From :http://www.kachindailynews.com/2013/02/blog-post_6956.html
အစိုးရနဲ့ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံမှာ မနေ့ ကကျင်းပခဲ့ကြောင်းသိရှိရပါသည်။ ဒီဆွေးနွေးပွဲဟာ အစိုးရနဲ့KIOအဖွဲ့တို့ နောက်ထပ် တစ်ကြိမ် တွေ့ဆုံညှိနှိုင်းဖို့ အကြိုဆွေးနွေးပွဲပြုလုပ်တာ ဖြစ်သည်။ ကချင်ပြည်နယ် အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကတော့ သူတို့ကချင်ပြည်နယ်မှာ မိုင်းဖောက်ခွဲသံ ရထားချိုးသံနဲ့ တိုက်ပွဲဖြစ်တဲ့ အသံတွေမကြားချင်တော့တဲ့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်အောင်မြင်မြင် ဖြစ်ဖို့ မျှော်လင့် စောင့်စားနေကြသည်။ နှစ်ဦးနှစ်ဘက် ရိုးရိုးသားသား ဆွေးနွေးနိုင်ရင် ဒီဆွေးနွေးပွဲကြီး အောင်မြင်မှာ ဖြစ်ပါတယ်။ သတင်းမီဒီယာသတင်းတွေအနေနဲ့ မိမိတို့လိုရာကိုဆွဲပြီး မေးတဲ့အမေးမျိုး၊ ရေးတဲ့အရေးမျိုး ရှောင်ရှားကြမယ် ဆိုရင်ကချင် ပြည်နယ်မှာ သေနတ်သံတွေ ရပ်စဲသွားတော့မှာ အမှန်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးအကျိုးဆောင် အဖြစ်ဆောင်ရွက်နေတဲ့ ဦးလှမောင်ရွှေကတော ``မကြာသေး ခင်အထိ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေပြီး KIA ဌာနချုပ်နားအထိ စစ်တပ်ကထိန်းချုပ်ထား လိုက်တဲ့အတွက် ဒါဟာသူတို့ကိုကို လက်လိမ်ချိုး ပြီးမှ စကားပြောဖို့ လုပ်တာမျိုးလို့ KIO ကခံစားရ ပါသလားဆိုတဲ့ အမေးမျိုးကျတော့ ခုလိုချိန်မှာမပြောသင့်ပါဘူး။ နှစ်ဦးနှစ် ဘက်ပြေပြေလည်လည် ဖြစ်တော့မယ့် အချိန်မျိုးမှာ မီဒီယာတွေဘက်ကလဲ အထူးဆင်ခြင်သင့်ပါတယ်။မီးလောင်ရာလေပင့် သဘောမျိုးတွေ ရှောင်ရှားနိုင်မှ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောင်အောင်မြင်မြင် ဆက်လုပ် သွားနိုင်မှာပါ``လို့သူ့ရဲ့ အမြင် သဘောထားကို ပြောပြခဲ့ပါသည်။
ကချင်ပြည်နယ်မှာရှိတဲ့ ကချင်လူကြီးတစ်ဦးကတော့ ``ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အတွက် အားပေး နေတဲ့ ပြည်သူတွေကို အများကြီးလေးစားပါသည်။ ရန်ကုန်ကနေ လိုင်ဇာအထိ ခြေကျင်လျှောက်နေတဲ့ အဖွဲ့သားတွေကို လည်းအားပေးသည်။ လမ်းတလျှောက်မှာ ပြည်သူတွေ လှူဒါန်းနေတဲ့ ငွေကြေးတွေကြောင့် လမ်းလျှောက်နေတဲ့သူတွေ အချင်းချင်းစိတ်ဝမ်းကွဲပြားမှု ဖြစ်မှာကိုလည်း စိုးရိမ်မိပါသည်။ ငြိမ်းချမ်းရေးဆိုတာ ခုလိုမျိုးလမ်းလျှောက်ပြရုံနဲ့ ရလာမှာတော့ မဟုတ်ပါဘူး။ KIO/KIA အဖွဲ့ရော အစိုးရဘက်ကသူတွေရော ကချင်ပြည်နယ်က တိုင်းရင်းသားအားလုံးရဲ့ ကောင်းကျိုးကို ဆောင်ရွက်ကြမယ် ဆိုတဲ့စိတ်ထားရှိမှ အောင်မြင်မှာပါ`` ဆိုပြီး ငြိမ်းချမ်းရေးအမြင်ကိုပြောပြခဲ့ပါသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်