Subscribe to our RSS Feed

ရွှေတိဂုံသို့ ထိုင်းလူမျိုးများ လာရောက်မှု အများဆုံးဖြစ်ပြီး၊ ပါကစ္စတန်မှ အနည်းဆုံးဖြစ်

From :Myit Makha Mediagroup 




ယခုနှစ်အတွင်း ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုတွင်ထိုင်းနိုင်ငံသား  အများဆုံး ၀င်ရောက်လျက်ရှိပြီး ပါကစ္စတန်နိုင်ငံမှအနည်းဆုံးဝင်ရောက်ခြင်း ဖြစ်သည်ဟု ဘုရားဂေါပကအဖွဲ့မှ သိရသည်။

နှစ်လအတွင်း ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှုမှာ  ၄သောင်းကျော် ရှိသည့်အနက် ထိုင်းနိုင်ငံမှ ၅၆၀၀ (ငါးထောင် ခြောက်ရာ) ဦးအများဆုံးလာရောက်ဖူးမြော်ခဲ့ခြင်းဖြစ်ကာ အနည်းဆုံး လည်ပတ်သည့် ပါကစ္စတန်နိုင်ငံမှ၂ (နှစ်)ဦး  လာရောက်ခဲ့ကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ သိရသည်။
 
ကျန်နိုင်ငံများမှာ ပြင်သစ်၊ ကိုရီးယား၊ တရုတ်၊ ဂျာမဏီနိုင်ငံတို့မှခရီးသွားများ လာရောက်လည်ပတ်ခဲ့ပြီး အနည်းဆုံးလာရောက်လည်ပတ်သည့်နိုင်ငံများမှာ အာဖဂန်နစ္စတန်မှ ၃၉ (သုံးဆယ့်ကိုး)ဦး၊သီရိလင်္ကာမှ ၁၉ (ဆယ့်ကိုး)ဦး၊ တောင်အာဖရိကမှ ၈ (ရှစ်)ဦး လာရောက်ခဲ့ကြောင်းသိရှိရသည်။
 
၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံခြားသားဦးရေ ၅၀၂၂၂ (ငါးသောင်းနှစ်ရာနှစ်ဆယ့်နှစ်) ဦး နှင့် ဖေဖော်ဝါရီလတွင် ၃၆၇၁၄ (သုံးသောင်း ခြောက်ထောင်ခုနှစ်ရာတစ်ဆယ့်လေး) ဦး လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။
 
နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ တစ်ရက်ပျှမ်းမျှနှုန်း ၁၈၉၆ (တစ်ထောင့်ရှစ်ရာကိုးဆယ့်ခြောက်) ဦး ရှိနေသည်။
 
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပွင့်လင်းမှုတွေရှိလာတော့ ခုလိုနိုင်ငံခြားသား ဧည့်သည့်တွေ အ၀င်များ လာတာ ဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ်လည်းတိုးတက်လာတာတွေ့ရတယ်။ ဒီထက်တိုးတက်လာဖို့ လည်း   မျှော်လင့်ပါတယ်ဟု ရွှေတိဂုံဘုရားဂေါပကအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်ကြိုင်က ပြောသည်။
 
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် တစ်နှစ်လုံးတွင် နိုင်ငံခြားသားဦးရေ ၃၃၄၆၆၁၀ (သုံးသန်း သုံးသိန်း လေးသောင်း   ခြောက်ထောင် ခြောက်ရာ တစ်ဆယ်) ဦး၊လာရောက်လည်ပတ်ခဲ့ပြီး ဧည့်ဝင်ကြေး ကျပ် တစ်သန်း ခုနှစ်သိန်းကျော် ရရှိခဲ့သည်။
 
ယခုနှစ် ဇန်န၀ါရီလ ဧည့်ဝင်ကြေးမှာ ကျပ် ၂သောင်း ၈ ထောင်ကျော် ရရှိခဲ့ပြီးဖေဖော်ဝါရီလတွင်မူ ဝင်ကြေး ကျပ် ၁သိန်း ၈ သောင်းကျော် ရရှိခဲ့သည်။
 
 နိုင်ငံခြားသား ဧည့်သည့်များအနေဖြင့် ရွှေတိဂုံဘုရားသို့လာရောက်ရာတွင် မုခ်(၄)ခုရှိသည့်အနက် တောင်ဘက်မုခ်မှ ၀င်ရောက်မှု အများဆုံးဖြစ်သည်။
 
တောင်ဘက်မုခ်က အ၀င်များတယ်။ ဘာလို့လဲဆိုတော့ အဲဒီမုခ်က ကားဝင်းကကျယ်တယ်။ယာဉ်ကြော ပိတ်ဆို့ မှုနည်းပြီး ကားရပ်စရာနေရာကလည်း ကျယ်လို့ပါ ဟုဦးဝင်းကြိုင်က ဆက်ပြောသည်။
 
ရွှေတိဂုံဂေါပကအဖွဲ့မှ နိုင်ငံခြားသားဧည့်သည့် တစ်ဦးလျှင် ၄၅၀၀ (လေးထောင့်ငါးရာ) ကျပ် ကောက်ခံမှုရှိပြီး ကင်မရာခွန်ပေးဆောင်ရခြင်း မရှိတော့ပေ။
 
www.MyanmarExpress.net

1 comments:

Helt! Muslim ka lar ba ma lar kwe! Sinn Sarr pee yae par oo.min yor bali tet larr kwa.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်