From : popular
တပ်မတော်မှ အရာရှိများကိုသာ လျှော့ဈေးဖြင့် ရောင်းချ ပေးခဲ့ဖူးသည့် ရန်ကုန်စည်ပင်ပိုင်တိုက်ခန်းများ ကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူသို့ ဒေသပေါက် ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။
အဆိုပါ တိုက်ခန်းများအား ဝယ်ယူလိုသူများအနေဖြင့် ယခုလ ၁၄ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဌာနမှူးထံသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း ကြေညာ ချက် ထုတ်ပြန်ထားသည်။ ရန်ကုန်စည်ပင်မှ ရောင်းချပေးမည့်တိုက်ခန်းများမှာ
ကော်မတီနှင့် ပုဂ္ဂလိကလုပ် ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရာမှ
ကော်မတီအတွက် အချိုးကျရရှိသည့် တိုက်ခန်းများ ပါဝင်ပြီး
အလုံးရေတစ်ထောင်ကျော်ရှိကြောင်း သိရသည်။ယခင်က ရန်ကုန်စည်ပင်ပိုင်တိုက်ခန်းများအား
နိုင်ငံ တော် ထုခွဲရောင်းချရေးမှတစ်ဆင့် တပ်မတော်မှ အရာရှိများ ကိုသာ
လျှော့ဈေးဖြင့် ရောင်းချပေးခဲ့ဖူးကြောင်း၊ တပ်မတော် အစိုးရ လက်ထက်၌
ထူးတိုက်ခန်းများ၊ ကွန်ဒိုများ၊ မြို့ တော်ဂေါက်
ကွင်းမှအိမ်ရာစီမံကိန်းများ အစရှိသည့် တိုက် ခန်းများကို ကာလပေါက်ဈေး၏
သုံးပုံတစ်ပုံဖြင့် တပ်မှ အဆင့်မြင့် အရာရှိများကို ရောင်းချပေးခဲ့ကြောင်း
ရန်ကုန် စည်ပင်မှ စုံစမ်းသိရှိရသည်။ယင်းအပြင် ရန်ကုန်စည်ပင်ပိုင်
ယုဇနတိုက်ခန်းများအား ၂ဝ၁၁ ခုနှစ်တွင် ၄င်းတို့ေ က်ာမတီမှ ဝန်ထမ်းများအား
မဲနှိုက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့သည်။အဆိုပါ တိုက်ခန်းများအား
ဝန်ထမ်းများသို့ ကျပ် ၁ဝ သိန်းမှ သိန်း ၄ဝ ကြား ဈေးနှုန်း များဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
www.MyanmarExpress.net
တပ်မတော်မှ အရာရှိများကိုသာ လျှော့ဈေးဖြင့် ရောင်းချ ပေးခဲ့ဖူးသည့် ရန်ကုန်စည်ပင်ပိုင်တိုက်ခန်းမျာ
အဆိုပါ တိုက်ခန်းများအား ဝယ်ယူလိုသူများအနေဖြင့် ယခုလ ၁၄ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဌာနမှူးထံသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း ကြေညာ ချက် ထုတ်ပြန်ထားသည်။ ရန်ကုန်စည်ပင်မှ ရောင်းချပေးမည့်တိုက်ခန်းများမှ
www.MyanmarExpress.net

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်