တည်ကြည်ခန့်ညား လေးစားအားကိုးဖွယ် လွှတ်တော် ကိုယ်စားလှယ်လောင်းကြီး
(လက်မှာလည်း တက်တူးတွေနဲ့)
(လက်မှာလည်း တက်တူးတွေနဲ့)
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာထွန်းခါးနေတဲ့ မြန်မာနိုင်ငံကို အကျီပွပွတွေ၊ ဘောင်ဘီ ဂွကျကျတွေကို ပထမဆုံး ဝတ်ပြတဲ့ ရက်ပါကြီး ဇေယျာသော် က အခု NLD ကနေ လွှတ်တော်အမတ် ဝင်ပြိုင်မယ်လို့ သိရပါတယ်။ ပြိုင်မယ့် မြို့နယ်ကလည်း မြန်မာနိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ နေပြည်တော် က ပုဗ္ဗ္ဗသီရိမြို့ နယ် မှာ ဖြစ်ပါတယ်။
အရည်ချင်းရှိတဲ့လူတွေ လုံးဝ မရှိသလောက် ဖြစ်နေတဲ့ NLD ဟာ လွှတ်တော်အမတ်နေရာအတွက် ကိုယ်စားလှယ်လောင်း နေရာပေးစရာ ပေးဖို့ လူအခက်အခဲ အလွန်ဖြစ်နေပြီး ဘာမဟုတ်တဲ့ ဇေယျာသော်တို့ ဖြူဖြူသိန်းတို့ကို လွှတ်တော်ထဲကို ခေါ်ဖို့လုပ်နေရပါတယ်။
ဇေယျာသော်တို့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည် ထမိန်စကို ခေါင်းပတ်ဖို့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမိန်စက မီးမကူးကြောင်း သီချင်းလုပ်ဆိုခဲ့တာကြောင့် ဒေါ်စုက ဇေယျာသော်ကို လွှတ်တော် အမတ်လုပ်ဖို့ နေရာပေးခဲ့တာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ဒို့နိုင်ငံကြီးတိုးတက်ဖို့ ရက်ပါကြီးကို မဲပေးစို့
နိုင်ငံရေးအကြောင်းနားမလည်၊ သမိုင်းမသိ၊ လူလေးစားခံစရာ တကွက်မှမရှိတဲ့ လွှတ်တော် အမတ်လောင်း ဇေယျာသော် ကို ဂုဏ်ပြုကြရအောင်
6 comments:
အတော်ပဲ အခွင့်ရေးလေး ရတုန်း ရွာက အုန်းပင်တက်သမား
ကိုကြီး သာကြိုင်ကိုလဲ အမတ်လောင်း ၀င်ပြိုင်ဖို့ ပြောမှပဲ..
ဘာရယ်တော့မဟုတ်ဘူး လူသိများပီး ထင်ပေါ်မှာတော့ သေချာတယ်
အမတ်ဖြစ်ဖို့ NLDက
ပညာအရည်အချင်းနဲ့ အကျင့်စာရိတ္ထ မလိုဘူးဆိုတော့ သူ့အတွက် မဟာအခွင့်အရေးပဲ... နောက်မကျခင် သူသိအောင် ပြေးပြောလိုက်ဦးမယ်.
ဒီလိုဗရုတ်သုတ်ခ တွေနဲ့  ဖွဲ့ ထားတဲ့ NLD ရေ တိုင်းပြည်ကောင်းအောင် ဘယ်လိုများလုပ်မှာလဲ။
နိုင်ငံတကာမှာရောလက်၇ှိမြန်မာနိုင်ငံမှာရော
လွှတ်တော်အမတ်တွေဟာ လေးစားလောက်တဲ့
အတွေ့ အကြုံရှိတဲ့ပုဂ္ဂိုလ်များပါ၊ ဒီိလိုကောင်တွေ လွှတ်တော်ထဲရောက်သွားရင် ကျက်သရေယုတ်မှာပေါ့။
တော်ပါတယ်။တတ်ပါတယ်ဆိုတဲ့ NLD ခေါင်းဆောင်များ ဒီလောက်တောင်ရွေးစရာရှားသလား ။
မြှောက်ပေးလို့ ဂွေးတက်အောင် က ရှာတာနေမှာပါဗျာ..သနားပါတယ်
ပြည်တွင်းကလူတွေက အကျဉ်းသားပါတီ ထောင်၊
ပြည်ပကလူတွေက ဒုက္ခသည်ပါတီ ထောင်ပေါ့။
ဟုတ်လည်းဟုတ်တယ်...
ဒါဘယ်လိုမှမဖြစ်သင့်တာပဲ ...
တကယ်ဆို ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်နေပါတယ်ဆိုတဲ့ အန်အယ်ဒီက နိုင်ငံရေးဝါရင့်လူကြီးတွေ ၊ ပညာတတ်တွေ သာလျှင် ၀င်ရောက်ယှဉ်ပြိုင်သင့်တယ် ..
အမတ်နေရာရချင်တာနဲ့ လူသိများတဲ့သူတွေကို ၀င်ပြိုင်ခိုင်းတာဟာ ဘယ်လိုမှမဖြစ်သင့်တဲ့အရာပါ..
ပင်နီတိုက်ပုံနဲ့ ယောလုံချည်ကိုသာ တမ်းတမ်းမက်မက် ၀တ်ဆင်နေတဲ့ အန်အယ်ဒီရေ ဘောင်းကိုးရို့ကားရားတွေကို ရှေ့တန်းတင်တော့မလို့လား .. ကြည့်လည်းလုပ်ပါဦး ဗျာ
လေတယ်ကွာ...NLD ရယ် တစ်ကယ်ပြောတာ..လေတယ်
ဘာမှတောင်မလုပ်ရသေးဘူး..ရွာကိုပျက်နေတာပဲ...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်