Subscribe to our RSS Feed

သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင် ဖိတ်ကြားသော်လည်း ပြည်ထောင်စုနေ့အား KIA အသိမှတ်ပြုမည်မဟုတ်

From : KDN

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မီတီဗဟိုအဖွဲ့က နေပြည်တော်တွင်ကျင်းပ ပြုလုပ်မည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဘက်မှ ကေအိုင်အိုပြောခွင့်ရ ဦးလနန်းက “လက်ရှိ နိုင်ငံရေး၊စစ်ရေးအခြေအနေအရ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ဖို့ အဆင်မပြေသေးဘူး”လို့ ဖေဖော်ဝါရီလ ၆ရက်(မနေ့က) အကြောင်းပြန်ခဲ့ပါတယ်။ နေပြည်တော် ပြည်ထောင်စုနေ့
အခမ်းအနားတက်ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာက ကေအိုင်အိုအဖွဲ့ကို ဖိတ်ကြားခဲ့တာဟာ နိုင်ငံတော်သမ္မတရဲ့ကိုယ်စား  ဖိတ်ကြားခဲ့ခြင်းဖြစ်ပေမယ့် ကေအိုင်အိုကတော့ သမ္မတက ဖိတ်တာမဟုတ်ဘူးလို့ပြောပါတယ်။ အစိုးရရဲ့ ဖိတ်ကြားချက်ဟာ စစ်မှန်သော ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ဖိတ်ကြားခြင်းဖြစ်ပါတယ်။ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲဟာ နေပြည်တော်ရှိ သမ္မတအိမ်တော်ဝင်းအတွင်းမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၁၈ နာရီမှ ၂၁ နာရီထိ ကျင်းပမှာဖြစပါတယ်။ ကေအိုင်အို အနေနဲ့ ဖိတ်ကြားချက်ကို လက်ရှိအခြေအနေအရ မတက်ရောက်နိုင်ဘူးဆိုပေမယ့် ဘာကြောင့်ငြင်းခဲ့တယ်ဆိုတာကိုတော့ ပြောမသွားပါဘူး။


ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့ တရားဝင်တွေ့ဆုံဆွေးနွေးပြီးတဲ့အချိန်မှာ ၀န်ကြီး ဦးအောင်မင်းက နှတ်ဖြင့် ပဏာမဖတ်ကြားခဲ့ပါသေးကြောင်းသိရသည်။


. www.MyanmarExpress.net
 

6 comments:

မတက်လဲနေကွာ ကျက်သရေရှိတဲ့အခမ်းအနားမှာမင်းတို့လိုလူသတ်ကောင်တွေမပါတော့ပိုကောင်းတာပေါ့။

မဟုတ်တာလုပ်သူမှန်သမျှအမှန်တရားဘက်တော် သားကိုရင် မဆိုင် ရဲတာဘာဆန်းသလဲ။ ဆင်ဖြူမျက်နာဆင် မဲမကြည့်ဝံ့တာဓမ္ဓတာဘဲလေ။ KIAလည်းဘာထူးမှာလဲစစ်မှန်တဲ့ငြိမ်းချမ်းရေးအ ကောင် အထည်ဖော်ဆောင် ရွက်ဖို့ကမ်းလှမ်းတဲ့လက် ကိုဆွဲယူဖို့မဟုတ်တာလုပ်ထားသူဆိုတော့မဝံ့ရဲဘူးပေါ့တိုင်းရင်းသားပေါင်းစုံတက်ရောက်မဲ့နိုင် ငံတော်ကဖိတ် ကြားတဲ့ပွဲဒေါင်းတို့ရဲ့အလယ်မျက်နာငယ်မှာစိုးတဲ့ကျီး သူငယ်ဖြစ်မှာကြောက်နေလို့လားKIAရယ်။

အမှန်ကို အမှန်အတိုင်း

အရှိကို အရှိအတိုင်း

မြင်ကြမယ်ဆိုရင်

အကောင်းမြင်ဝါဒီဆိုရင်

လက်ခံကြမှာပါ။

KIA KIOဒီ ပွဲ မ တက် လည်း ဝမ်း နည်း စ ရာ မ ရှိ ပါ ။

KIO/ KIA အဖွဲ့အနေနဲ့ အစိုးရရဲ့ ဖိတ်ခေါ်ချက်ကို လက်မခံ ပဲ ပြည်ထောင်စုနေ့ အခမ်းအနား တက်ဘို့ ငြင်းပယ်လိုက် တာဟာ အင်မတန် မှားယွင်းပါတယ်။ အစိုးရ အနေနဲ့ ဒီအ ခမ်းအနားကို တက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ နေထိုင် စားသောက်ရေး ကအစ လုံခြုံရေး အဆုံး အစစ အရာရာ တာဝန်ယူနိုင်လို့ ဖိတ်ကြားတာပါ။ ဒါ့အပြင် အခမ်းအနား တက်ရောက်ဘို့ သက်သက်မဟုတ် ပဲ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ အများကြီး ရှိနေလိမ့် မယ်လို့ ယူဆပါတယ်။KIO / KIA အဖွဲ့အနေနဲ့ ဒီလို နိုင်ငံ တော်အခမ်းအနား မျိုးကို တက်ရောက်ခွင့် ရခြင်းအားဖြင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန် ထက်မြက် လာနိုင်တဲ့အ ပြင် အစိုးရနဲ့ရော၊ ကျန်တဲ့ အဖွဲ့အစည်း တွေနဲ့ပါ အလွတ် သဘော တွေ့ဆုံ ဆွေးနွေးမှုတွေ၊ သူ့အမြင် ကိုယ့်အမြင် ဖလှယ် နိုင်မှုတွေ... စတဲ့ မဟာအခွင့်အရေးကြီး တစ်ခုကို လက်လွတ် အဆုံးရှုံး ခံလိုက် တာပါပဲ။ က္ဈဲကူး..ရေပါ ဆိုတဲ့ စကားပုံလို အလုပ်နှစ်ခု တစ်ပြိုင်တည်း ပြီးသွားနိုင်မယ့် ကိစ္စ တစ်ခုကို မမြင်မိတာ အံ့သြစရာပါ။ ဒါကြောင့် KIO/ KIA အဖွဲ့အနေနဲ့ ကိစ္စရပ်တိုင်းကို မျက်စိတစ်မှိတ်နဲ့ ပြီးစ လွယ် မဆုံးဖြတ်ပဲ မျက်စိတစ်ဆုံး ကြည့်ပြီး အရှည်မျှော် တွေးတဲ့ စိတ်နဲ့ စဉ်းစား ဆုံးဖြတ် သင့်တယ်လို့ အကြံပြုချင် ပါတယ်။ အခွင့်အရေး ဆိုတာ ခဏ ခဏ မရတတ်ပါ။ ထို့ အတူ နောင်တဆိုတာလည်း တစ်ခါပဲ ရဘို့ သင့်ပါတယ်။ နောင်တ ခဏ ခဏ ရနေလို့ မကောင်းပါ။ တိုင်းပြည်နဲ့ လူ မျိုးအတွက် စေတနာမှန်နဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။

အ လယ် က လူ က အ လယ် က ဘဲ လား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်