Subscribe to our RSS Feed

KIA တို့ငြိမ်းချမ်းရေးကို ခွေးမြီးကောက် ကျည်တောက်မစွပ်ဖို့ လို

From : http://www.kachindailynews.com/2013/02/kia_2335.html

နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KIO/ KIA  ကိုယ်စားလှယ်အဖွဲ့တွေဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး အလွတ်သဘော   ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အချက် (၅) ချက်ပါ ပူးတွဲသဘောထား ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ကြောင်းသိရလို့ KIA လက်အောက်ခံ တပ်ဖွဲ့ဝင်ရော ကချင်ပြည်နယ်တွင်း မြို့/ရွာ အသီးသီးမှာရှိတဲ့ ပြည်သူအများ ၀မ်းသာပျော်ရွှင် နေကြကြောင်း ၊ စစ်တပ်ရော KIA ဘက်ကပါ ပစ်တာခတ်တာတွေ မလုပ်ကြတော့ လို့ သေနတ်သံတွေမကြားရ တော့ဘဲ ဒီတစ်ခါတော့ ငြိမ်းချမ်းရေးတကယ်ရတော့မှာပါလို့ ဗန်းမော်မြို့ခံ တစ်ဦးက ပြောပြပါသည်။

ငြိမ်းချမ်းရေးအတွက် ပြည်သူအများမှ မျှော်လင့်တောင်းတနေကြချိန်မှာ KIA ရဲ့အထူးတပ်ဖွဲ့ဝင် အချို့ဟာ မြစ်ကြီးနားမြို့ပေါ်မှာ ရောက်နေကြပြီး စစ်တပ်ဌာနချုပ်တွေနဲ့ တံတားကြီးတွေကို မိုင်းခွဲကြံစည် လုပ်ဆောင်နေကြောင်း ကြားသိရလို့ “ စစ်တပ်ဘက်က ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာတွေ ရပ်ဆိုင်း သွားပြီး အစိုးရကလဲ KIA ရဲ့သဘောဆန္ဒကို လိုက်လျောပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတော့ ကမ်းလှမ်းဆွေးနွေး တာတောင် KIA အနေနဲ့  အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဆက်လက် ကြိုးပမ်းနေတာဟာ KIA အတွက် အလွန်ရုပ်ဆိုးအကျဉ်းတန်စေသလို ပြည်သူလူထု ဒုက္ခရောက်စေမဲ့ လုပ်ရပ်များ ရပ်သင့်ပြီ ” လို့ အဆိုပါ မြို့ခံကဘဲ ဆက်ပြောကြားခဲ့ပါသည်။
ပြောလို့မှမဆုံးသေးခင်မှာပဲ ယမန်နေ့က ၀ိုင်းမော်မြို့ နောင်ဟီးရွာ၏ လမ်းတွင် ကလေး၆ဦး ဆော့ ကစား နေစဉ်အတွင်း မိုင်းထောင်ရာတွင် အသုံးပြုသော ဒစ်တိုနေတာ ကဒ်ဟောင်း တစ်ခုကို   ဆော့ကစားရမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရပါသည်။ ကလေးမှာ ၅တန်းကျောင်းသား မောင်လင်းဂျော်ဖြစ်သည်ဟု သိရှိရသည်။ ဒဏ်ရာရရှိသည့် ကလေးငယ် ကို ဆေးပေး ခန်းတွင် ဆေးဝါး ကုသမှုခံယူနေရသည်ဟုသိရှိရသည်။
          ကချင်ပြည်နယ်အတွင်းတွင် အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် KIA က လမ်းတွေမှာ ဒေသမှရှိသည့်ပစ္စည်းတွေကို ယမ်းတွေနှင့် ပေါင်းစပ်ပြီး မိုင်းထောင်ခဲ့ကြ ပါသည်။ အဲဒီလို မိုင်းထောင်သည့်အချိန်တွင် အန္တရာယ်ရှိသည့် ပစ္စည်းတွေကို စနစ်တကျမထားသည့် အတွက် အခုလို မဖြစ်သင့် တာတွေဖြစ်နေရကြောင်း၊ အစိုးရတပ်တွေကိုရည်ရွယ်ပြီး လမ်းတွေမှာ မိုင်းထောင်ပေမယ့် အဲဒီ လမ်းတွေက ဒေသခံတွေကပဲ အဲဒီလမ်းတွေ သုံးနေတာ   ဖြစ်သည့် အတွက် ဒေသခံတွေက မိုင်းဒဏ်ကို ခံနေ ရတာဖြစ်ပါသည်။ စစ်တပ်အနေနဲ့တော့ တရားဥပဒေ စိုးမိုးရေးကို မထိခိုက်သရွေ့KIA ကို စိတ်ရှည်သည်းခံပြီး ငြိမ်းချမ်းရေးအတွက် အမြဲလက်ကမ်း ကြိုဆိုနေမှာဖြစ်ပြီး ငြိမ်းချမ်းရေး လမ်းကြောင်းကသွေဖယ်သွားရင်တော့   ပြတ်ပြတ်သားသား   ချေမှုန်း သွားမှာဖြစ်တယ်လို့ စစ်တပ်အသိုင်းအ၀ိုင်းက ပြောပြချက်အရ သိရှိရပါသည်။

7 comments:

ခွေးမြီးကောက်ကို ကျည်တောက်စွပ်မနေနဲ့
ရှုပ်တယ် ဓါးနဲ့ ခုတ်ဖြတ်လိုက်......... ။

I really want to say about the fighting between Kachin and Burmese gov.is fighting between Bamar and ethnic groups. The Bamar gov. is really terrorist group, but the ethnic groups are typically loving the country. They are ready to serve the growth of the country. Barma Tatmadaw just consider for their own business. Bamar tatmadaw is to destroy the essence of the union of our country. It is true that no one can deny about that. We Myanmar people know about that. The international community also know about that. If Bamar army continues to hold as Bamar, all of our ethnics will establish our own country because we know about Bamar. We have experienced for 60 years. Fighting again with us, if you dare.

Kachin is Kachin. Bamar is Bamar. Very differnt in culture, history and life style.
We never forget your persecution on our great nation. Someday we will ask for this suffedring.

အပေါ် ပုံ kia တွေ စစ်ရှုံးလို့ခွေးမှိုင် မှိုင်နေတာကွ ဟားဟားးးးးးးးးးးးး

ပုံကတော့ စစ်ရှုံးလို့ခွေးမှိုင်မှိုင်နေတာပါဟားးးးးးးးးးးးးးး

ပုံ က ေ တ ာ ့ေ ခြး ေ တြ စ စ္ ရွံု း လို့ ေ ခြ း မွို င် မှို င်ေ န တာ ပါ

စစ်မနိုင်လို့ခွေးလိုငိုင်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်