခဲ့ခြင်းမှာ အဆိုပါရွေးကောက်ပွဲ၏ ကျင်းပပုံစနစ်တို့ကြောင့်လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့်ခွင့် စသည်တို့ကြောင့်လည်းကောင်း မဟုတ်ပဲ အန်အယ်ဒီပါတီ အနိုင်ရခဲ့ခြင်းကြောင့် ဖြစ်နေခြင်းပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ပါတီအနေဖြင့် အနိုင်မရရှိခဲ့ပါက ထိုကျင်းပပုံစနစ်၊ နိုင်ငံတကာ စောင့်ကြည့်ခွင့်မရခဲ့ခြင်းတို့သည် အဆိုပါရွေးကောက်ပွဲ ရလာဒ်အား အသိအမှတ်မပြုရန် အကြောင်းပြချက်များ ဖြစ်လာမည်ဆိုသည်မှာ အနိုင်မရပါက ရွေးကောက်ပွဲရလဒ်အား အသိမှတ်မပြုပဲ သပိတ်မှောက်ရန် အဆင်သင့်ပြင်ဆင်ထားခဲ့ ကြပုံတို့အား လေ့လာခြင်းအားဖြင့် မြင်တွေ့နိုင်ပေသည်။
ထို့ကြောင့် အန်အယ်ဒီပါတီသည် 90 ရွေးကောက်ပွဲရလဒ်အား ဆုပ်ကိုင်အတည်ပြုထားပါ၏။ အဘယ်ကြောင့်ဆိုသော် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်ဟု ကျွန်တော်ကောက်ချက်ချပါသည်။
ပြည်သူဘက်မှ လေ့လာကြည့်ပါမည်။
ပြည်သူသည် မိမိတို့မှ ထောက်ခံအတည်ပြုခဲ့သည့် အဆိုပါပါတီအနေဖြင့်
သို့ဆိုလျှင် အဘယ်ကြောင့် အန်အယ်ဒီအား ရွေးချယ်ခဲ့ကြပါသနည်း။
အဓိကအကျဆုံး အချက်မှာ မဆလအားဆန့်ကျင်ရုံ မဲပေးကြခြင်းဖြစ်၏။ မဆလအစိုးရအပေါ် စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော ပြည်သူသည် ထိုအစိုးရမဟုတ်ရင် ပီးရောဆိုသည့် စိတ်ဓါတ်နှင့် မဲပေးခဲ့ခြင်းသည် အဓိကအချက်ဟု ကျွန်တော်မြင်ပါသည်။
စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ပြည်သူသည် မဆလအစိုးရအား ဆန့်ကျင်ရုံပီးရော မဲပေးချိန်တွင် များပြားလှသော ဘာမှန်းမသိသည့် ပါတီများအကြား အဘယ့်ကြောင့် အန်အယ်ဒီအား မဲပေးခဲ့ပါသနည်း။ ထိုအချိန်က အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်ပြုတ်များ၊ စစ်အရာရှိဟောင်းများနှင့် ဒေါ်စုကြည်တို့ ဦးဆောင်နေပါ၏။ ပြည်သူသည် ထိုအရာရှိပြုတ်များဟာ စိတ်မ၀င်စားလှသည့်အပြင် အမြင်မကြည်သည့် စိတ်သည်ပင် ရှိကြပါ၏။ ဒေါ်စုကြည်သည်လည်း ပြည်သူ့အနေဖြင့် မိုးကျနတ်သမီးအလား ဘာမှန်းမသိပဲ ရုတ်တရက်ပေါ်လာသော အရာကြီးတစ်ခု ဖြစ်နေပါသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်သည် ပြည်သူသို့ ကြီးစွာလွှမ်းမိုးမှု ပြုပါတော့၏။ မဆလအား ဆန့်ကျင်စိတ်ဖြင့် ဘယ်သို့ ကပ်ရမည်မသိသော လမ်းပျောက်ပြည်သူသည် ဗိုလ်ချုပ်အရှိန်ဖြင့် ဒေါ်စုကြည်ထံစုရုံးကြပါ၏။ နိုင်ငံခြားမှ ပညာတတ်ကြီးဖြစ်သည်ဆိုသည့် အမြင်ကလည်း သူတို့အား ပိုမိုအထင်ကြီးစေပါ၏။
ထိုသို့လေ့လာမိသောအခါ 1990 ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါသည်ဆိုသည့် အန်အယ်ဒီပါတီသည် မည်သည့် ဒီမိုကရေစီစနစ်၊ လမ်းစဉ်၊ နိုင်ငံရေးလမ်းကြောင်း၊ စွမ်းဆောင်အားထုတ်မှုအရည်အချင်းတို့ ကြောင့်မှမဟုတ်ပဲ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများ၊ မှီရာစွဲကပ်မှုများဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပါတီအား နိုင်ငံရေးအမြင်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်သောကြောင့်လည်း ပါတီအနေဖြင့် မူလဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းမှ အဘယ်မျှသွေဖယ်နေပြီဆိုသည်ကိုလည်း သတိမထားမိကြပါတော့ချေ။ ထိုသို့ လမ်းကြောင်းမမှန်သော ရွေးချယ်မှုရလဒ်ကြောင့်လည်း သက်တမ်းနုလှသော ပါတီ၏ အတွင်းပိုင်းဖွဲ့စည်းပုံသည်ပါ စနစ်ကျသည့် လမ်းစဉ်အားအခြေမခံနိုင်တော့ပဲ ပုဂ္ဂလိက လွှမ်းမိုးမှုကိုသာ အားထားအမှီပြုရသည့် အခြေအနေသို့ ရိုက်ခတ်ခြင်း ခံရပါတော့၏။
သို့သော် ပါတီအနေဖြင့် ပြန်ကြည့်မည်ဆိုလျှင်လည်း အဆိုပါအချိန်သည် ရှုပ်ထွေးလှသော အခြေအနေအတွင်း ပါတီအား အသေအချာတည်ဆောက်ရန် အချိန်မပေးနိုင်သော၊ အမျိုးမျိုးပြောင်းလဲနေသော အနေအထားများကြားတွင် မိမိတို့၏ လမ်းစဉ်များ အယူဝါဒများသည်ပင် စမ်းတ၀ါးဝါးနိုင်နေသော အခြေအနေဖြစ်ပါ၏။ နုနယ်လှသော ပါတီသက်တမ်းသည်လည်း ပြောင်မြောက်သော စွမ်းဆောင်ချက်များ နိုင်ငံအကျိုးပြု လုပ်ငန်းများအား လုပ်ဆောင်ရန် မဖြစ်နိုင်သေးသော အခါလည်း ဖြစ်ပေသည်။
အံ့သြောဖွယ်ကောင်းသည်မှာ ယခုအနှစ်နှစ်ဆယ်ကြာမြင့်ပီးနောက် မြန်မာ့နိုင်ငံရေး အခြေအနေဖြစ်ပါသည်။
ထိုသို့ ထိုသို့လေ့လာမိသောအခါ။ ကျွန်တော်တို့သည် နိုင်ငံအား ဆက်လက်မောင်းနှင်ရန် လွန်ခဲ့သည့် ဆယ့်ရှစ်နှစ်ကျော်က ဖုတ်ပူမီးတိုက်နိုင်လှသည့် ရလဒ်တစ်ခုကိုသာ မဖြစ်မနေ ဖက်တွယ်ထားသင့် ပါသည်လား။ ပါတီ၏ ပျက်ယွင်းနေသော အနေအထားများအား လစ်လျူရှုပေးထားသင့်ပါသည်လား။ ထို့ကြောင့် အန်အယ်ဒီပါတီအနေဖြင့် မိမိအချိန်များအား လွန်ခဲ့သည့် ရလဒ်အပေါ်တွင်သာ ဖက်တွယ်လျှက် ချစားသကဲ့သို့ အကုန်ခံမည့်အစား တပ်မတော်အစိုးရမှ မဖြစ်မနေဦးဆောင်ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ဒုတိယအကြိမ် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဖြစ်စေရန် လိုအပ်သည့် အချက်များအား ဖိအားပေးဆောင်ရွက်ခြင်းကိုသာ အဓိကထား လှုပ်ရှားရန်သင့်ပါ၏။ တဖက်မှလည်း ပါတီအား စည်းစနစ်ကျန ခိုင်မာသည့် အဆင့်မှီ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုပြင်သင့်သည်ဟု ယူဆပါသည်။ လက်ရှိအခြေအနေနှင့် အစိုးရအပေါ် ငြီးငွေ့စိတ်ပျက်နေသော ပြည်သူအများစုသည်လည်း ပါတီအား ထောက်ခံရန်အသင့်ရှိနေကြမည်ဟု လေ့လာမိ၏။
ုထိုသို့ပြုခြင်းအားဖြင့် ရှေ့ဆက်တိုးရန်လမ်းမရှိပဲ စမ်းတ၀ါးဝါးနိုင်လှသော ပါတီအနေဖြင့် ကောင်းမွန်သော ရလဒ်ဖြစ်ထွန်းမည် ဖြစ်မည့်အပြင် နိုင်ငံအတွက်လည်း တည်ငြိမ်မှုများဖြင့် ရှေ့ဆက်နိုင်မည်ဖြစ်ပေ၏။ ထို့ကြောင့် နိုင်ငံအတွက်ဟုဆိုကာ လှုပ်ရှားနေကြသည့်၊ ရုန်းကန်ခဲ့ကြသည့်၊ စွန့်လွှတ်ခဲ့ကြသည့် သင်တို့၏နှစ်နှစ်ဆယ်သည် လည်ပြန်ကြည့်မည်ဆိုလျှင် အကျပ်တည်းများဖြင့် အခက်တွေ့နေသည့် မြန်မာနိုင်ငံတော်ကြီးအား ၀မ်းနည်းဖွယ်တွေ့မြင်ရမည်ဖြစ်ပါသည်။ သင်တို့ပုံဖော်ချင်သည့် နိုင်ငံတော် ဖြစ်ခဲ့ပါသလား။ ပိုမို စိတ်ပျက်ဖွယ်ကောင်းသည်မှာ ထိုနိုင်ငံ့အကျပ်အတည်းသည် လက်ရှိအစိုးရကြောင့်သာဟု ပုံဖော်ဟစ်ကြွေးနေကြသော်လည်း သင်တို့၏လမ်းကြောင်းများ၊ လှုပ်ရှားမှုများသည် ထိုအရာများအား ပိုမိုဆိုးဝါးစေမည့် အထောက်အပံ့များသာ အစဉ်တစိုက် ဖြစ်နေခဲ့ခြင်းပင်ဖြစ်၏။ သင်တို့သည်လည်း ထိုအချက်ကို သိလျက်နှင့် မျက်ကွယ်ပြုထားခြင်းပင် ဖြစ်၏။ ထိုလမ်းကြောင်းများကိုသာ ဆက်လက်စွဲကိုင်ခြင်းဖြင့် အောင်မြင်နိုင်ပါသည်ဟု ယူဆပါသည်လား။
Myanmar Express

- မည်သည့်စနစ်၊ နိုင်ငံရေး လမ်းကြောင်းဖြင့် နိုင်ငံတော်အား ပုံဖော်ဦးဆောင်မှုပြုပါမည်။
- မည်သည့် ဦးတည်ချက်များ၊ စီမံချက်များဖြင့် နိုင်ငံတော်အား တိုးတက်အောင်ပြုမည်။
- မိမိတို့အတွက် မည်သည့်အခွင့်အရေးများ၊ ဘ၀အာမခံချက်များအား တိုးမြင့်ပေးမည့် အစီအစဉ်များ ချမှတ်ထားသည်
အစရှိသော မဲပေးသူတစ်ဦးမှ သိထားသင့်သည့် ရမည့် အခြေခံအကျဆုံးအချက်များကိုပင် မသိရှိခဲ့ပါ။ အခြားခြားသော စီးပွားရေး၊ နိုင်ငံခြားရေး၊ ပညာရေးစသော အချက်များကိုမူ ထည့်သွင်းပင် မစဉ်းစားနိုင်သည့် အခြေအနေတွင် ရှိခဲ့ပါသည်။
သို့ဆိုလျှင် အဘယ်ကြောင့် အန်အယ်ဒီအား ရွေးချယ်ခဲ့ကြပါသနည်း။
အဓိကအကျဆုံး အချက်မှာ မဆလအားဆန့်ကျင်ရုံ မဲပေးကြခြင်းဖြစ်၏။ မဆလအစိုးရအပေါ် စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော ပြည်သူသည် ထိုအစိုးရမဟုတ်ရင် ပီးရောဆိုသည့် စိတ်ဓါတ်နှင့် မဲပေးခဲ့ခြင်းသည် အဓိကအချက်ဟု ကျွန်တော်မြင်ပါသည်။
စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ပြည်သူသည် မဆလအစိုးရအား ဆန့်ကျင်ရုံပီးရော မဲပေးချိန်တွင် များပြားလှသော ဘာမှန်းမသိသည့် ပါတီများအကြား အဘယ့်ကြောင့် အန်အယ်ဒီအား မဲပေးခဲ့ပါသနည်း။ ထိုအချိန်က အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်ပြုတ်များ၊ စစ်အရာရှိဟောင်းများနှင့် ဒေါ်စုကြည်တို့ ဦးဆောင်နေပါ၏။ ပြည်သူသည် ထိုအရာရှိပြုတ်များဟာ စိတ်မ၀င်စားလှသည့်အပြင် အမြင်မကြည်သည့် စိတ်သည်ပင် ရှိကြပါ၏။ ဒေါ်စုကြည်သည်လည်း ပြည်သူ့အနေဖြင့် မိုးကျနတ်သမီးအလား ဘာမှန်းမသိပဲ ရုတ်တရက်ပေါ်လာသော အရာကြီးတစ်ခု ဖြစ်နေပါသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်သည် ပြည်သူသို့ ကြီးစွာလွှမ်းမိုးမှု ပြုပါတော့၏။ မဆလအား ဆန့်ကျင်စိတ်ဖြင့် ဘယ်သို့ ကပ်ရမည်မသိသော လမ်းပျောက်ပြည်သူသည် ဗိုလ်ချုပ်အရှိန်ဖြင့် ဒေါ်စုကြည်ထံစုရုံးကြပါ၏။ နိုင်ငံခြားမှ ပညာတတ်ကြီးဖြစ်သည်ဆိုသည့် အမြင်ကလည်း သူတို့အား ပိုမိုအထင်ကြီးစေပါ၏။
ထိုသို့လေ့လာမိသောအခါ 1990 ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါသည်ဆိုသည့် အန်အယ်ဒီပါတီသည် မည်သည့် ဒီမိုကရေစီစနစ်၊ လမ်းစဉ်၊ နိုင်ငံရေးလမ်းကြောင်း၊ စွမ်းဆောင်အားထုတ်မှုအရည်အချင်းတို့ ကြောင့်မှမဟုတ်ပဲ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများ၊ မှီရာစွဲကပ်မှုများဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပါတီအား နိုင်ငံရေးအမြင်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်သောကြောင့်လည်း ပါတီအနေဖြင့် မူလဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းမှ အဘယ်မျှသွေဖယ်နေပြီဆိုသည်ကိုလည်း သတိမထားမိကြပါတော့ချေ။ ထိုသို့ လမ်းကြောင်းမမှန်သော ရွေးချယ်မှုရလဒ်ကြောင့်လည်း သက်တမ်းနုလှသော ပါတီ၏ အတွင်းပိုင်းဖွဲ့စည်းပုံသည်ပါ စနစ်ကျသည့် လမ်းစဉ်အားအခြေမခံနိုင်တော့ပဲ ပုဂ္ဂလိက လွှမ်းမိုးမှုကိုသာ အားထားအမှီပြုရသည့် အခြေအနေသို့ ရိုက်ခတ်ခြင်း ခံရပါတော့၏။
သို့သော် ပါတီအနေဖြင့် ပြန်ကြည့်မည်ဆိုလျှင်လည်း အဆိုပါအချိန်သည် ရှုပ်ထွေးလှသော အခြေအနေအတွင်း ပါတီအား အသေအချာတည်ဆောက်ရန် အချိန်မပေးနိုင်သော၊ အမျိုးမျိုးပြောင်းလဲနေသော အနေအထားများကြားတွင် မိမိတို့၏ လမ်းစဉ်များ အယူဝါဒများသည်ပင် စမ်းတ၀ါးဝါးနိုင်နေသော အခြေအနေဖြစ်ပါ၏။ နုနယ်လှသော ပါတီသက်တမ်းသည်လည်း ပြောင်မြောက်သော စွမ်းဆောင်ချက်များ နိုင်ငံအကျိုးပြု လုပ်ငန်းများအား လုပ်ဆောင်ရန် မဖြစ်နိုင်သေးသော အခါလည်း ဖြစ်ပေသည်။
အံ့သြောဖွယ်ကောင်းသည်မှာ ယခုအနှစ်နှစ်ဆယ်ကြာမြင့်ပီးနောက် မြန်မာ့နိုင်ငံရေး အခြေအနေဖြစ်ပါသည်။
- ပြည်သူ၏ အန်အယ်ဒီအား ထောက်ခံမှုသည် ယခင်အချိန်များနှင့် များစွာမကွာခြားလှပဲ တပ်မတော်အစိုးရအား ဆန့်ကျင်ရုံဆိုသော စိတ်သာရှိနေပြီး အခြားမည်သည့် အချက်မျှမရှိသေးပါချေ။
- လွန်ခဲ့သောကာလက မိမိတို့ ထောက်ခံအားပေးခဲ့သည့် ပါတီ၏ လမ်းစဉ်များ၊ စီမံချက်များ၊ ဦးတည်ချက်များအား သေချာစွာမသိရှိခဲ့သော ထိုသူတို့သည် ယခုအချိန်တွင်လည်း မသိရှိကြပါသေးချေ။
- ပါတီသက်တမ်းနုလှသောကြောင့် နိုင်ငံအကျိုးပြုလုပ်ငန်းများ၊ စွမ်းဆောင်ချက်များအား ဘာမှလုပ်ပြနိုင်ခဲ့ခြင်း မရှိသည့် အဆိုပါပါတီသည် အနှစ်နှစ်ဆယ်ကြာပြီးသည့် အချိန်ထိလည်း ဘာမှလုပ်မပြနိုင်သေးပါချေ။
ထိုသို့ ထိုသို့လေ့လာမိသောအခါ။ ကျွန်တော်တို့သည် နိုင်ငံအား ဆက်လက်မောင်းနှင်ရန် လွန်ခဲ့သည့် ဆယ့်ရှစ်နှစ်ကျော်က ဖုတ်ပူမီးတိုက်နိုင်လှသည့် ရလဒ်တစ်ခုကိုသာ မဖြစ်မနေ ဖက်တွယ်ထားသင့် ပါသည်လား။ ပါတီ၏ ပျက်ယွင်းနေသော အနေအထားများအား လစ်လျူရှုပေးထားသင့်ပါသည်လား။ ထို့ကြောင့် အန်အယ်ဒီပါတီအနေဖြင့် မိမိအချိန်များအား လွန်ခဲ့သည့် ရလဒ်အပေါ်တွင်သာ ဖက်တွယ်လျှက် ချစားသကဲ့သို့ အကုန်ခံမည့်အစား တပ်မတော်အစိုးရမှ မဖြစ်မနေဦးဆောင်ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ဒုတိယအကြိမ် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဖြစ်စေရန် လိုအပ်သည့် အချက်များအား ဖိအားပေးဆောင်ရွက်ခြင်းကိုသာ အဓိကထား လှုပ်ရှားရန်သင့်ပါ၏။ တဖက်မှလည်း ပါတီအား စည်းစနစ်ကျန ခိုင်မာသည့် အဆင့်မှီ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုပြင်သင့်သည်ဟု ယူဆပါသည်။ လက်ရှိအခြေအနေနှင့် အစိုးရအပေါ် ငြီးငွေ့စိတ်ပျက်နေသော ပြည်သူအများစုသည်လည်း ပါတီအား ထောက်ခံရန်အသင့်ရှိနေကြမည်ဟု လေ့လာမိ၏။
ုထိုသို့ပြုခြင်းအားဖြင့် ရှေ့ဆက်တိုးရန်လမ်းမရှိပဲ စမ်းတ၀ါးဝါးနိုင်လှသော ပါတီအနေဖြင့် ကောင်းမွန်သော ရလဒ်ဖြစ်ထွန်းမည် ဖြစ်မည့်အပြင် နိုင်ငံအတွက်လည်း တည်ငြိမ်မှုများဖြင့် ရှေ့ဆက်နိုင်မည်ဖြစ်ပေ၏။ ထို့ကြောင့် နိုင်ငံအတွက်ဟုဆိုကာ လှုပ်ရှားနေကြသည့်၊ ရုန်းကန်ခဲ့ကြသည့်၊ စွန့်လွှတ်ခဲ့ကြသည့် သင်တို့၏နှစ်နှစ်ဆယ်သည် လည်ပြန်ကြည့်မည်ဆိုလျှင် အကျပ်တည်းများဖြင့် အခက်တွေ့နေသည့် မြန်မာနိုင်ငံတော်ကြီးအား ၀မ်းနည်းဖွယ်တွေ့မြင်ရမည်ဖြစ်ပါသည်။ သင်တို့ပုံဖော်ချင်သည့် နိုင်ငံတော် ဖြစ်ခဲ့ပါသလား။ ပိုမို စိတ်ပျက်ဖွယ်ကောင်းသည်မှာ ထိုနိုင်ငံ့အကျပ်အတည်းသည် လက်ရှိအစိုးရကြောင့်သာဟု ပုံဖော်ဟစ်ကြွေးနေကြသော်လည်း သင်တို့၏လမ်းကြောင်းများ၊ လှုပ်ရှားမှုများသည် ထိုအရာများအား ပိုမိုဆိုးဝါးစေမည့် အထောက်အပံ့များသာ အစဉ်တစိုက် ဖြစ်နေခဲ့ခြင်းပင်ဖြစ်၏။ သင်တို့သည်လည်း ထိုအချက်ကို သိလျက်နှင့် မျက်ကွယ်ပြုထားခြင်းပင် ဖြစ်၏။ ထိုလမ်းကြောင်းများကိုသာ ဆက်လက်စွဲကိုင်ခြင်းဖြင့် အောင်မြင်နိုင်ပါသည်ဟု ယူဆပါသည်လား။
Myanmar Express
3 comments:
တပ်မတော်ဟာ အန်အယ်လ်ဒီအတွက်လည်း မဖြစ်သင့်ဘူး အုပ်စုတစ်စုတည်းတွက် မဖြစ်သင့်ဘူး ပြည်သူတွက်ဖြစ်သင့်တယ်
ဒါပေမယ့် ပြည်သူအများစုကလည်း အတွေးခေါ်မရှိတော့ခက်တယ်
အသက်၄၀ကျော် သွေးဆုံးခါနီးမှ တစခန်းထပြီး ပြန်လာတဲ့ မိန်းမကြီးက ဖေဖေတည်ဆောက်ပေးခဲ့တဲ့ တပ်မတော်ပါဆိုပြီး မဏာထယူတာကို အဟုတ်ထင်
VOA DVB RFA တို့ကို အဟုတ်ထင် အဲဒီထဲက မိတ်ကပ်အဖွေးသားနဲ့ ဒေါ်စုအတိုင်းဖက်ရှင်ပြချင်တဲ့ သာကူးညာစားခင်ခင်အိ ဆုမွန်နဲ့ ဖာမျက်နှာမအင်ကြင်းနိုင်တို့ရဲ့ အညုအနုတွေကို သွားရေကျ
ထောင်ကထွက်ထွက်ချင်းစောက်ရှက်မရှိပဲ ဗိုလ်ချုပ်ခင်ညွှန့်အိမ်ကိုလိုက်သွား နောက်တော့ စောက်တင်းချတဲ့ အောက်တန်းစား ပျက်စီးနေတဲ့တကယ့်လူပျက် ကတုံးဇာဂနာကို သူရဲကောင်းထင်
အဲသလို ဥာဏ်မဲ့တွေများတော့လည်း ခက်တယ်
ဒါပေမယ့် ဘယ်သူစည်းကမ်းပျက်ပျက် ကိုယ်မပျက်အောင်လုပ်ပါ
အွန်လိုင်းမှာ မိန်းကလေးဟန်ဆောင်ပြီး ရုရှားကပညာတော်သင်စစ်ဗိုလ်တွေဆီက သတင်းနှိုက်နေတာတွေကိုလည်း သတိထားပါ
ဒေါ်စုကြီးကို လုပ်ကြံမယ် သတ်ချင်တယ်ဆိုတာတွေကိုလည်း မတင်နဲ့ဟေ့ သူတို့အချင်းချင်း မကြိုက်ပဲ တပ်မတော်ကိုပုံချဖို့ကြံနေတာ
ဒေါ်စုကို သူတို့အချင်းချင်းစောင့်ကြည့်နေတယ် ၈၈ တွေကလည်း မလေးစားဘူး သူတို့ဆွဲတင်ခဲ့ရသူလို့ခံယူတယ် နိုင်ငံရေးနကန်းတလုံးမှ မသိဘဲ နိုင်ငံခြားပညာလေး မတောက်တခေါက်တပ်လာပြီး လူကြီးတွေကို လူတွင်ကျယ်လူစွာမ လာလုပ်နေတာကို ဥာဏ်မရှိတဲ့ဒီမိုအများစုကမသိပေမယ့် ဒေါက်တာလွမ်းဆွေတို့ မိုးသီးဇွန်တို့က ဒီမိန်းမကြီးကို စောင့်ကြည့်နေတာ
မင်းတို့က..ငါကွန်မန့်..ရေးတင်မှာလားကွာ..????
အော်... အဲ့သလို
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်