Subscribe to our RSS Feed

ငလျင်ဒဏ်ဆိုးကျိုးကြောင့် ၀က်လက်မြို့နယ်၌ မြေပဲထွက်နှုန်း သိသိသာသာကျဆင်း

From : hot news

Myit Makha Mediagroup on 20 Feb, 2013



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုရိုင် ၊ ၀က်လက်မြို့နယ်အတွင်းမှတောင်သူများ၏ မြေပဲစိုက်ခင်းများမှာငလျင်ဒဏ်ကြောင့် အထွက်နှုန်းသိသိသာသာကျဆင်းလာကြောင်းဒေသခံတောင်သူတို့က ဆိုသည်။
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့က လှုပ်ခက်ခဲ့သောငလျင်ဒဏ်၏နောက်ဆက်တွဲဆိုးကျိုးများကြောင့် ယခုကဲ့သို့ ထွက်နှုန်းလျော့ကျရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
မြေပဲတွေက နူတ်ချိန်ရောက်တော့ ဘောက်လောက်တွေ(အဖြုံး)တွေ များတယ်။ ဥချချိန်မှာ ငလျင် လှုပ်လိုက်တော့ အဆံကြိတ်ခွဲတဲ့အခါ ဘယ်လောက်မှ မရတော့ဘူး။ အိမ်မှာဆီကြိတ်စားလောက်ရုံပဲရတော့ရှုံးတယ်။ဟု မြေပဲစိုက်တောင်သူတစ်ဦးက ပြောသည်။
ငလျင်မလှုပ်မီနှစ်များက မြေပဲစိုက်ခင်းတစ်ဧကအဆံနှစ်တင်းလျှင် အတောင့်တင်း(၆၀)ကျော် အမြဲရကြောင်း ယခုနှစ်တွင် ငလျင်နောက်ဆက်တွဲဆိုးကျိုးကြောင့် သီးနှံအထွက်နှုန်း လျောနည်း၍ ၀က်လက်မြို့နယ်သာမက ငလျင်ချက်မိသည့်ဒေသများ တွင် စိုက်ပျိုးသီးနှံများ ထွက်နှုန်းလျော့နည်းကာ တောင်သူများ အရှုံးပေါ် နေရခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
စိုက်စရိတ်ကို မရဘူး။ ရတဲ့သီးနှံကလည်း ဖျင်းတော့ရောင်းဖို့ဆိုဝေးရော။ဆီကြိတ်တော့လည်း အထွက်နည်းလို့ အိမ်စားဖို့တောင်အနိုင်နိုင်ပါပဲ။ နွားစာထဲ ရောက်တယ်။ ” ဟု ၀က်လက်မြို့ နယ် ပင်းဇင်းကျေးရွာမှ တောင်သူဦးမြင့်ဆန်း ကပြောသည်။
ဝက်လက်မြို့နယ်တွင် ငလျင်လှုပ်ခတ်ခဲ့စဉ်က ထိခိုက်နစ်နာမှု နည်းသော်လည်း ငလျင်နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ပင်းဇင်းကျေးရွာ ၊ တဂေါင်းမင်းကျေးရွာ ၊ နှောပင်ကျေးရွာ နှင့် မန်ကျည်းတုံကျေးရွာအတွင်းရှိ မြေပဲစိုက်ခင်းများ အရှုံးများနေကြောင်းကိုလည်း သိရသည်။
မြေပဲအတောင့်တစ်ပြည်လျှင် (၅၀၀)ဈေးရှိသော်လည်း မြေပဲအထွက်နှုန်းညံ့သောကြောင့် ၀ယ်မည့်သူ မရှိဖြစ်နေကြောင်း ရောင်းရသော်လည်း ဈေးအနှိမ်ခံနေရကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါဒေသတွင် တောင်သူအများစု လယ်ယာစိုက်ပျိုးရေးကိုသာ ဦးစားပေးစိုက်ပျိုးကြပြီး ကုန်းပေါ် သောနေရာများ၌ သာ မြေပဲစိုက်ပျိုးကြောင်းသိရသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်