Subscribe to our RSS Feed

ထိုင်းနိုင်ငံသို့ ငါးပုစွန်မွေးမြူနည်းစနစ် သွားရောက်လေ့လာမည့် မြန်မာမွေးမြူရေးအဖွဲ့

From : Myit Makha Mediagroup 



ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၂၀၁၃ ကုန်စည်ပြပွဲအားလေ့လာရေးခရီးသွားရောက်စဉ် ၄င်းနိုင်ငံမှ မွေးမြူရေး နည်းပညာများ ၊ငါးမျိုးစိတ်များ အကြောင်းအား မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပညာရှင်(၂၆)ဦးပါဝင်သည့်အဖွဲ့မှ ပထမဦးဆုံးအကြိမ် သွားရောက် လေ့လာမည်ဖြစ်သည်။

"ငါးမွေးတောင်သူတွေပါတဲ့ ပြည်ပလေ့လာရေး ခရီးစဉ်က ဒါပထမဦးဆုံး အကြိမ်ပါ။ပြပွဲလာဖို့ သူတို့နိုင်ငံက ကမ်းလှမ်းတာ နဲ့ ပြပွဲလည်း သွားရင်း သူတို့ရဲ့ရေချိုပုစွန်၊ ငါးတွေကို အောင်မြင် အောင်မွေးတဲ့ နည်းပညာတွေလည်းသွားလေ့လာဖို့ သွားကြမှာပါ " ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှဒုဥက္ကဌ ဦးနှင်းဦးက ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ငါးအမျိုးပေါင်း (၂၀)ကျော်အားအောင်မြင်စွာမွေးမြူနိုင်ခြင်းကြောင့် ငါးမွေး တောင်သူများ အနေဖြင့်၎င်းနိုင်ငံမှ ငါးမျိုးစိတ်နည်းပညာများရရှိပါက မြန်မာနိုင်ငံမွေးရေးကဏ္ဍတိုးတက်လာဖွယ်ရှိကြောင်း    ငါးမွေးလုပ်ငန်းရှင်များအသင်းကသုံးသပ်လျှက်ရှိသည်။

"ပြီးခဲ့တဲ့နှစ်တွေက ရင်းနှီးမြုပ်နှံမှုတွေ ဆုံးရှုံးကြရတဲ့အတွက် ဒါကိုသင်ခန်းစာယူပြီး စနစ်တကျ လုပ်ကိုင်မှ ရမှာပါ။ ဒီခရီးစဉ်က ခရီးသွားဟန်လွှဲလေ့လာလို့ရမယ့်အပြင်  နည်းပညာတွေကိုလည်း လုပ်ငန်းမှာပြန်အသုံးချ လို့ရမယ် ဆိုရင် မြန်မာနိုင်ငံငါးကဏ္ဍအတွက်တစ်ခေတ်ကောင်းလာနိုင်မယ်လို့ ထင်မြင်ယူဆပါတယ် "  ဟုမြန်မာနိုင်ငံငါးမွေးလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဌ ဦးစိုးတင့်ကပြောသည်။


အဆိုပါ လေ့လာရေးခရီးစဉ်တွင် ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း ဒေသကြီးတို့မှ ငါးမွေးလုပ်ငန်းရှင်များနှင့်ပညာရှင်များစုစုပေါင်း(၂၆)ဦး ပါဝင်မည်ဖြစ်သည်။


မြန်မာနိုင်ငံတွင် ငါးမွေးကန်ပေါင်း(၂၁၀,၀၀၀) ကျော်ရှိကြောင်းနှင့်ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ရာသီဥတုပူပြင်း လာခြင်းကြောင့်ငါးမွေးကန်များ၌ အောက်ဆီဂျင်ပြတ်လပ်ကာ ငါးသေကြေ ပျက်စီးမှုများကြုံတွေ့နေရသဖြင့်   ယခုကဲ့သို့ မွေးမြူနည်းစနစ်အားလေ့လာလိုခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။


၂၀၁၃ ကုန်စည်ပြပွဲကို ၂၀၁၃ ခုနှစ် မတ်လ (၁၃) ရက်မှ (၁၅) ရက်အထိထိုင်းနိုင်ငံဘန်ကောက် မြို့တွင် ကျင်းပမည်ဖြစ်သည်။
 
 
www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်