From :popular
ပြည်သူတို့၏ တိုင်ကြားစာ၊ အသနားခံစာများသည် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် လုပ်ဆောင်နေရ၍ အချိန်ကြန့်ကြာနေရကြောင်း ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
www.MyanmarExpress.net
ပြည်သူတို့၏ တိုင်ကြားစာ၊ အသနားခံစာများသည် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် လုပ်ဆောင်နေရ၍ အချိန်ကြန့်ကြာနေရကြောင်း ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
”ပေးပို့
ထားတာတွေကို ပြည်ထောင်စုအစိုးရအဖွဲ့က ဇယားနဲ့ အကျဉ်းချုပ်ပြန်ကြား တော့
တိုင်ကြားသူ နားလည် အောင် ပြည်စုံစွာ အကြောင်း မကြားနိုင်တာမျိုးရှိနေပါ
တယ်။ တိုင်ကြားစာအချို့ကို အဆင့်မမီ တိုင်စာလို့ သတ်မှတ်ပြီး ပြည်
ထောင်စုအစိုးရအဖွဲ့က တစ်စုံ တစ်ရာဆောင်ရွက်တာမျိုး မရှိ ပါဘူး။
သက်ဆိုင်ရာသိအောင် တိုင်ကြားတာဖြစ်လို့ အမှုမှန်ဖြစ် နေရင် တိုင်ကြားသူမှာ
အရမ်း နစ်နာသွားနိုင်ပါတယ်။ အဆင့် ဆင့်သော အုပ်ချုပ်ရေးပိုင်းတာ
ဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာနတွေ က အဆင့် ဆင့်သောဝန်ထမ်း တွေဟာ
နိုင်ငံတော်သမ္မတက လမ်းညွှန်ထားတဲ့အတိုင်း လိုက် နာတာမျိုး မရှိသေးဘဲ ခေတ်
စနစ် ပြောင်းနေပေမယ့် သူတို့ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်၊ လုပ်ကိုင်ဆောင်
ရွက်မှုတွေ မပြောင်းလဲကြသေးဘဲ အရင်အတိုင်း ဆောင်ရွက်နေကြ တုန်းပါပဲ”ဟု
အထက်ပါပုဂ္ဂိုလ်က ဆိုသည်။လုပ်ငန်းပိုင်းဆိုင်ရာ အကြံပြု ချက်နှင့် ပတ်သက်၍
တိုင်ကြား၊ အသနားခံစာများကို သွက်လက်မြန် ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက်
သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ် ပေးပို့နိုင် ရန်
ပြည်ထောင်စုအစိုးရအဖွဲ့က အ ကျဉ်းချုပ်ဇယားဖြင့် ပြန်လည်ဖြေ ကြားခြင်းထက်
တိုင်ကြားသူ နား လည်လွယ်အောင် ရှင်းလင်းနိုင်ရန် အသေးစိတ်ပူးတွဲပေးပို့ရန်၊
တိုင် ကြားစာအဆင့်မမီဟုဆိုကာ ဆောင် ရွက်ခြင်းမပြုပါက နစ်နာမှုများရှိလာ
နိုင်သည်ကြောင့် ကော်မတီမှ ပေး ပို့သည့် အမှုတွဲများကို သက်ဆိုင်ရာ
အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေး ရမည်။ အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန
များသို့ ပေးပို့ဆောင်ရွက်စေရန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့်
အမှုတွဲများကို ယခုထက်ပိုမိုမြန် ဆန်စွာ ဖြေရှင်းဆောင်ရွက်ပေးရန်
လိုအပ်ပါကြောင်း ¤င်းက ထပ် လောင်းပြောကြားသည်။ အဆိုပါကော်မတီမှ လုပ်ငန်း
ဆောင်ရွက်မှုအစီရင်ခံစာကို ပထမ အကြိမ် အမျိုးသားလွှတ်တော်ဆဋ္ဌမ
ပုံမှန်အစည်းအဝေးသို့ ဇန်နဝါရီ ၂ဝ ရက်တွင် တင်သွင်းရှင်းလင်းခဲ့ ကြောင်း
သိရသည်။ တင်သွင်းခဲ့သည့် အစီရင်ခံစာ သည် ကော်မတီစတ င်ဖွဲ့စည်းစဉ်မှ
(ရက်ပေါင်း ၄၉၃ ရက်ခန့်) အတွင်း လက်ခံရရှိလာသည့် တိုင်ကြားစာ နှင့်
အသနားခံစာများနှင့် ပတ် သက်၍ ကော်မတီ၏ စိစစ်တွေ့ ရှိချက်၊ သုံးသပ်ချက်၊
အကြံပြု ဖော်ပြချက်နှင့် ဆောင်ရွက်ချက် များကို ထည့်သွင်းဖော်ပြထား သည်။
ကော်မတီမှ လက်ခံရရှိ သည့်တိုင်ကြားစာ၊ အသနားခံ စာ အမှုတွဲပေါင်း(၃၅ဝဝ)တွဲ
အား စိစစ်၍ နာယကထံသို့တင် ပြခြင်း၊ အကြောင်းအရာတူများ စုဆောင်းခြင်း၊
ဘောင်မဝင် သည်များပယ်ခြင်း၊ သက်ဆိုင် ရာ ကော်မတီများသို့ လွှဲပြောင်း
ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ ပြီးနောက် ကော်မရှင်အနေဖြင့်
အရေးယူဆောင်ရွက်ပေးနိုင် သည့် အချက်အလက်များနှင့် ကိုက်ညီသော အမှုတွဲ (၅၂၉)
တွဲကို ဖြေရှင်းပေးခဲ့သည်ဟု သိရသည်။

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်