From : မြဝတီ
www.MyanmarExpress.net
နေပြည်တော် ဇန်နဝါရီ ၂၇
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ် စိုးထွဋ်သည် တာဝန်ရှိသူများ နှင့်အတူ ဇန်နဝါရီ ၂၅ ရက်
နံနက်ပိုင်းက တောင်ကြီးမြို့ နယ်မြေခံ တပ်မတော် ဆေးတပ်ရင်း ဆေးကုသဆောင်သို့
ရောက်ရှိပြီး ဆေးရုံ တက်ရောက် ကုသ လျက်ရှိသော အရာရှိ၊ စစ်သည်၊
မိသားစုဝင်များကို ကြည့်ရှု အားပေးပြီး စားသောက် ဖွယ်ရာများ ထောက်ပံ့
ပေးအပ်သည်။
ဆက်လက်၍ တိုင်းမှူးသည် ဆေးရုံ လူနာ
စားရိပ်သာ၌ လူနာများအတွက် နေ့စဉ် ချက်ပြုတ် ကျွေးမွေးမှု အခြေအနေနှင့်
အထက်တန်း သူနာပြုရိပ်သာ ဆောက်လုပ်နေမှု အခြေအနေ များအား လှည့်လည် ကြည့်ရှု
စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်