အားလုံးထင်ကြေးပေးထားတဲ့အတိုင်း အဒဖ NLD ကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ပဲ ဥက္ကဋ္ဌ လုပ်မယ်လို့ အဒဖ နဲ့ နီးစပ်တဲ့ သတင်းရက်ကွက်က သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဌ နေရာယူဖို့အတွက် လက်ရှိ ဥက္ကဋ္ဌဖြစ်သူ အသက် ၉၆ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးအောင်ရွှေက ဖယ်ရှားခံရမှာဖြစ်ပါတယ်။
ပါတီ ထိပ်ပိုင်းခေါင်းဆောင် ရာထူးတွေကို အသက်အရွယ်ကြီးရင့်သူ အများစုက တာဝန်ယူထားတာကြတာ ဖြစ်တာကြောင့် လူငယ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။ ပြောဆိုဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ဥက္ကဌလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်က ၆၇ ရှိပါတယ်။
ပါတီဥက္ကဌ နေရာကို ဒေါ်အောင်ဆန်းစုကြည်က ပြိုင်ဘက်မရှိ နေရာယူမှာဖြစ်ပြီး ဒုက္ကဌတစ်နေရာကိုလည်း ရွေးမယ်လို့ သိရပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာထူးဖြစ်တဲ့ အထွေအထွေ အတွင်းရေးမှုး ဆိုတဲ့ ရာထူးကိုတော့ လုံးဝ မထားတော့ဘူးလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှုး ဖြစ်နေစဉ်မှာ ပါတီဥက္ကဌကို ချောင်ထိုးခဲ့သလိုမျိုး နောက်တစ်ကြိမ်မဖြစ်စေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အံတုနိုင်မယ်ထင်တဲ့ ရာထူးတွေကို လုံးဝ မထားတော့ဘူးလို့ သိရပါတယ်။ လက်ရှိအနေအထားမှာ NLD အတွင်းမှာ အသေးစိတ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ကပဲ ချယ်လှယ်နေတယ်လို့ လူကြီးတွေအကုန် မကြာခင်မှာ ထွက်ပေးရမယ်လို့လည်း သိရပါတယ်။

2 comments:
ဒါပါဘဲနောက်ဆုံးော.အာဏာရူးမပါဘဲ.....သောက်ကျင်.ယုတ်မ..
အကုန်ထွက်ပေးလိုက်ရလို.NLD သရဲခြောက်ခံနေရမယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်