From : မြဝတီ
www.MyanmarExpress.net
ထူးချွန် ထက်မြက်သည့် သားသမီးများ အတွက် ဂုဏ်မယူ လိုသည့် မိဘ ဟူ၍ ရှိမည် မထင်ပေ။
မိဘအများစုမှာ ၄င်းတို့၏ သားသမီးများ ဥာဏ်ရည် ထက်မြက်မှု အတွက် ဂုဏ်ယူ
လိုကြသည်ချည်း ဖြစ်သည်။ ယင်းကဲ့သို့ ဥာဏ်ရည် ထက်မြက်သော သားသမီးများကို
ပိုင်ဆိုင် ထားသော မိဘများအနက် သုံးနှစ်သားလေး ရှာဝင်ဆာရာဘီ၏ မိဘများ
သားငယ်အတွက် ဂုဏ်ယူ နိုင်မှုမှာ အံ့မခန်း ဖြစ်သည်။
သုံးနှစ်သာ ရှိသေးသည့် ရှာဝင် လေးသည် ဂဏန်း အရေအတွက်ကို
၂ဝဝ အထိ ရွတ်ဆို နိုင်ပြီး ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများကိုလည်း
ရွတ်ဆိုပြနိုင်ခဲ့သည်။ ၄င်း၏ အိုင်ကျူ ရမှတ် အဆင့်မှာ ၁၃၆ မှတ်ဟု သိရသည်။
အိုင်ကျူ ရမှတ် ၁၃၆ မှတ် ရှိခြင်းကြောင့် ကမ္ဘာ့ လူဦးရေ၏
တစ်ရာခိုင်နှုန်းခန့်သာ ရှိသော ဥာဏ်ရည် အဆင့်မြင့်သူများ စာရင်းတွင် တစ်ဦး
အပါအဝင် အဖြစ် သတ်မှတ် ခံခဲ့ရသည်။
ရှာဝင်သည် ယော့ခ်ရှိုင်းယား
ပြည်နယ် တောင်ပိုင်း ဘန်းစလေမြို့မှ ဖြစ်ပြီး ယခုအချိန်တွင် အိုင်ကျူ
မြင့်မားသူများဖြင့်သာ ဖွဲ့စည်းထားသော Mensa အဖွဲ့အစည်း၏ အသက် အငယ် ဆုံး
အဖွဲ့ဝင် တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။
ရှာဝင်၏ reading ageကို တိုင်းတာရာတွင် အဆင့်ခြောက် ရှိသည်ကို
တွေ့ရှိရသည်။ ၄င်းသည် ၁ဝလသား အရွယ်၌ စကား စတင်ပြောခဲ့ပြီး လပေါင်း ၂ဝ အကြာတွင် ဝါကျရှည်များကို ပြောဆို နိုင်ခဲ့သည်ဟု သိရသည်။
အသက် နှစ်နှစ် အရွယ်တွင် ရှာဝင်သည် စာကို ဖတ်ရှုနိုင်ပြီ ဖြစ်ပြီး ဂဏန်း
အရေအတွက် ကိုလည်း ၂ဝဝ အထိ ရွတ်ဆို နိုင်ခဲ့သည်။ ထို့အပြင် နေအဖွဲ့ အစည်း
အတွင်းရှိ ဂြိုဟ်များ၊ အလံများနှင့် နိုင်ငံများ၏ အမည်များ၊ ခန္ဓာကိုယ်
ပြင်ပ အစိတ်အပိုင်းများနှင့် အတွင်း အင်္ဂါ အစိတ်အပိုင်း များကိုလည်း အလွတ်
ရွတ်ဆို နိုင်ခဲ့သည်။
၎င်း၏ ဖခင်ဖြစ်သူမှာ ဒါဗွတ်ဒ် အသက် ၃၇
နှစ်ဖြစ်ပြီး မိခင် ဖြစ်သူမှာ အမန်ဒါ ဆာရာဘီ အသက် ၃၆ နှစ်ဖြစ်သည်။
မိခင်ဖြစ်သူ ဆာရာဘီမှာ ယခင်က ကျောင်းဆရာမ တစ်ဦးဖြစ် သည်ဟု သိရသည်။ သူမ၏
သားငယ် လေးသည် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံတိုင်းကို အလံများနှင့် တွဲ၍
ပြောပြနိုင်ပြီး ခန္ဓာကိုယ် အတွင်းရှိ အင်္ဂါ အစိတ်အပိုင်း တစ်ခုချင်းစီ၏
ဆောင်ရွက်ချက် များကိုလည်း ရှင်းပြနိုင်ကြောင်း မိခင်ဖြစ်သူ ဆာရာ ဘီက
ပြောကြားသည်။
www.MyanmarExpress.net
ထူးချွန် ထက်မြက်သည့် သားသမီးများ အတွက် ဂုဏ်မယူ လိုသည့် မိဘ ဟူ၍ ရှိမည် မထင်ပေ။
မိဘအများစုမှာ ၄င်းတို့၏ သားသမီးများ ဥာဏ်ရည် ထက်မြက်မှု အတွက် ဂုဏ်ယူ လိုကြသည်ချည်း ဖြစ်သည်။ ယင်းကဲ့သို့ ဥာဏ်ရည် ထက်မြက်သော သားသမီးများကို ပိုင်ဆိုင် ထားသော မိဘများအနက် သုံးနှစ်သားလေး ရှာဝင်ဆာရာဘီ၏ မိဘများ သားငယ်အတွက် ဂုဏ်ယူ နိုင်မှုမှာ အံ့မခန်း ဖြစ်သည်။
သုံးနှစ်သာ ရှိသေးသည့် ရှာဝင် လေးသည် ဂဏန်း အရေအတွက်ကို
၂ဝဝ အထိ ရွတ်ဆို နိုင်ပြီး ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများကိုလည်း ရွတ်ဆိုပြနိုင်ခဲ့သည်။ ၄င်း၏ အိုင်ကျူ ရမှတ် အဆင့်မှာ ၁၃၆ မှတ်ဟု သိရသည်။ အိုင်ကျူ ရမှတ် ၁၃၆ မှတ် ရှိခြင်းကြောင့် ကမ္ဘာ့ လူဦးရေ၏ တစ်ရာခိုင်နှုန်းခန့်သာ ရှိသော ဥာဏ်ရည် အဆင့်မြင့်သူများ စာရင်းတွင် တစ်ဦး အပါအဝင် အဖြစ် သတ်မှတ် ခံခဲ့ရသည်။
ရှာဝင်သည် ယော့ခ်ရှိုင်းယား ပြည်နယ် တောင်ပိုင်း ဘန်းစလေမြို့မှ ဖြစ်ပြီး ယခုအချိန်တွင် အိုင်ကျူ မြင့်မားသူများဖြင့်သာ ဖွဲ့စည်းထားသော Mensa အဖွဲ့အစည်း၏ အသက် အငယ် ဆုံး အဖွဲ့ဝင် တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။
ရှာဝင်၏ reading ageကို တိုင်းတာရာတွင် အဆင့်ခြောက် ရှိသည်ကို
တွေ့ရှိရသည်။ ၄င်းသည် ၁ဝလသား အရွယ်၌ စကား စတင်ပြောခဲ့ပြီး လပေါင်း ၂ဝ အကြာတွင် ဝါကျရှည်များကို ပြောဆို နိုင်ခဲ့သည်ဟု သိရသည်။
အသက် နှစ်နှစ် အရွယ်တွင် ရှာဝင်သည် စာကို ဖတ်ရှုနိုင်ပြီ ဖြစ်ပြီး ဂဏန်း အရေအတွက် ကိုလည်း ၂ဝဝ အထိ ရွတ်ဆို နိုင်ခဲ့သည်။ ထို့အပြင် နေအဖွဲ့ အစည်း အတွင်းရှိ ဂြိုဟ်များ၊ အလံများနှင့် နိုင်ငံများ၏ အမည်များ၊ ခန္ဓာကိုယ် ပြင်ပ အစိတ်အပိုင်းများနှင့် အတွင်း အင်္ဂါ အစိတ်အပိုင်း များကိုလည်း အလွတ် ရွတ်ဆို နိုင်ခဲ့သည်။
၎င်း၏ ဖခင်ဖြစ်သူမှာ ဒါဗွတ်ဒ် အသက် ၃၇ နှစ်ဖြစ်ပြီး မိခင် ဖြစ်သူမှာ အမန်ဒါ ဆာရာဘီ အသက် ၃၆ နှစ်ဖြစ်သည်။ မိခင်ဖြစ်သူ ဆာရာဘီမှာ ယခင်က ကျောင်းဆရာမ တစ်ဦးဖြစ် သည်ဟု သိရသည်။ သူမ၏ သားငယ် လေးသည် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံတိုင်းကို အလံများနှင့် တွဲ၍ ပြောပြနိုင်ပြီး ခန္ဓာကိုယ် အတွင်းရှိ အင်္ဂါ အစိတ်အပိုင်း တစ်ခုချင်းစီ၏ ဆောင်ရွက်ချက် များကိုလည်း ရှင်းပြနိုင်ကြောင်း မိခင်ဖြစ်သူ ဆာရာ ဘီက ပြောကြားသည်။

Posted in: ကမ္ဘာ့သတင်း

1 comments:
Scientologists believe that such kind of intelligent come from previous life which is similar to what Buddhist believe. They think that because of knowledge from previous life, this kid knows more than normal. Anyway Buddhists believe is more complicated than Scientologist.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်