Subscribe to our RSS Feed

ကေအိုင်အေ ဌာနချုပ်မှ မိုင်းထောင်၊ ဗုံးခွဲမှုများ လုပ်ဆောင်သွားရန် တပ်ရင်းများသို့ အကြောင်းကြားခဲ့

From :http://www.oppositeyes.info/2013/02/blog-post_4594.html


ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်မည်ဟု UNFC မှ ဆိုထား သော် လည်း ကေအိုင်အေ ဌာနချုပ်မှ ၄င်းတို့၏ လက်အောက်ခံ တပ်ရင်း များသို့ မိုင်းထောင်၊ ဗုံးခွဲမှုများ လုပ်ေ ဆာင် သွားရန် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် ကေအိုင်အေ တပ်ရင်းများနှင့် ကေအိုင်အေ ပြည်သူ့စစ်များအား ၁၂-၃- ၂၀၁၂  ရက်နေ့တွင် ဗိုလ်လကန်ဇော်မိုင် ဦးစီးသည့် ၀က်ခေါစခန်း အလွယ်တကူ ကျသည့်အကြောင်း၊ ၁၅-၁၁-၂၀၁၂ လမ်း မကြီးပေါ်၌ မိုင်းထောင်ရန် လွှတ်လိုက်သည့် တပ်ကြပ်ကြီး မျိထွယ်လအောင် အား တပ်မတော်မှ ကြို မြင်၍ သေဆုံးခဲ့ကြောင်း၊ ၁၄-၁-၂၀၁၃ တွင် ဒုန်ဘန် ခရိုင်ခွဲ တောင်ကုန်းစခန်းအား တပ်မတော်မှ သိမ်းစဉ် မိုင်းများ ဆုံးရှုံးခဲ့သည့် အကြောင်း၊ မိုင်းထောင်ရာတွင် မှားယွင်းသဖြင့် ကိုယ့်မိုင်းဖြင့် သေဆုံးရသည့် စစ်သည် များပြားလာသည့် အကြောင်း၊ ဆွေးနွေးပွဲများ အပြီး စစ်ရေး လှုပ်ရှားမှုများ ပြန် လည် လုပ်ဆောင်ရန် အတွက် မိုင်းထောင်ဗုံးခွဲမှုများ စမ်းသပ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း တို့ ပါဝင် သည်။
အကြောင်းကြားစာထုတ်ပြန်ခဲ့သည့် ၁၅-၂-၂၀၁၃ ရက်စွဲဖြင့် ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၁၀နာရီခန့်တွင် ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲအနီး၌ KIA မှ ထောင်ထားသော မိုင်းပေါက် ကွဲခြင်းကြောင့် KIA တပ်ဖွဲ့ဝင်၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။
အကြောင်းကြားစာကို သိမ်းဆည်း ရမိသည့် ကချင်ပြည်သူ့စစ် အဖွဲ့များမှ အနီးရှိ ရွာများသို့ အဖွဲ့ခွဲများ စေ လွှတ် ထားပြီး လှုပ်ရှားမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။ ကေအိုင်အေ၏ မိုင်းထောင်ဗုံးခွဲ အစီ အစဉ်ကို ပေးပို့ ခဲ့သည့် ပြည်သူ့စစ် အဖွဲ့ဝင်မှ.
စစ်တပ်က ကျွန်တော်တို့ကို အင်အား မဖြည့်ပေးဘူး။ ဒီလမ်းတံတားနဲ့ ရွာတွေကို ကျွန်တော်တို့ အင်အားနဲ့ မကာ ကွယ်နိုင်ဘူး။ အရင်တုန်းက ကေအိုင်အေ ဗုံးခွဲမယ်ဆိုတာ သိသိကြီးနဲ့ တကယ်လည်း အခွဲခံခဲ့ ရ တယ်။ ကျွန်တော်တို့ ပြည်သူ့စစ်တွေလည်း ကျဆုံးတယ်။ အခု ဒီလကုန်အထိ ရွာတွေ၊ တံတားတွေ၊ ရထား လမ်းတွေ မှာ ကျွန်တော်တို့အဖွဲ့တွေ လှုပ်ရှားခိုင်းထားတယ်။ စစ်တပ်ကို ခြံစည်းရိုးအပြင် ထွက်စေ ချင် တယ်။ ဟု ပြောခဲ့ ပါသည်။ 
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တပ်မတော်အရာရှိ တစ်ဦးအား မေးမြန်းရာ မိမိတို့အား အထက်မှ မည်သည့် ပစ်ခတ် မှုမှ မဖြစ်စေရန် ညွှန်ကြားထားသည့် အတွက် လှုပ်ရှားမှု မပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ရွာနားသို့ လာ ၍ လူသစ်ဖမ်းခေါ်ခြင်း၊ လာရောက်စုံစမ်းခြင်းများကိုလည်း သိရှိကြောင်း၊ ဆွေးနွေးပွဲ အခြေအနေ စောင့် ကြည့်နေ စဉ် ပြဿနာ တက်မည်စိုး၍ ပြည်သူ့စစ်များနှင့် အင်အား တွဲမပေးထားခြင်း ဖြစ်ကြောင်းတို့ကို ပြန် လည် ရှင်းပြ ခဲ့ပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်