Subscribe to our RSS Feed

မီဒီယာဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

From :Myit Makha Mediagroup 




အားကောင်းသည့် သတင်းမီဒီယာ ဥပဒေတစ်ရပ်ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်သည့် မီဒီယာဥပဒေ သတင်းအချက် အလက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်မြို့ရှိမီကာဆာဟိုတယ်တွင် ဖေဖော်ဝါရီလ (၂၁)ရက်မှစတင်၍ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။
 
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကနေဒါနိုင်ငံအခြေစိုက် နိုင်ငံတကာ လူ့အခွင့်ရေး NGOအဖွဲ့ Centre for Law and Democracy မှ အမှုဆောင်ဒါရိုက်တာ မစ္စတာ တိုဘီ မန်ဒဲလ်က ဦးဆောင်ကာ ပြည်တွင်းမီဒီယာ (၃၀)ခန့် ၀င်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
 
တိုဘီမန်ဒလ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ မီဒီယာထိန်းချုပ်ခြင်းနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး မြန်မာမီဒီယာဥပဒေနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
 
ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေချိန်မှာ မြန်မာပြည်အတွက်က အစိုးရရဲ့ထိန်းချုပ်မှုကနေ ကင်းလွတ် စေရန်အတွက် စာနယ်ဇင်းကောင်စီလို ကြီးကြပ်ရေးအဖွဲ့အရေးကြီးပါတယ်။ စာနယ်ဇင်းကောင်စီ( Press Council) အနေနဲ့ကလည်း အမှန်တကယ်  လုံးဝလွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ်ဖို့ အသေအချာ လိုအပ်ပါတယ်ဟု  တိုဘီမန်ဒလ်က ပြောသည်။
 
International Media Law တွင် လူတိုင်းသည် နေရာတိုင်းတွင်လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိပြီး လွတ်လပ်စွာပြောဆို ပိုင်ခွင့်အကျိုးသက်ရောက်မှုသည်လည်း အားလုံးနှင့်သက်ဆိုင်ကြောင်း လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို အမည်မဖော်ပဲနှင့် ပြောဆို၍ရကြောင်း ၎င်းက ဆက်ပြောသည်။
 
မြန်မာပြည် မီဒီယာဥပဒေ ထိန်းချုပ်မှုနှင့် ပတ်သက်၍ သတင်းမီဒီယာဥပဒေစည်းမျဉ်းအတွက် လွတ်လပ်သော စာနယ်ဇင်းကောင်စီက အရေးကြီးသည်ဟုစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ဋ္ဌေးကအကြုံပြုပြောဆိုသည်။
 
မကြာမီကာလအတွင်း မြန်မာပြည်တွင် မီဒီယာ ဥပဒေတစ်ရပ်ပေါ်ပေါက်လာလျှင် ဥပဒေအနေဖြင့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သည် မည်သည့်အတိုင်းအတာထိအကာကွယ်ပေးနိုင်မည် ဆိုသည်ကို ပြည်သူလူထုမှလည်း စိတ်ဝင်စားလျက်ရှိကြောင်းသိရှိရသည်။
 
အဆိုပါ (၂)ရက်တာ ဆွေးနွေးမှု ဒုတိယနေ့၌ နေ့စဉ်သတင်းစာထုတ်မည့် ပါတီများ၊မီဒီယာနှင့် ပတ်သတ်သည့် NGO အဖွဲ့စည်းများ အပါအ၀င် ဖွဲ့စည်းပေါင်း(၄၀)ဖြင့်ဆက်လက်ဆွေးနွေးလျက်ရှိသည်။
 
  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်