From : YPN
၀၃ ဖေဖေါ်ဝါရီ ၂၀၁၂ - (YPI) ချင်းမိုင် - တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံးစပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးက ကြယ်တစ်ပွင့်ပဲအမှတ်ပေးခဲ့ပြီးအညံ့ဆုံးဇာတ်ကားသုံးကားထဲ စာရင်းသွင်းခဲ့သည့်အပေါ်အတော်ဘ၀င်မကျဖြစ်ခဲ့ဖူးသည်။
တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးရေးသူ Damon Wise အလွန်မဟုတ်ပဲ ရိုက်ကူးသူပြင်သစ်ဒါရိုက်တာ Luc Besson ၏အလွန်သာဖြစ်ကြောင်းသိရတော့သည် ။
ဒါရိုက်တာ Luc Besson ၏အလွဲများကိုတော့ စဖွင့်ထားသည့်ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသည့်အခန်းမှာပင် စတွေ့ခဲ့ရသည်။ ပစ္စတိုနှင့်သူ့နဖူးတည့်တည့်ကိုချိန်ထားသည့်သေနတ်သမားကို နည်းနည်းလေးမှမဟန့်တားပဲ မတုန်မလှုပ်မျက်စိစုံမှိတ်ပြီးငြိမ်ခံနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံလွှာက ငယ်ငယ်ကတည်းက အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးသည့် အတွင်းဝန်ရုံးတွင်ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရသည့်မြင်ကွင်းနှင့်အတော်ကြီးခြားနားလှသည်။
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင်သရုပ်ဆောင်သည့် ဇော်ဇော်က “ဗိုလ်ချုပ်သေတာဒီပုံစံမဟုတ်ဖူး ဆိုတာ ကျွန်တော်သိပြီးသားလေ။ ပစ္စတိုနဲ့ပစ်တာလည်းမဟုတ်ဖူး၊ အစည်းအဝေးခန်းမပုံစံမှားနေတယ်ဆိုတာလည်းထောက်ပြတယ်။ ဒါပေမယ့် ဒါရိုက်တာက ဒီပုံစံပဲလုပ်ချင်တယ်ဆိုလို့ သူတို့ခိုင်းတဲ့အတိုင်းပဲလုပ် ရတာ” ဟုရုပ်ရှင်အပြီးတွင်ရှင်းပြခဲ့ သည်။
NLD ပါတီဝင်တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ သည့် ဦးသိန်းဝင်းက “အဲဒီလောက်တော့လွဲဖို့မကောင်းဘူးထင်တယ်ဗျ၊ ကျွန်တော်လည်းအဲဒီအခန်းမှာမပါေ တာ့ အကြံမပေးနိုင်ခဲ့ဘူး” ဟုဆိုသည်။
ဦးသိန်းဝင်းအနေနှင့် သူပါဝင်ခွင့်ရခဲ့သည့်အခန်းများ တွင်အချို့မှားယွင်းချက်များကို ထောက်ပြခဲ့သော်လည်း ရိုက်ကူးရေးတည်ထားပြီးသည့်အခန်း များကိုတော့ပြင်ဆင်မပေးခဲ့ပေ။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့ ခေါင်းစည်းမှာ လုံးကြီးတင်ပြုတ်နေလို့ ရိုက်ကာနီးမှာပြေးပြီး သွားပြောသေးတယ်ဗျ၊ ဒါပေမယ့် ရှုတင်တည်ထားပြီးသားမို့ပြင်မပေး နိုင်တော့ဘူးဆိုပြီး ဆက်ရိုက်သွားတယ်ဗျ”။
အလုပ်ကြံမခံရမီ မိသားစုနှင့်အတူ ဗိုလ်ချုပ်နောက်ဆုံးနေခဲ့သည့်အိ မ်သည် တာဝါလိန်းအိမ်ဖြစ်သည်။ သို့ပေမယ့် ဗိုလ်ချုပ်တစ်ခါမှမနေထိုင်ခဲ့ဖူးသည့် အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို နောက်ဆုံးနေခဲ့သည့်အိမ်အဖြစ် ရုပ်ရှင်ထဲတွင်ထည့်ထားခဲ့သည်။
၁၉၄၇ခု ဇူလိုင် ၁၉ ရက်နေ့က ဗိုလ်ချုပ်သမီးအောင်ဆန်းစုကြည် အိပ်မောကျကျန်ရစ်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ရေကန်အစပ်က သစ်သားပက်လက်ကုလားထိုင်မှာ နောက်ထပ် အနှစ် ၄၁နှစ်အကြာ ၁၉၈၈ခုနှစ်တွင် မိခင်မကျန်းမာ၍ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည် အထိ နေရာမှာပင် မဆွေးမမြေ့သည်အတိုင်းရှိနေဆဲ... ။
ရွှေတိဂုံအနောက်မုဋ်တွင်ပြောကြား ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ပထမဆုံးမိန့် ခွန်းကို မင်းသမီး Michelle Yeohက ကြိုးစားပမ်းစားလေ့ကျင့်ကာ ဗမာလိုပြောကြားခဲ့သော်လည်း တရုပ်သံပေါက်နေခဲ့သည်။
ဇာတ်ကောင်များရွေးခြယ်ထားရာတွင် မိုက်ကယ်အဲရစ်နှင့်သားနှစ်ယောက် နေရာတွင်သရုပ်ဆောင်သည့်သူများကို ရုပ်ရည်ခြင်းအတော်လေးဆင်တူသူများကိုရွေးချယ်ထားသော်လည်း တစ်နိုင်ငံလုံးကချစ်ခင်မြတ်နိုး ကြသည့် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နေရာ တွင် တရုပ်အမျိုးသမီးကြီးတစ်ယောက်ကို ထည့်ထားသည်ကတော့ အတော်ကြီးလွဲနေခဲ့သည်။
အခြားအခြားသော အမှားသေးသေးမွှားမွှားတွေဟာ နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေအတွ က် မပြောပလောက်ပေမယ့် သမိုင်းကိုသိနေသည့် မြန်မာပရိသတ်အတွက်တော့သိသာလှသည် ။ ဗမာအလံတွေဇောက်ထိုးဖြစ်နေတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုသည့်စကားလုံးက “အမျူးသားဒီမိုကရေစီအဖွဲ့ချုပ်” ဖြစ်နေတာ၊ ၈၈အရေးအခင်းပြကွက်တွင် ကျောင်းဝတ်စုံဟာအဖြူအစိမ်းမဟုတ် ပဲ အဖြူအပြာဖြစ်နေတာ၊ ဇာတ်ကားထဲက ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ ထောက်လှမ်းရေးတွေဟာ အာဏရှင်မဆန်ပဲ အတော်လေးပေါကြောင်ကြောင်နိုင်ေ နတာ…
ဇာတ်ကားကို ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့်ဗမာ ပြည်ဖက်အခြမ်းနှင့် မိုက်ကယ်အဲရစ်(စ)ပါဝင် သည့် နိုင်ငံရပ်ခြားတွင်ရိုက်ကူးသည့် အခြမ်းဟူ၍ အနည်းဆုံး နှစ်ပိုင်းခွဲကြည့်လျှင်ပင်၊ ဗမာပြည်ဖက်အခြမ်းမှ စစ်ဗိုလ်ချုပ်များပါဝင်သည့်အခန်းများမှာ “တောပြဇာတ်”တစ်ခုကိုကြည့်နေရသကဲ့ သို့ညံ့ဖျင်းလှသည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးကသုံးသပ်ခဲ့ သည်။
ဒေါ်စုခြံထဲကို စစ်သားများ ပထမဆုံးအကြိမ်ဝင်ရောက်စီးနင်း သည့်အခန်းကိုပြရာတွင်လည်းကျောင်းသားခေါင်းဆောင်တစ်ယောက်လက်ထဲတွ င် သေနတ်ရှိနေခြင်းသည် သမိုင်းအချက်အလက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်သွားနေသည့် အကြမ်းမဖက်ရေးလမ်းစဉ်အရရော အတော်လေးမှားယွင်းနေခဲ့၏။
ဇာတ်ကားထဲတွင် မည်သည့်ဘာသာစကားကို ပင်မထား၍ပြောဆိုမည်ဆိုသည့်ကိစ္စ ကို Luc Besson အနေနှင့်တိတိကျကျသတ်မှတ်ခဲ့ပုံ မပေါ်ချေ။ ဒေါ်အောင်ဆန်းစုကြည်နေရာတွင် သရုပ်ဆောင်သည့် Michelle Yeoh က နေရာအတော်များများတွင် ဗမာမိန့်ခွန်းကိုတရုပ်သံနှင့်ြေ ပာလိုက်၊ ဗမာစစ်သားကို အင်္ဂလိပ်လို “Can you speak English” ဟုမေးလိုမေး၊ NLD ပါတီအဖွဲ့ဝင်များ ကျောင်းသားများနှင့်လည်း ဗမာလိုပြောလိုက် အင်္ဂလိပ်လိုပြောလိုက်နှင့် ဘာသာစုံဖြစ်နေခဲ့သည်။
ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်နှင့် ပါတီဝင်များရှေ့ပါမရှောင် နမ်းရှုံ့နေသည့်အခန်းများကတေြာ့ ပင်သစ်ဆန်လွန်းလှသည်ဟုဆိုရလေမည် လား။ သေချာသည်ကတော့ တွေ့ခဲ့ဖူးသမျှဒေါ်အောင်ဆန်းစြု ကည်၏ဓါတ်ပုံများထဲတွင်ထိုကဲ့သို့ သောပုံမျိုးတစ်ပုံမှ ယနေ့အချိန်ထိ မရှိခဲ့ဖူးပေ။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေနေရာတွ င်ပါဝင်ခဲ့သည့်သရုပ်ဆောင်ဦးအဂ္ဂ ကတော့ “ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို တော်တော်စိတ်ပျက်သွားတယ်။ လွဲနေတာတွေကတော့ အများကြီးပဲလေ။ နောက်ဆုံးအခန်းမှာ ဒေါ်စုက ဘုန်းကြီးတွေထက်အမြင့်မှာ ရှိနေတာမျိုးတွေပေါ့၊ ဒါပေမယ့် ကိုယ်ပြောလည်း သူတို့ပြင်တာမှမဟုတ်တာ” ဟုပြောဆိုခဲ့သည်။
ဦးသိန်းဝင်းကတော့ သမိုင်းနောက်ခံအမှားအယွင်းမျာြး ဖစ်ခဲ့ရခြင်းနှင့်ပါတ်သက်ပြီး “ငါတို့မှာတော့ တာဝန်ရှိနေမလားမသိဘူးလို့တော့ ပြောမိပါသေးတယ်။ ဒါပေမယ့် ဒါဟာသမိုင်းမဟုတ်ဘူး၊ ရုပ်ရှင်အနေနဲ့ရိုက်တာလို့ပဲခံ ယူလိုက်ရတာပါပဲ” ဟုဆိုခဲ့သည်။
“ဒီလိုကားမျိုးမှာ consultant ကအရမ်းအရေးကြီးပါတယ်။ consultant ဘယ်သူလဲလို့ကျွန်တော်မေးသေးတယ် ဗျ။ ဘန်ကောက်တက္ကသိုလ်တစ်ခုမှာတက်ေ နတဲ့ တိုင်းရင်းသူတစ်ယောက်လို့ပြောတာ ပဲ” ဟုပြောခဲ့သည်။
ရုပ်ရှင်အပြီးစာတမ်းထိုးရာတွင် Consultant ဟူသည့် အသုံးအနှုန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့်အတွက် သမိုင်းဆိုင်ရာအချက်အလက် အမှားအယွင်းများနှင့်ပါတ်သက်၍ တာဝန်အရှိဆုံးက ဒါရိုက်တာ Luc Besson သာဖြစ်ကြောင်းထင်ရှားနေခဲ့လေသည် ။
Myanmar Express
၀၃ ဖေဖေါ်ဝါရီ ၂၀၁၂ - (YPI) ချင်းမိုင် - တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံးစပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးက ကြယ်တစ်ပွင့်ပဲအမှတ်ပေးခဲ့ပြီးအညံ့ဆုံးဇာတ်ကားသုံးကားထဲ စာရင်းသွင်းခဲ့သည့်အပေါ်အတော်ဘ၀င်မကျဖြစ်ခဲ့ဖူးသည်။
တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးရေးသူ Damon Wise အလွန်မဟုတ်ပဲ ရိုက်ကူးသူပြင်သစ်ဒါရိုက်တာ Luc Besson ၏အလွန်သာဖြစ်ကြောင်းသိရတော့သည်
ဒါရိုက်တာ Luc Besson ၏အလွဲများကိုတော့ စဖွင့်ထားသည့်ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသည့်အခန်းမှာပင် စတွေ့ခဲ့ရသည်။ ပစ္စတိုနှင့်သူ့နဖူးတည့်တည့်ကိုချိန်ထားသည့်သေနတ်သမားကို နည်းနည်းလေးမှမဟန့်တားပဲ မတုန်မလှုပ်မျက်စိစုံမှိတ်ပြီးငြိမ်ခံနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံလွှာက ငယ်ငယ်ကတည်းက အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးသည့် အတွင်းဝန်ရုံးတွင်ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရသည့်မြင်ကွင်းနှင့်အတော်ကြီးခြားနားလှသည်။
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင်သရုပ်ဆောင်သည့် ဇော်ဇော်က “ဗိုလ်ချုပ်သေတာဒီပုံစံမဟုတ်ဖူး
NLD ပါတီဝင်တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ
ဦးသိန်းဝင်းအနေနှင့် သူပါဝင်ခွင့်ရခဲ့သည့်အခန်းများ
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အလုပ်ကြံမခံရမီ မိသားစုနှင့်အတူ ဗိုလ်ချုပ်နောက်ဆုံးနေခဲ့သည့်အိ
၁၉၄၇ခု ဇူလိုင် ၁၉ ရက်နေ့က ဗိုလ်ချုပ်သမီးအောင်ဆန်းစုကြည် အိပ်မောကျကျန်ရစ်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ရေကန်အစပ်က သစ်သားပက်လက်ကုလားထိုင်မှာ နောက်ထပ် အနှစ် ၄၁နှစ်အကြာ ၁၉၈၈ခုနှစ်တွင် မိခင်မကျန်းမာ၍ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည်
ရွှေတိဂုံအနောက်မုဋ်တွင်ပြောကြား
ဇာတ်ကောင်များရွေးခြယ်ထားရာတွင် မိုက်ကယ်အဲရစ်နှင့်သားနှစ်ယောက်
အခြားအခြားသော အမှားသေးသေးမွှားမွှားတွေဟာ နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေအတွ
ဇာတ်ကားကို ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့်ဗမာ
ဒေါ်စုခြံထဲကို စစ်သားများ ပထမဆုံးအကြိမ်ဝင်ရောက်စီးနင်း
ဇာတ်ကားထဲတွင် မည်သည့်ဘာသာစကားကို ပင်မထား၍ပြောဆိုမည်ဆိုသည့်ကိစ္စ
ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်နှင့် ပါတီဝင်များရှေ့ပါမရှောင် နမ်းရှုံ့နေသည့်အခန်းများကတေြာ့
ဗိုလ်ချုပ်မှုးကြီးသန်းရွှေနေရာတွ
ဦးသိန်းဝင်းကတော့ သမိုင်းနောက်ခံအမှားအယွင်းမျာြး
“ဒီလိုကားမျိုးမှာ consultant ကအရမ်းအရေးကြီးပါတယ်။ consultant ဘယ်သူလဲလို့ကျွန်တော်မေးသေးတယ်
ရုပ်ရှင်အပြီးစာတမ်းထိုးရာတွင် Consultant ဟူသည့် အသုံးအနှုန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့်အတွက် သမိုင်းဆိုင်ရာအချက်အလက် အမှားအယွင်းများနှင့်ပါတ်သက်၍ တာဝန်အရှိဆုံးက ဒါရိုက်တာ Luc Besson သာဖြစ်ကြောင်းထင်ရှားနေခဲ့လေသည်
Myanmar Express
9 comments:
ဟားဟား ... ၀ါးဟားဟား ...ဒီပို့စ်က မိုးဒီတို့မော့စ်တို့ထက်ကို ရီရတယ်ဟေ့ ... အမှန်တိုင်းပြောရရင် မအားလို့ ဒီကားကို မကြည့်ရသေးပါဘူး ... ဒါနဲ့များဗျာ ဒီဒါရိုက်တာကို လွဲနေတယ်လို့
ပြန်ပြင်ပေးပါလို့ ပြောပြီးရိုက်တာတောင် မြန်မာ သရုပ်ဆောင်တွေက ဘာလို့များ ဆက်ရိုက်ကြတာလဲ ... ရိုက်မှာပေါ့ ပိုက်ဆံယူပြီး ရပြီး ဖြစ်နေကျတာကိုး ... နောက်ဆုံးတော့ ကိုယ့်မြန်မာကို ကိုယ့်လူမျိုးကပဲ သိက္ခာကျအောင်လုပ်သွားတာပဲလေ။ ဒါရိုက်တာ အပြစ်ကိုခဏထားပါ ဒီအနေအထားမမှန်ဘူး ပြင်ရိုက်ဆို မပြင်ရိုက်တာကိုလည်း ခပ်တည်တည်နဲ့ သရုပ်ဆောင်သွားတဲ့ မျိုးမစစ်တွဲလောင်းမြစ်တွေမှာပဲ အပြစ်ရှိတာ ဒါရိုက်တာ LB ကလည်း စီးပွားရေးသဘောပဲကြည့်ခဲ့တယ်နဲ့တူပါတယ် ... အားတော့နာတယ် ဒီပို့စ်က ရီရတာ အူတောင်နှိပ်ယူရတယ်
ဒီကားကို မကြည့်ခဲ့ရပေမယ့် ဒီမှာထောက်ပြထားတဲ့
အချက်တွေအရ ကြည့်ဖြစ်အောင်
ကြည့်လိုက်ပါဦးမယ် ။ တကမ္ဘာလုံးက စောင့်ကြည့်ကြတဲ့
ဒီလိုကားမျိုးမှာမှ သမိုင်းအမှားတွေ ဖြစ်ရတယ်လို.။
အဖြစ်ရိုက်ရုံရိုက်ရမယ့် ကားမျိုးမှ မဟုတ်တာ ။ အကြံပေးတွေ
ဘာတွေဆိုတာကကော တကယ်ဗဟုသုတ၊ အတွေ.အကြုံ၊
မြန်မာပြည်အကြောင်း ကော သိကြပါရဲ့လား ။ မြန်မာစာကော
တတ်ကြပါရဲ့လား ။ ကြေငြာမှာ နာမည် စာလုံးပေါင်းမှားနေတာ
မြင်ကတည်းက စေ့စပ်သေချာမှု.မရှိဘူး၊ ကြိုတင်လေ့လာမှု.
မရှိဘူး၊မြန်မာစာမတတ်ရင်လည်း တတ်သူကိုမေးရမယ် ။
အချောမသတ်ခင် ပြန်စစ်ရမယ်။ အကြံပေးရှိခဲ့ရင်လည်း တော်တော်အသုံးမကျတဲ့ အကြံပေးလို.
ပြောချင်ပါတယ် ။
SV
MEG သို.ပန်ကြားချက်
ဤpostမှပုံများအား facebook တွင်အသုံးပြုလိုပါသည်ခင်ဗျာ။
ပိုဆိုးတာတစ်ချက်ရှိသေးတယ်ဗျ... နောက်ခံပုံကိုကြည့်လေ ၁၉၈၈ မှာ SE Limited 92 မော်ဒယ် taxi ပေါ်နေတယ်တယ် မြန်မာက အရေးအခင်းဖြစ်တာတောင် ခေတ်မှီတုံး နိုင်ငံတကာက တိုယိုတာကလည်း အရေးအခင်းဖြစ်တဲ့နိုင်ငံမှာ မပေါ်သေးတဲ့ ၉၂ မော်ဒယ် လိမိတက်ကိုလည်း taxi အနေနဲ့ ဆွဲခိုင်းထားသေးတယ် အဟက်... ပြီးတော့ ပါရမီကားကလည်း express ကားဖြစ်နေပြီ ၁၉၈၈ မှာ ဗိုက်ပူပဲရှိတာကို ဘာတွေလာပြနေလဲမသိဘူး... ဟ ဟ ရယ် ရ တယ်... ဟာသကားကြီးထင်တယ်နော်. Mr. Bean ပါထည့်ရမှ အမှန်ဆို ဒါမှပိုရယ်ရမှ... Johnny English and Daw Su လို့ ပေးရင် ကောင်းမှာ...
ဓါတ် ပုံ တွေကိုfacebook မှာသုံးခွင့်ပေးမလား မသိဘူးခင်ဗျာ?။
ပြန်ကြားပေးပါခင်ဗျာ။
လေး စား လို. ပါ ခင် ဗျာ။
လေး စား လို. ပါ ခင် ဗျာ။
သုံးနိုင်ပါသည်
ကျေးဇူးပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်