Subscribe to our RSS Feed

နွေကာလ လိုအပ်လျှပ်စစ်ဖြည့်တင်းရေး ပြည်ပမှ ဓာတ်အားပေးစက်အချို့ ရောက်ပြီ

From :popular

နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးရန်အတွက် ပြည်ပမှ ဓာတ်အားပေးစက်အချို့ ရောက်ရှိနေပြီဟု ရန်ကုန်မြို့ လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။
 ရန်ကုန်မြို့ အနေဖြင့် လာ မည့် နွေရာသီတွင် ဓာတ်အား လိုအပ်ချက်များ ရှိနေသည့်အ တွက် လှော်ကား၊ ရွာမ၊ အလုံနှင့် သာကေတမြို့နယ်များတွင် ဓာတ် အားပေး စက်ရုံများ၌ ဓာတ်အား ပေးစက်အသစ်များ တပ်ဆင်၍ ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဟု သိရ သည်။ ”လောလောဆယ် တာဘိုင် စက်တွေ နေရာချေ နပါတယ်။ အမြန်တပ်ဆင် ဓာတ်အားဖြန့် ဖြူးပေးနိုင်အောင် ဆောင်ရွက် သွားမှာပါ။ နောက်ထပ် စက် တွေ ထပ်ရောက်ဖို့လည်း ရှိပါ တယ်” ဟု ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။ ပြည်ပမှရောက်ရှိနေသည့် 1(MW) Gas Engine  ရှစ်လုံးကို လှော်ကားစက်ရုံ၌လည်းကောင်း၊ Gas Turbine  တစ်လုံးကို အလုံ စက်ရုံ၌လည်းကောင်း၊ (3.3 MW) Gas Engine လေးလုံးကို သာကေတစက်ရုံတွင် လည်း ကောင်း အသီးသီး တပ်ဆင်သွား မည် ဖြစ်ကြောင်း သိရသ ည်။ အဆိုပါ စက်များ တပ်ဆင် ဖြန့်ဖြူးခြင်းကို မတ်လဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ရန်ကုန်မြို့ လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့အနေဖြင့် လာ မည့် နွေရာသီတွင် ဓာတ်အား လိုအပ်ချက်များကို အလုံစက်ရုံမှ မဂ္ဂါဝပ် ၆ဝ၊ လှော်ကားမှ မဂ္ဂါဝပ် ၅ဝ၊ ရွာမမှမဂ္ဂါဝပ် ၅ဝ၊ သာ ကေတမှ မဂ္ဂါဝပ် ၅ဝနှင့် ရွှေ စွမ်းအင် ကုမ္ပဏီမှ မဂ္ဂါဝပ် ၁၂ဝ ကိုလည်းမတ်လ ၃၁ ရက်နေ့အမီ ဓာတ်အားထုတ်လုပ်သွားမည် ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်တွင် နွေရာသီ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မှာ ၈၅ဝ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိ ဓာတ်အား ထုတ်လွှတ်ပေးနိုင် သည့် မဂ္ဂါဝပ်အမြင့်ဆုံးမှာ ၇၅ဝ မဂ္ဂါဝပ်ခန့်သာ ရှိကြောင်း သိရ သည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်