Subscribe to our RSS Feed

လူထုခေါင်းဆောင် ဗိုလ်ချုပ်ဟောင်း ဦးဆန်းဆင့်အား ချစ်ခင်လေးစားသူ ၁၀၀၀ ကျော်မှ ဆန္ဒဖော်ထုတ်

From : ဧရာဝတီ

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ်ကနေ ဗဟိုအစိုးရအဖွဲ့ရဲ့ သာသနာရေးဝန်ကြီး အဖြစ် ရာထူးတာဝန် ပေးအပ်မှုကို နေပြည်တော်လွှတ်တော်က ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပြီး နောက်တနေ့မှာတော့ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ဒေသခံ တထောင်ဝန်းကျင်က လမ်းပေါ်ထွက် ဆန္ဒပြကြခဲ့ကြပါသည်။

လယ်သမားနဲ့ ရေလုပ်သား ၁,၀၀၀ ကျော်က ပန်းတနော်မြို့ မြို့အ၀င် ဘောလုံးကွင်းထဲမှာ မနက် ၁၀ နာရီခွဲကနေ နေ့လည် ၁၂ နာရီလောက်အထိ ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

ဒေသခံတွေက
- ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့် ဧရာဝတီတိုင်းမှ မပြောင်းရွှေ့ရေး - ဒို့အရေး
- ပြည်သူချစ်သော လွှတ်တော်ဥက္ကဋ္ဌ နေရာမပြောင်းရွှေ့ရေး
-သမ္မတကြီးကဲ့သို့ ပြည်သူ့အကျိုးစီးပွားကို ကြည့်သော လွှတ်တော်ဥက္ကဋ္ဌအား ဧရာဝတီတိုင်း ပြည်သူတို့အကျိုးကို ဆက်လက် ဆောင်ရွက်ခွင့်ပေးပါ

စသဖြင့် ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ ဘောလုံးကွင်းထဲမှာပဲ လှည့်လည် ကြပါတယ်။

ဆန္ဒဖော်ထုတ်ခွင့်အတွက် လျှောက်လွှာတင်ခဲ့ပေမယ့် ခွင့်ပြုချက်မကျခင် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဘောလုံးကွင်းအတွင်း လှည့်လည်၍ ကိုယ်ချစ်ခင်လေးစားသော ပုဂ္ဂိုလ်တစ်ဦးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ သူများ၊ အလုပ်မရှိ ပညာတတ် လမ်းပေါ်ထွက်သူများ အတုယူသင့်ပါတယ်

သူတို့ထဲက တယောက်ဖြစ်တဲ့ ပန်းတနော်မြို့သူ ဒေါ်နန့်နီလာအောင်က အခုလို ပြောပြပါတယ် -
“ဦးဆန်းဆင့်ကို သူတို့က သာသနာရေးကို ပြောင်းဖို့ကို အမိုးတို့ပြည်သူတွေက လက်မခံနိုင်ဘူး။ ပြည်သူတွေဆိုတာ တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေ၊ ဆင်းရဲသား လက်လုပ်လက်စားတွေပေါ့”

သူ့ကို ဘာကြောင့် မပြောင်းစေချင်တာလဲ။ ဒေါ်နန့်နီလာအောင်က အခုလို ရှင်းပြပါတယ် -

“ဦးဆန်းဆင့်က အခြေခံလူတန်းစား ပြည်သူတွေဘက်က ရပ်တည်လုပ်ကိုင် ဆောင်ရွက်ပေးနေတော့ သူပြောင်းရင် အမိုးတို့ ခေါင်းမဖော်ရဲတော့ဘူး။ ဒီကလူတွေက သူ့ကိုပဲ အားကိုးအားထားပြုနေရတာ။
ဒါကြောင့် ဒီနေရာကနေ မပြောင်းစေချင်ဘူး”

ဦးဆန်းဆင့် မပြောင်းရွှေ့ရေးအတွက် သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ရေကြည်မြို့အပြင် ပုသိမ်၊ ငပုတော၊ ကျုံပျော်စတဲ့မြို့တွေက ပြည်သူတွေလည်း ဆန္ဒပြဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဲဒီမြို့နယ်တွေက ပြည်သူ ၇,၀၀၀ ကျော်က သူ့ကို တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ်ပဲ ဆက်လက် တာဝန်ယူစေလိုကြောင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါသေးတယ်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်