Subscribe to our RSS Feed

အိုင်ဗရီကို့စ် ကမ်းလွန်တွင် ပြင်သစ် လောင်စာဆီ သင်္ဘော ပြန်ပေးဆွဲ ခံရ

From : မြဝတီ


တိုဂိုလူမျိုး သင်္ဘောသား ၁၉ ဦး လိုက်ပါခဲ့သည့် ပြင်သစ် လောင်စာဆီတင် သင်္ဘော တစ်စင်းသည် အိုင်ဗရီကို့စ် ကမ်းလွန်တွင် အနုကြမ်းစီး ခံရကြောင်း အဘီဂျန်မြို့မှ တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။

ယင်း သင်္ဘောသည် နိုင်ငံတကာ ရေပိုင်နက်တွင် အနုကြမ်းစီး ခံရခြင်း ဖြစ်ကြောင်း၊ ထိုနေရာသည် ပင်လယ် ဓားပြများ ကျက်စားသည့် နေရာသစ် တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်ကို စိုးရိမ်ရကြောင်း ဆိပ်ကမ်း ဆက်သွယ်ရေး အဖွဲ့မှ အကြီးအကဲ တစ်ဦးဖြစ်သူ အဲလက်စ်ဂွေက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

Gascogne အမည်ရှိ ယင်း လောင်စာဆီတင် သင်္ဘောသည် လူဇင်ဘတ် နိုင်ငံအလံ လွှင့်ထူထားပြီး တိုဂို နိုင်ငံသား သင်္ဘောသား ၁၉ ဦး လိုက်ပါ လာခဲ့ကြောင်း ပြင်သစ် အစိုးရက ပြောကြား ခဲ့သည်။

အဆိုပါ သင်္ဘော ပြန်ပေးဆွဲ ခံရခြင်းနှင့် စပ်လျဉ်း၍ ယခု အချိန်အထိ ဓားပြများ ဘက်မှ တောင်းဆိုမှု တစ်စုံ တစ်ရာ မရှိသေးသည့် အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ကြောင်း၊ အိုင်ဗရီကို့စ် ကမ်းရိုးတန်း အလွန် ကီလိုမီတာ ၃ဝဝ ကျော်တွင် ဖြစ်ပွား ခဲ့သောကြောင့် မိမိတို့ ရေပိုင်နက် အတွင်း ဖြစ်ပွားခြင်း မဟုတ်ဟု ပြင်သစ် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ရေကြောင်းဆိုင်ရာ ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်