From :http://www.kachindailynews.com/2013/01/kia_8088.html
.
www.MyanmarExpress.net
မိုးညှင်းမြို့
အနီးရှိ တောင်ကြောများတွင် ကိုင်းမွှေးစိုက်ပျိုးနေသော တောင်သူများထံ KIA တပ်မဟာ (၂)
ရင်း(၅) အဖွဲ့များမှ ဆန်နှင့်ဆားများကို ယမန်နေ့ မနက်ပိုင်းတွင်
တောင်းခံခဲ့ကြောင်း သိရှိရပါသည်။ KIA အဖွဲ့ သည် (၂၉)ရက်နေ့ညနေပိုင်းတွင်
တောင်ယာတဲများသို့ ရောက်ရှိနေထိုင်ခဲ့ပြီး ကိုင်းမွှေးစိုက်ပျိုးသူ ပိုင်ရှင်
ဒေသခံ များထံမှ တစ်ဦးလျှင် ဆန်(၂)အိတ်နှင့် ဆားများကို တောင်းယူခဲ့ကြောင်း
သိရှိရသည်။
အစိုးရတပ်နှင့်
KIA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေရာ KIA အဖွဲ့မှ ထိခိုက်ကျဆုံးမှုတွေများကာ
စခန်းများ တစ်ခုပြီး တစ်ခု လက်လွတ်ရသဖြင့် KIA ငယ်သားများက
စိတ်ဓါတ်ကျဆင်းနေသည့်အပြင် ဗဟိုမှ ထောက်ပံ့မှုတွေ မရရှိ သောကြောင့် အခုလို
ဒေသခံများထံမှ တောင်းခံနေရကြောင်း၊ စစ်တိုက်ချင်စိတ် မရှိသော်လည်း ဗဟိုမှ
အမိန့်ကို လွန်ဆန်နိုင်ခြင်းမရှိသောကြောင့် ဆက်လက်လုပ်ဆောင်နေရကြောင်း
၎င်းအဖွဲ့ဝင်တစ်ဦး၏ ပြောဆို ချက် အရ သိရှိရပါသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်