From : aye chan mon
စင်ကာပူ ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ ပေါင်းကာ ရန်ကုန်မြို့၌ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တည်ထောင်လုပ်ကိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဖေဖော်ဝါရီလ ၆ ရက်နေ့က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး ထုတ်ပြန်ချက်များအရ သိရှိရသည်။စင်ကာပူ အခြေစိုက် Cycle & Carriage Automobile Myanmar Company Limited. (Jardine Cycle & Carriage Ltd. Singapore) နှင့် မြန်မာနိုင်ငံမှ (Automobile Century Co., Ltd. Myanmar) တို့ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းသည့် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် အခြားနိုင်ငံတကာ ကုမ္ပဏီများမှလည်း လာရောက်ဆွေးနွေးခဲ့မှုများ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ၆/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်းနှစ်ခုနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်းလေးခုအား ထပ်မံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းနှစ်ခုတွင် ယခု ကားပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ဘီယာထုတ်လုပ် ရောင်းချမည့် လုပ်ငန်းဖြစ်သည်။ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ပြည်ပစက်မှု စီမံကိန်းနယ်မြေတွင် ဘီယာစက်ရုံ တည်ထောင်ထုတ်လုပ်ခွင့်မှာ ဖက်စပ်လုပ်ကိုင်ရမည့် လုပ်ငန်းဖြစ်သည်။
www.MyanmarExpress.net

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်