Subscribe to our RSS Feed

အောင်ဆန်းဇာနည် (remix)



ဖေဖော်ဝါရီ ၁၃ မှာ၊ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ပွား၊ မိခင်ဒေါ်စုသား

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်၊ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်ဒို့ဖခင်
ကောင်းစေချင်တဲ့မှာစကား သမီးကိုမပြောသွား

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်၊ ပြည်ချစ်ဒို့ခေါင်းဆောင်
အင်္ဂလိပ် နယ်ချဲ့တွေကို တွန်းလှန်သွား ငါတို့မမေ့အား

ဗိုလ်ချုပ်လုပ်သမျှ ဆန့်ကျင်သည်၊ ဒေါ်အောင်ဆန်းစုကြည်
ကျွန်ပြုခဲ့သူ အင်္ဂလိပ်အား၊ လင်လုပ်ဖို့လိုက်သွား

နယ်ချဲ့ဆန့်ကျင် ဂုဏ်ထူးဆောင်၊ အဘေး ဗိုလ်မင်းရောင်
အင်္ဂလိပ်ကို ဆန့်ကျင်စစ်ထိုး ၊ အသတ်ခံရ သေခြင်းဆိုး

မျိုးဆက်သစ်လည်း ထူးချွန်သည်၊ ဒေါ်အောင်ဆန်းစုကြည်
အင်္ဂလန်သားကို လင်ယူသွား၊ ပြည်တော် မပြန်အား

၄၀ ကျော်မှာ ပြန်ရောက်လာ၊ အမေက သေတော့မှာ
အင်္ဂလန်မှာ ကျန်နေရစ်၊ အဲရစ် မျိုးနွယ် သစ်
ဆွေဂုဏ် မျိုးဂုဏ် မစောင့်ထိန်းသည်၊ အမေဒေါ်စုကြည်
ကလေးတွေက အရွယ်ရောက်၊ မြန်မာစကား မပေါက်

ဗိုလ်ချုပ်သေတာ စောပါသည်၊ အလွန်ဆိုးပါသည်
မျိုးဆက်ပျက်တာ မသိသွား၊ ဒါတော့ အကောင်းသား...။


Myanmar Express

4 comments:

အခုဘလော့ ပိုင်ရှင် ဆရာကြီးလား နိုင်ငံခြား မှာ နေပြီး ၁ နှစ်လောက် တောင်းစားကြည့် ပါ့ လား

မှန်တာမှန်တယ် မှားတာအရမ်းမှားတယ်ကိုယ့်လူ
သေချာပြန်ကြည့်ပါဥိး

အခြားသူ အင်္ဂလိပ်ကိုယူတာ သိပ်ပြသနာမဟုတ်၊ ဒါပေမယ့် ဗိုလ်ချုပ်သမီးအနေနဲ့ ယူတာတော့ ပြသနာ ရှိတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်က အင်္ဂလိပ်ကို တော်လှန်ပြီး လွတ်လပ်ရေးကို အရယူပေးသူ၊ အင်္ဂလိပ်က ဗိုလ်ချုပ်ကို လုပ်ကြံခဲ့သူ။ ဒါကြောင့် ဗိုလ်ချုပ် သမီးအနေနဲ့ အင်္ဂလိပ်ကို လုံးဝမယူသင့်ပေ။

အမေဖက်ကပဲဖော်ပြတယ်။ အဖေဖက်ကလည်းဖော်ပြပေးပါလား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်