From : MRTV4
www.MyanmarExpress.net
ရန်ကုန်မြို့တော်
စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ
ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ စီးပွားရေး ဇုန်ကြီးများ
ဆောင်ရွက်ဖို့ အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ စီးပွားရေး ဇုန်ကြီးများ အဖြစ် ဆောင်ရွက်မှု ကိုတော့ မင်းဓမ္မလမ်းနဲ့ ရှစ်မိုင် လမ်းဆုံ တို့မှာ ဆောင်ရွက်ဖို့ အတွက် သတ်မှတ် လျာထားတာ ဖြစ်ပါတယ်။
ဒီလို သတ်မှတ် လျာထားရာ မှာတော့ ရှစ်မိုင် လမ်းဆုံ အနီး မြိုင်ဟေ၀န် ပန်းခြံ၊ မင်းဓမ္မလမ်းရှိ MCC ခန်းမနဲ့ ၀ိတိုရိယ ဆေးရုံ အနီးရှိ မြေလွတ်ရှိတဲ့ နေရာများမှာ အကောင်အထည် ဖော်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက်မယ့် စီးပွားရေး ဇုန်များမှာ အဆင့်မြင့် ရုပ်ရှင်ရုံများ၊ အဆင့်မြင့် ဟိုတယ်များ၊ စီးပွားရေး အဆောက်အအုံများ၊ ကုမ္ပဏီ ရုံးခန်းများ စတာတွေကို ထည့်သွင်း ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အခုလို ဆောင်ရွက်ဖို့ အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဒီဇိုင်း ရေးဆွဲ လျက်ရှိပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ကိုတော့ နောက်ပိုင်းမှာ တင်ဒါခေါ် ယူမှုတွေ ဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။

2 comments:
အ မေ ရိ ကန် က လဲု မ အ နဲ့ မြန် မာ နဲ့ ပေါင်း ပြီး စီး ပွါး ရေး စစ် ရေး ပူး ပေါင်ကြ ပါ တရုတ် ကြိး က မ ကြာ ခင် အ ရှေ့ တောင် အာ ရှ ကို ဝါး မြုီူ သွား နိုင် တယ် တ ရုတ် ကြိး က စည် မာန် ကိန်း ဆွဲ ပြိး သား ဂယု စိုက် ကြ ပါ
I will take all these places for phyu phyu,chan, moe yu, n other my partners. TZ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်