၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်မှာ သံလျှင်မြို့ တောင်ပိုင်းခရိုင် အထွေထွေေ၇ွးကောက်ပွဲကော်မရှင်ရုံးသို့ ကိုယ်တိုင် အပြေးအလွှား သွားရောက် ပြီး လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း အဆိုပြုလွှာကို တင်သွင်းခဲ့ပါတယ်။
၂၀၀၈ အခြေခံဥပဒေ အရ ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သပိတ်မှောက်ခဲ့တဲ့ NLD က လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကိုလည်း ဇန်န၀ါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့တယ်လို့ သိရပါတယ်။
ယင်းစာရင်းအတွင် ပြည်နယ်နှင့်တိုင်း ၆ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂ ဦးပါဝင်ပြီး ပထမအကြိမ် ထုတ်ပြန်သည့်စာရင်းနှင့်ပေါင်းပါက စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၄ ဦးရှိပြီဖြစ်ပါတယ်။ NLD မှ ၄၈ ယောက် လုံး လွှတ်တော်အမတ်နေရာရရေးအတွက် စည်းရုံးကြိုးစားသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ကော့မှူးမြို့နယ် လွှတ်တော်အမတ် အဖြစ်အရွေးခံမှာဖြစ်ပါတယ်။ ပြည်သူချစ်တဲ့အနုပညာရှင် ဆိုတဲ့ ဦးဇာဂနာကတော့ လွှတ်တော်အမတ်ရဲ့ အိုင်ကျူက ၅၀ ရှိတယ်လို့ ပြောခဲ့ပါတယ်။

3 comments:
မဲပေးလိုက်ကြပါဗျာ...သနားပါတယ်...ဒီတခါမှ.မရရင်..
နောက်တခါဆိုမလွယ်ဘူး..အသက်ကလည်းကြီးနေပြီ။
သွေးလည်းဆုံးနေပြီ...နောက်တခါရွေးကောက်ပွဲဝင်ရင်
အသက်က ၇၀ ကျော်နေပြီ..မြန်မာပြည်သူ/သားတွေ
သူငယ်ပြန်တဲ.အဖွားကြီးနဲ့အိုးပုတ်..ဂျီုးရုပ်နဲ.ကစားရမှာ.
မပေးပါဘူး။ မဲမပေးလည်း နေခွင့်ရှိသည်တဲ့။ သူပြောတာ။၊အခုတော့.... ဘာတဲ့.??? မဲထည့်ဖို့အရေးကြီးကြောင်း၊မဲမထည့်ရင် တာဝန်မဲ့ဆိုဘဲ။ သူ့ပါတီပါလာတော့ လေသံတစ်မျိုးပါလား။ပလောင်းပလဲ ဖွားဖွားကြီး။
ဒီတစ်ခါ သူဝင်ကန်မှာလေ
ဒီပွဲမကောင်းဘူး လုပ်လို. ဘယ်ဖြစ်မတုန်း ))))))
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်