From : http://www.oppositeyes.info/2013/02/eleven-media-group.html
www.MyanmarExpress.net
The Voice အတိုက်ခံရသည်ဟု ကြေငြာပြီးသည့်နောက် အချိန်ကိုက်ပင် Eleven မှ
သတင်းမီဒီ ယာကောင် စီ သို့ စာပို့ခဲ့သည်။ ထိုစာ ကိုလည်း
အင်တာနက်တွင် ဖြန့်ဝေခဲ့သည်။
ထိုစာသည် သတင်းမီဒီယာကောင်စီသို့ လိပ်မူသော်လည်း မိတ္တူများအဖြစ် နိုင်ငံ
အကြီးအကဲများ၊ ဌာန ဆိုင် ရာ အကြီးအကဲများနှင့် နိုင်ငံတကာသို့
အမေကျော်ဒွေးတော်လွမ်း ပေးထားသည်ကို တွေ့ရသည်။
ရုံး လုပ်ငန်း သဘာဝအရ ဂျာနယ်တစ်စောင်၏
အယ်ဒီတာမှ နိုင်ငံအကြီးအကဲတစ်ဦးသို့ ပေးစာသည် သ ဘာ ၀မကျ။ သက်ဆိုင်ရာ
ဝန်ကြီးဌာနမှ တစ်ဆင့်သာ အကြောင်းကြား ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင်
တိုက်ခိုက်ခံရမှုတွင် Eleven ၏ ပါဝင်ပတ်သက်မှုနှင့် လုပ်ကြံမှုများကိုလည်း
အထောက်အထားအချို့ တွေ့ ရှိနေရသည်။
ယခု အစည်းအဝေး လုပ်မည်ဆိုတော့ ရုံးလုပ်ငန်းနှင့် နည်းပညာကို
နားမလည်သည့် ပြည်သူများကို တစ်ပတ်ရိုက်ယုံသာမက သတင်းမီဒီယာကောင်စီကိုပင်
ထိန်းချုပ်ပြီး လုပ်ချင်ရာလုပ်ခွင့်ရနေသလားဟုပင် တွေးစရာ ဖြစ်လာသည်။
Eleven ၏ လိမ်ညာ သတင်းလွှင့်မှုနှင့် အမှန် အခြေအနေဓာတ်ပုံ
=================================================
Eleven Media Group မှ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့်
ပြည်တွင်းမီဒီယာများ၏ ဆိုရှယ် ဝက်ဆိုဒ်(facebook)အား နည်းပညာသုံး
တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် အစိုးရ တာ ဝန် ရှိသူများထံ
မေတ္တာရပ်ခံတိုင်ကြားမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် သတင်းမီဒီယာကောင်စီ အစည်း
အဝေးကို ဖေဖော်ဝါရီလ ၉ ရက်နေ့၊ မွန်းလွဲ၁ နာရိတွင် ကျင်းပပြုလုပ်သွား
မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် EMG မှတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ
သတင်းမီဒီယာကောင်စီမှေ ပးပို့ ထား သည့် မေတ္တာရပ်ခံစာပန်ကြားစာနှင့်ပတ်သက်၍
အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်