From : http://www.oppositeyes.info/2013/02/blog-post_6.html
www.MyanmarExpress.net
တကယ်တော့ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု သမိုင်း တစ်လျှောက်တွင်
ကေအိုင်အေက ထိုကဲ့ သို့ အမြဲ လုပ်ဆောင် ခဲ့သည်သာ ဖြစ်သည်။ ထိုအဖြစ်အပျက်
များကို အများ သိနိုင်အောင် မိမိမှတ်သား ထားေ သာ အချက်အလက်များ၊
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါဝင်ခဲ့သော ကချင်ပြည်နယ် ကောင်စီ (လမ်းစဉ်
ပါတီခေတ်) က မိတ်ဆွေများကို ပြန်မေးပြီး တင်ပြ လိုက်ရပါသည်။
ကေအိုင်အို သောင်းကျန်းမှု
==============
ကေအိုင်အို သောင်းကျန်းမှုသည် ဦးနု၏ နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေး
ကတိပြုချက်ကြောင့် အစပြုခဲ့ခြင်း ဖြစ် သည်။ ၁၉၆၀ ပြည့်နှစ်တွင် ကေအင်န်ယူ
အဖွဲ့တွင်း ရောက်နေပြီး ကွတ်ခိုင်ဒေသတွင် မြေအောက် စည်း ရုံးရေး လုပ်ရန်
ပြန်ရောက်နေသော ဇော်ဆိုင်း၊ ၎င်း၏ညီ တက္ကသိုလ် ကျောင်းသားများ ဖြစ်သည့် ဇော်
တူး၊ ဇော်ဒန် ဆိုသည် ဇော်ညီအကို သုံးယောက်နှင့် ကေအင်ယူမှ စစ်ရေးအကြံပေး
အဖြစ် ထည့်ပေး လိုက် သည့် ဇော်ဘောက်ခေါ် ဂျီလစ်လင်း၊ အစိုးရတပ်မှ ထွက်လာသည့်
တပ်ကြပ်အဆင့်ရှိ လမုန် တူးဂျိုင် တို့ ပေါင်းပြီး စတင် တည်ထောင်ခဲ့ခြင်း
ဖြစ်သည်။ ကေအိုင်အို ( Kachin Independent Organization ) ကို ပထမ
ဖွဲ့ပြီးနောက်တော့ ကေအိုင်အို လက်အောက်ခံ ကေအိုင်အေ ( Kachin Independent
Army) ကို ဖွဲ့စည်းခဲ့သည်။
စတင်ဖွဲ့စည်းစက ကေအိုင်အိုတွင် လူနှစ်ဆယ်ကျော်သာ ရှိသော်လည်း ၁၉၆၁ ခုနှစ်
သြဂုတ်လတွင် ဗုဒ္ဓ ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်း ပြီးချိန်တွင်မူ
အင်အား သုံးရာကျော် အထိ တိုးလာခဲ့သည်။ ထိုနှစ်တွင်ပင် တရုတ်-မြန်မာ
နယ်နမိတ် စာချုပ်ကို လက်မှတ် ရေးထိုးရာတွင် ကချင်ပြည်နယ် အတွင်းမှ ဖီမော်၊
ဂေါ်လန်၊ ကန်ဖာသုံးနယ်ကို တရုတ်ကို ပေးအပ်ခဲ့ရပြီး တရုတ်ဘက်မှ နမ်းခမ်းဘက်မှ
နယ်မြေ အချို့၊ ၀ဒေသ နယ်မြေ အချို့ကို အပြန်အလှန် ပေးခဲ့ရသည်။ သို့သော်
ဦးနု အစိုးရက ကချင်ခေါင်းဆောင် များနှ င့် တိုင်ပင်ခြင်း မရှိဘဲ ဆောင်ရွက်
ခဲ့သဖြင့် ကချင်လူထုအတွင်း မကျေနပ်မှုများ ပိုမိုများပြားလာက ဗန်းမော်၊
မြစ်ကြီးနား ဒေသများတွင်ပါ ကေအိုင်အေ တပ်ဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့သည်။
(ထိုသုံးနယ်ကို ပေးလိုက်ရသည့် အတွက် ပြန်ရသည့် ဒေသများက ပိုကောင်း သော်လည်း
ကချင်ပြည်သူများ၏ သဘော မ ပါ သဖြင့် နာကျည်း ဖွယ် ဖြစ်ခဲ့ရသည့် သင်ခန်းစာ
ယူပြီး ယခု အခြေခံ ဥပဒေတွင် ပြည်နယ်၊ တိုင်းဒေသ တစ်ခု ၏ နယ်နမိတ်ကို
ပြင်ဆင်ရန် လိုအပ်ပါက သက်ဆိုင်ရာ ဒေသ ပြည်သူများ၏ ဆန္ဒခံယူပြီးမှ လုပ်ရမည်ဟု
ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။ )
ကေအိုင်အိုနှင့် ပထမအကြိမ် ဆွေးနွေးမှု
=====================
၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်
တော်လှန်ရေး ကောင်စီ၏ ကမ်း လှမ်း ချက်ကို ထုတ်ပြန်ခဲ့သည်။ တပ်မတော်
တပ်ဖွဲ့များကို စစ်ဆင်ရေးများ ရပ်ဆိုင်းထားပြီး လက်ရှိ နေရာ များ၌
တပ်စွဲထားရန်၊ တောတွင်း လက်နက်ကိုင် တပ်ဖွဲ့များက လာရောက် ဆက်သွယ်ပါက
အကူအညီ ပေးရန်၊ ရန်ကုန်သို့ လာရောက်နိုင်ရေး စီစဉ် ပေးရန် ညွန်ကြားခဲ့သည်။
ထိုသို့ လာရောက် ဆွေးနွေးရာတွင် ကေအိုင်အိုဘက်က ဇော်ဒန်ဦးစီးသော အဖွဲ့လည်း
လာရောက် ဆွေးနွေး ခဲ့သည်။ ဆွေးနွေးမှုကို ၁၉၆၃ ခုနှစ် စက်တင်ဘာလ ၁
ရက်နေ့တွင် စတင်ခဲ့သည်။ ထိုဆွေးနွေး ပွဲတွင် ကေအိုင်အိုက အောက်ပါ
အချက်များကို တရားသေ စွဲကိုင် တင်ပြခဲ့သဖြင့် တော်လှန်ရေး ကောင်စီ ဘ က်က
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဆွေးနွေးပွဲ ကို ရပ်ဆိုင်းခဲ့ရသည်။
(၁) တိုင်းရင်းသား လူမျိုးများ အားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရန်နှင့် ခွဲထွက်ခွင့်ပြုရန်။
(၂) သီးခြားလွတ်လပ်သော ကချင်ပြည်နယ် ထူထောင်ခွင့်ပြုရန်။
(၃ ) ဗမာပြည်နှင့် ကချင်ပြည်အကြား နှစ်ပြည်ထောင် ဆက်ဆံရေးစာချုပ် လက်မှတ်ထိုးရန်။
ကေအိုင်အိုနှင့် ဒုတိယအကြိမ် ဆွေးနွေးမှု
=====================
ဒုတိယအကြိမ် ဆွေးနွေးမှုမှာ လမ်းစဉ်ပါတီ လက်ထက် ဖြစ်သည်။၁၉၆၈ ခုနှစ်၌
မြန်မာနိုင်ငံ အရှေ့မြောက် ဘက် ရှမ်းပြည်နယ် အတွင်းသို့ တရုတ်နိုင်ငံ၏
အားပေး ထောက်ခံမှုဖြင့် ဗကပတပ်ဖွဲ့များ ဝင်ရောက် လာပြီးေ နာက် ဗကပနှင့်
ကေအိုင်အေ တို့ကြား ကွတ်ခိုင်၊ တာမိုးညဲ ဒေသတွင် နယ်မြေလု တိုက်ပွဲများ
အပြင်းအထန် ဖြစ်ပွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ကေအိုင်အို အဖွဲ့အတွင်း
ဂျင်းဖော မျိုးနွယ်စုများ၏ လူမျိုးကြီးဝါဒ ကျင့်သုံးမှုကို မကျေနပ်သဖြင့်
ဦးစခုန်တိန်ယိန်း ခေါင်းဆောင်သည့် မရူနှင့် လချိတ်အုပ်စုများ ခွဲ ထွက်ပြီး
ဗကပနှင့် ပူးပေါင်းသွားသဖြင့် မြစ်ကြီးနား၊ ၀ိုင်းမော် ဒေသတွင်ပါ ဗကပနှင့်
ကေအိုင်အေကြား နယ်မြေ လုတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ ဗကပဘက်က ဖိအား များလာချိန်တွင် ၁၉၇၂ ခုနှစ် နှစ်ဦးပိုင်းတွင်
ကေအိုင်အေက တပ်မတော်နှ င့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။
ထို့ကြောင့် တပ်မတော်က ယာယီ အပစ်အခတ် ရပ် စဲရေးကို လက်ခံပြီး ၇၂ ခုနှစ်
မေလတွင် ကေအိုင်အို ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနိုင်ရန် အ တွက်
ကေအိုင်အို ခေါင်းဆောင်များနှင့် တပ်ဖွဲ့များကို တပ်မတော်က
ထိန်းသိမ်းထားသည့် နယ်မြေများကို ဖြတ် သန်းပြီး တရုတ်နယ်စပ်သို့
ခရီးသွားခွင့် ပြုခဲ့သည်။ သို့သော် ကေအိုင်အိုက ထိုခွင့်ပြုချက်ကို
အခွင့်ကောင်း ယူ၍ ဖားကန့်ဒေသမှ ကျောက်စိမ်းများကို၊ မေခ မလိခကြား
တြိဂံဒေသမှ ဘိန်းများကို သယ် ယူ သွားပြီး ရန်ပုံငွေ ရှာဖွေခြင်း၊
တပ်မတော်မှ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ဝင်ရောက်ြ ပီး
ကျေးရွာကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းခြင်းတို့ ပြုလုပ်ခဲ့သည့် အပြင်
တပ်မဟာ(၄) ကိုလည်း တိုးချဲ့ ဖွဲ့ စည်း ခဲ့သည်။ ထိုကဲ့သို့ အပစ်အခတ်
ရပ်စဲရေးကို အသုံးချပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေး ရမည့် အစား
တပ်တည်ဆောက်ရေးကို လုပ်ဆောင်လာခဲ့သည့် အတွက် ထိုနှစ် အောက်တိုဘာ လတွင်
တပ်မတော် ဘက်က အပစ်အခတ် ရပ်စဲရေးကို ဖျက်သိမ်းခဲ့ ရသည်။
ကေအိုင်အိုနှင့် တတိယအကြိမ် ဆွေးနွေးမှု
======================
လမ်းစဉ်ပါတီ လက်ထက် နိုင်ငံတော်ကောင်စီ အမိန့် ၂/ ၈၀ နဲ့
လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးပြီး နောက် ပိုင်း တွင် ကေအိုင်အေက
ကြားလူကြီးများက တဆင့် လာရောက် ဆက်သွယ်တဲ့အတွက် ၁၉၈၀ ခုနှစ်၊ စက် တင်ဘာ ၂၉
ရက်နေ့မှ ၁၉၈၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေး ခဲ့
သည်။ အစပိုင်းတွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံခဲ့ပြီး နောက် အောက်တိုဘာ ၁၈
ရက်နေ့တွင် ကေအိုင်အို ဥက္ကဌ ဦးဘရန်ဆိုင်း ခေါင်းဆောင်သော အဖွဲ့ကို
ရန်ကုန်မြို့သို့ ဖိတ်ခေါ်ပြီး ပါတီဥက္ကဌနှင့် နိုင်ငံတော် သမ္မ တကြီး
ဦးနေ၀င်း ကိုယ်တိုင် တွေ့ဆုံဆွေးနွေး ခဲ့သည်။ ရန်ကုန်နဲ့
မြစ်ကြီးနားမြို့တွေမှာ လေးကြိမ် ထပ်ဆွေးနွေး ပြီးသည့်နောက် ၁၉၈၁
ခုနှစ်မတ်လ ၁၀ ရက်နေ့တွင် အောက်ပါ အချက်များကို သဘော တူညီ ခဲ့ကြသည်။
ထိုကာလအတွင်း ယာယီအပစ်အခတ် ရပ်စဲမှုကို ပြုလုပ်ထားခဲ့သည်။
နိုင်ငံတော်အစိုးရဘက်မှ သဘောတူညီခဲ့သည့် အချက်များ
=============================
(၁) ကေအိုင်အို တပ်ဖွဲ့များ၏ လက်နက်များအား ဗကပရန်ကို ကာကွယ်နိုင်ရန်အတွက်
အချိန်ကာလ အကန့် အသတ်ဖြင့် ဆက်လက် ကိုင်ဆောင်ခွင့် ပြုရုံသာမက လိုအပ်ပါက
အဆင့်ဆင့် ညှိနှိုင်းပြီး၊ နိုင်ငံေ တ်ာက ကေအိုင်အို အဖွဲ့
တွင်ပါဝင်ခဲ့သူများကို ပြည်သူ့စစ်အဖွဲ့တွင် လည်းကောင်း၊ ပြည်သူ့
ရဲတပ်ဖွဲ့တွင် လည်းေ ကာင်း၊ လုံထိန်း တပ်ရင်း တပ်ဖွဲ့ဝင်များ အဖြစ်
လည်းကောင်းပြောင်းလဲတာဝန်ပေးမည်။
(၂) ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်
တင်မြှောက်ပွဲများတွင် ပါဝင် အရွေးခံ၍ ဒေ သ ဆိုင်ရာ အရေးကိစ္စများတွင်
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခွင့် ရရှိ လာအောင် ဆောင်ရွက် ခွင့်ပြု
မည်။
(၃) လမ်းစဉ်ပါတီနှင့် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော
တောင်သူလယ်သမားနှင့် အလုပ် သမား အစည်းအရုံးတွင် ပါဝင်လှုပ်ရှားခွင့် ပြုမည်။
(၄) ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်းဝင်များ အတွက် စားဝတ်နေရေးကို အတတ်နိုင်ဆုံး ဆောင် ရွက်ပေးမည်။
(၅) ငြိမ်းချမ်းရေးရပြီး အေးချမ်းသည်နှင့် အမျှ ကချင်ပြည်နယ်၏ စီးပွားရေး၊
ကျန်းမာရေး၊ ပညာရေး၊ လမ်း ပန်း ဆက်သွယ်ရေး အစရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်း
များတွင် ပိုမိုဦးစားပေး ဆောင်ရွက်မည်။
(၆) ကေအိုင်အို အဖွဲ့မှ ငြိမ်းချမ်းရေး ရယူပြီးနောက် ဖွဲ့စည်းပုံ
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့် ကျင်စေ ဘဲလျက် ကချင်ပြည်နယ် အတွက်
တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက် ခွင့်ပြုမည်။
(၇) ကေအိုင်အို အဖွဲ့က မသန်မစွမ်း ဖြစ်သူများကိုပါ ဆေးဝါးကုသပေးမည်။
(၈) ပုဂ္ဂိုလ်အလိုက် တတ်ကျွမ်းထားသော အရည်အချင်းအလိုက် သင့်လျော်မည့် နေရာတွင် ပြန်လည် တာဝန် ပေးမည်။
(၉) ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်းထဲမှ ပညာကို ဆက်လက် သင်ကြားလိုသူများ
အတွက် (၁၀) တန်းေ အာင် မူလ ရရှိထားသော အတန်းထက် နှစ်တန်းတင်၍
သင်ကြားယူခွင့် ပြုမည်။
(၁၀) ကေအိုင်အေ ကိစ္စနှင့် ပတ်သက်၍ မတရားအသင်း ဥပဒေပုဒ်မ ၁၇/၂ နှင့်
ဖမ်းဆီးထားသူများ ကို လည်း နိုင်ငံတော် ကောင်စီ အမိန့် (၂/၈၀) လွတ်ငြိမ်း
ချမ်းသာခွင့်တွင် မပါသေးပါက ထပ်မံ လွှတ်ပေး မည်။
(၁၁) ကေအိုင်အို အဖွဲ့တွင် ကိုယ်ပိုင် ငွေကြေးရှိနေလျှင် နိုင်ငံတော်ဘဏ်တွင် ထည့်သွင်း၍ လိုအပ်သလို သုံးစွဲ ခွင့် ပြုမည်။
(၁၂) ငြိမ်းချမ်းရေး ရသည့်အခါ ကေအိုင်အိုနှင့် ကေအိုင်အေ အဖွဲ့အစည်းထဲမှ
ပြည်တွင်းပြည်ပရှိ သူများမြန် မာနိုင်ငံ သို့ ပြန်လာနိုင်ရန် စီစဉ်ပေးမည်။
ကေအိုင်အေအဖွဲ့ဘက်မှ သဘောတူညီခဲ့သော အချက်များ
==============================
(၁) သီးခြား ကချင်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ရေး ဟူသော လမ်းစဉ်ကို စွန့်လွှတ်သည်။
(၂) ဆိုရှယ်လစ်စနစ်ကို လက်ခံယုံကြည်သည်။
(၃) တစ်ပါတီစနစ်ကို လက်ခံသည်။
မတ်လ ၁၀ ရက်နေ့မှာ အစိုးရ၊ ကေအိုင်အိုနဲ့ ကြားလူကြီးတွေက အခု
သဘောတူညီချက်တွေ ရပြီး ဖြစ်တဲ့အတွက် ဧပြီလ ၁၀ရက်နေ့ မြစ်ကြီးနားမှာ သဘောတူ
လက်မှတ်ထိုးရန်၊ ပြီးပါက တိုင်းပြည်သို့ ထုတ်ပြန်ကြေညာရန် သဘောတူညီ
ခဲ့ကြသည်။ ထို့နောက် ကေအိုင်အေ ဥက္ကဌ ဦးဘရန်ဆိုင်းနှင့် အဖွဲ့ ကေအိုင်အို
ဌာနချုပ်ရှိရာ ပါဂျိုသို့ ပြန်သွားခဲ့သည်။
ဦးဘရန်ဆိုင်း အဖွဲ့ ပြန်သွားပြီးနောက် လက်မှတ်ထိုးမည့် အချိန်ကို မေလ ၁၅
ရက်နေ့အထိ တိုးမြှင့်ပေးရန် အကြောင်း ကြားခဲ့သည်။ ထိုအချက်ကို အစိုးရဘက်မှ
သဘောတူညီ ခဲ့ပြီးနောက် မေလ ၁၁ ရက်နေ့တွင် ကေအိုင်အို အဖွဲ့က
ကချင်ပြည်နယ်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးရေး
အတွက် နိုင်ငံရေး ပြေလည်မှု ရသည်အထိ ဆက်လက် ဆွေးနွေးရန် ဆိုသည့် အချက်ကို
ထပ်မံဖြည့်စွက် ပေးမှသာ မူလ သဘောတူညီချက်ကို လက်ခံနိုင်မည် ဖြစ်ကြောင်း
ပြင်ဆင် အကြောင်းကြား လာခဲ့သည်။
ထိုအချိန်တွင် ကြားလူကြီးများက ကိုးလကြာ ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေုး
လုပ်ငန်းများ မပျက်ပြားစေရန် အတွက် အချိန်တိုးပေးရန် နိုင်ငံတော်ကို
တင်ပြသည့်အတွက် နိုင်ငံတော်ဘက်က မေလ ၃၁ ရက်နေ့အထိ တိုးပေးခဲ့ပြီး နှစ်ဘက်
တွေ့ဆုံ ဆွေးနွေးမှုကို မေလ ၂၅ ရက်နေ့တွင် ထပ်မံ ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးတွင် ကချင် ကြားလူကြီးများက ကေအိုင်အိုမှ တင်ပြသည့် ကိုယ်ပိုင်
အုပ်ချုပ်ရေး (သို့) ကိုယ်ပိုင် စီမံခန့်ခွဲရေး ပြည်နယ် သတ်မှတ်မှုမှာ
အခြားပြည်နယ် များနှင့်ပါ သက်ဆိုင်နေသဖြင့် လွှတ်တော်မှ တဆင့် ပြည်သူ့ဆန္ဒ
ခံယူပြီး လုပ်ဆောင်ရမည့် အခြေအနေ ရှိကြောင်း၊ ထို့ကြောင့် ထိုကိစ္စနှင့်
ပတ်သက်ပြီး ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက် ပြီးသည့်နောက်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉ ၊ ၃၁ နှင့် အခန်း ၁၅ ပါ
ပြဋ္ဌာန်းချက်များနှင့် အညီ ကချင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ပြည်နယ်ဟု အမည် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်သွားရန်
မူအားဖြင့် သဘောတူညီသည်ဟု ဆုံးဖြတ်သင့်ကြောင်း အကြံပြုခဲ့သည်။
ထိုအကြံပြုချက်ကို အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ လက်ခံခဲ့ သော်လည်း
ကေအိုင်အိုဘက်မှ ဗဟိုသို့ ပြန်လည် တင်ပြမည်ဟုသာ ဆွေးနွေးပြီး
ပြန်သွားခဲ့သည်။ ထို့နောက် ထပ်မံ လာရောက် ဆက်သွယ်ခြင်း မရှိသည့်အတွက် ဇွန်လ
၁ ရက်နေ့တွင် ယာယီ အပစ်အခတ် ရပ်စဲထားမှုကို ပယ်ဖျက်ကြောင်း အစိုးရဘက်က
အကြောင်းကြားခဲ့သည်။
ဗကပနှင့် ကေအိုင်အို ပူးပေါင်းဆောင်ရွက်မှု
======================
ထိုကဲ့သို့ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်တွင် ကေအိုင်အိုသည်
တစ်ဘက်ကလည်း ဗကပနှင့် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီး ၁၉၈၁ ခုနှစ်
ဖေဖော်ဝါရီလတွင် ဗကပ ဥက္ကဌ ဘသိန်းတင်နှင့် ကေအိုင်အို ဥက္က ဌ ဘရန်ဆိုင်း၊
ကေအိုင်အေ စစ်ဦးစီးချုပ် ဇော်မိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး
ကေအိုင်အေနယ်မြေ အတွင်း သို့ ဗကပများ ဝင်မလာရန်၊ ဗကပများ ဖြတ်သန်းလိုက
ကေအိုင်အေ ခွင့်ပြုချက် ရယူရန်နှင့် ကေအို င်အို အဖွဲ့အတွက် ဗကပက လက်နက်
ထောက်ပံ့ပေးရန် သဘော တူညီခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်း အင်းတော်၊ ဗန်းမောက်ဒေသ (ယခင် ဗကပ
မြစ်ဖျားတိုင်း) သို့ ပြန်လည် ခြေ ကုတ် ယူရန် ဝင်ရောက် လာသည့် ဗကပ ရင်း ၁၈၀
အင်အား နှစ်ရာကျော်ကို ရှမ်းပြည်နယ် မြောက် ပိုင်းမှ စစ်ကိုင်း တိုင်း
အင်းတော်ဒေသ ရောက်သည်အထိ ရွှေလီမြစ်ကို ဖြတ်ကူးရာတွင် လည်းကောင်း၊ ဧရာဝ
တီမြစ်ကို ဖြတ်ကူးရာတွင် လည်းကောင်း၊ မန္တလေး မြစ်ကြီးနား ရထားလမ်းကို
ဖြတ်ကူးရာတွင် လည်းေ ကာင်း ကေအိုင်အေ ဝတ်စုံများ ဝတ်ဆင်စေပြီး ကေအိုင်အေ
တပ်ဖွဲ့များက အပစ်အခတ် ရပ်စဲထားမှုကို အခွင့်ေ ကာင်းယူကာ လက်ဆင့်ကမ်း
ပို့ဆောင် ပေးခဲ့သည်။
ထို့ပြင် တပ်မတော်၏ သဘောတူညီချက်ဖြင့် ကေအိုင်အေ ဗဟိုတွင် အစည်းအဝေး တက်ရန်
ရောက် ရိွေ နေ သာ ကေအိုင်အေ တပ်မဟာ ၁၊ ၂၊ ၃ နှင့် ၄ တို့မှ
တပ်မဟာမှူးများနှင့် တပ်ဖွဲ့များ မိမိတို့ ဒေသသို့ ပြန် ရာတွင် တပ်မတော်မှ
ထိန်းချုပ်ထားသည့် နယ်မြေများကို ဖြတ်သန်းသွားခဲ့သည်။ ထိုအဖွဲ့များ ခရီး
သွားရာတွင် စစ်သည် တစ်ဦးလျှင် သေနတ် နှစ်လက်နှုန်း၊ အထမ်းသမား တစ်ဦးလျှင်
သေနတ် လေး လက်နှုန်းဖြင့် ဗကပမှ ထောက်ပံ့သည့် လက်နက်ခဲယမ်းများကို ပြန်လည်
သယ်ဆောင် သွားသည်ကို တပ် မတော် တပ်ဖွဲ့များက တွေ့ရှိခဲ့ရသည်။
ဆွေးနွေးပွဲ ကာလတွင်ပင် နာဂသောင်းကျန်းသူ ခေါင်းဆောင် အိုက်ဇက်ကို
ကေအိုင်အို ဗဟိုသို့ ခေါ်ယူပြီး ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ရန်
ဆွေးနွေးခြင်း၊ တပ်မဟာ ၂ မှ တဆင့် လက်နက်များ ထောက်ပံ့ခြင်းတို့ကို
လုပ်ဆောင်ခဲ့သည်။
၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုနှင့် ၂၀၁၁ ဆွေးနွေးမှုများနဲ့
ပတ်သက်သည့် အချက်များကို သတင်းစာ ရှင်းလင်းပွဲတွင် ပါပြီး ဖြစ်သည့်အတွက်
ထပ်မရေးတော့ပါ။
ဖြစ်ခဲ့သည့် သမိုင်းများကို ပြန်လည် ဖတ်ရှုပြီး ငြိမ်းချမ်းရေးအတွက်
အစိုးရဘက်မှသာ တာဝန်ရှိသည် မဟုတ် တစ်ဘက် အဖွဲ့အစည်းများ ကလည်း စေတနာ
မှန်ဖို့ လိုသည်ကို သိရှိစေရန်အတွက် ရေးသား လိုက် ရခြင်း ဖြစ်ပါသည်။
အဏ္ဏ၀ါစစ်သည်


2 comments:
War is the final action if negotiation is failure.If
we want peace we must prepare for the war.KIA
is evil terrorist group.So,Army need to end rebellion and terrorism of KIA.
WHICH AUNG ZAW YOU ARE? Any way kachin himslf honest. But BCP twist to all people of myanmar.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်