Subscribe to our RSS Feed

စပါးမပေးနိုင်သော ရွာများအား KIA မှ ငွေတောင်းနေ

From :http://www.kachindailynews.com/2013/02/kia_3196.html

KIA တပ်မဟာ(၂) ရင်း(၅) လမိုင်ယန် တိုက်နယ်ရုံးမှ စပါးပေးသွင်းရန်ကျန်ရှိသော ကျေးရွာများအား စပါးအစား ငွေပေးရန် အမိန့်ထုတ်ထားကြောင်း သိရပါသည်။

“ကျွန်တော်တို့ ရွှေကူမြို့နယ်ထဲမှာရှိတဲ့ ရွာတွေက KIA အဖွဲ့ကို စပါးစိုက်ရာသီတစ်ခုမှာ တင်း(၁၀၀) ပေး ရပါတယ်။ တပ်မတော်နဲ့ KIAအဖွဲ့တွေ  မကြာခဏ တိုက်ပွဲတွေဖြစ်နေတော့ လယ်လုပ်မည့်သူလည်း မရှိတော့ဘူး။ ရွာမှာရှိတဲ့ အရွယ်ရောက်ပြီးသား ယောက်ျား၊ မိန်းမတွေလည်း KIA ထဲရောက်ကုန်ပြီ။ အလုပ်လုပ်ဖို့နေနေသာ အသက်မသေအောင် ရှောင်ပုန်းနေရတော့ ရွာမှာစီးပွားရေး ကျပ်တည်းနေ ကြပါတယ်။ အခု KIA အဖွဲ့က တောင်းထားတဲ့စပါးမပေးနိုင်တာ ရွာ(၇)ရွာလောက်ရှိတယ်။ ဒီရက်ပိုင်း အတွင်းမှာဘဲ စပါးမပေးတဲ့ရွာတွေကို အိမ်ထောင်စုတစ်စုလျှင် စပါးအစား ငွေ(၄၀၀၀)ကျပ်ကို လမိုင်ယန် တိုက်နယ်ရုံးကို သွားသွင်းရမယ်လို့ KIA အဖွဲ့က အမိန့်ထုတ်ထားပါတယ်” ဟု ကျောက်တလုံးကျေးရွာမှ လယ်သမားတစ်ဦးက ပြောပြပါသည်။


KIA အဖွဲ့သည် ယခင်တိုက်ပွဲကာလများအတွင်း ငွေကြေးကောက်ခံရာတွင် ငွေကြေးပြည့်စုံချမ်းသာသည့် ကုမ္ပဏီများ ငွေကြေးလုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများထံမှ ကောက်ခံခဲ့သော်လည်း ယခုအချိန်တွင် လက်လုပ်လက်စား လူတန်းစားများနှင့် အစွန်အဖျားကျေးရွာများပါမကျန် အခွန်ကောက်နေကြောင်း သိရသည်။ KIA အဖွဲ့မှ လက်အောက်ငယ်သားများအနေဖြင့် လိုင်ဇာဌာနချုပ်မှ ၎င်းတို့အတွက် မည်သည့်အထောက်အပံ့မှ မပေးသလို အကာအကွယ်လည်း မပေးသဖြင့် စစ်သည်အများစုမှာ စိတ်ဓါတ်ကျဆင်းနေကြကြောင်း အလင်းဝင်ရောက် လာသူ KIA အဖွဲ့များမှ ပြောပြပါသည်။
www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်