Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် ဆုပေးထားတဲ့ ဇတ်ကားများ စင်ကာပူတွင်ပြသခွင့်မရ

မြန်မာနိုင်ငံမှာ ရုပ်ရှင်ပြပွဲလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆုပေးခဲ့ကာ အဟုတ်ကြီးလုပ်ခဲ့တဲ့ ဇတ်ကားများကို စင်္ကာပူ အာဏာပိုင်တွေက ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီဇတ်ကားတွေကို မနေ့တနေ့ကမှ ဒါရိုက်တာ နာမည်ခံခဲ့တဲ့ လူပြက် ဇာဂနာက စင်္ကာပူနိုင်ငံကို ယူဆောင်သွားပြီး ရုပ်ရှင်ပြပွဲလုပ်ကာ ပြသဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

စင်္ကာပူအာဏာပိုင်တွေ ပြသခွင့် ပိတ်ခဲ့တဲ့ ဇတ်ကားတွေအားလုံးက အနုပညာအကြောင်းနားမလည်သူ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ “လွတ်လပ်ခြင်း အနုပညာ” ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။


လွတ်လပ်ခြင်းအနုပညာ ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွားသိလရှင်တစ်ဦးကို ဖိနပ်ဆီးပြီး ဆုပေးခဲ့စဉ်

မြန်မာနိုင်ငံမှာ တုန်းကတော့ စည်းမဲ့ကမ်းမဲ့ လုပ်ချင်တာလုပ်လို့ ရခဲ့ပေမယ့် စင်္ကာပူရောက်မှ လွတ်လပ်ခြင်း အနုပညာ ဇတ်ကားတွေ မလွတ်မလပ်ဖြစ်နေရပါတယ်။ မြန်မာအစိုးရကသာ ပိတ်ခဲ့ရင် အတိုက်အခံတွေ၊ ပြည်ပေါက်ရောက် မြန်မာတွေသာမက ပြည်တွင်းပြည်ပ မီဒီယာအားလုံးက ကပါ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်" "ဒီမိုကရေစီ" "လူ့အခွင့်အရေး" စတဲ့ စကားလုံးအကြီးကြီးတွေနဲ့ အမျိုးမျိုး ကြီးကြီးကျယ်ကျယ် ဟောင်ဖွာဟောင်ဖွာ လုပ်သူကလုပ်၊ အကျီဖြူဝတ် ကာ ဘုရားတွေဆီသွားပြီး ဆီမီးထွန်းသူကထွန်း၊ စာရွက်လွတ်မှာ စာတွေရေးပြီး ဝါးခြမ်းပြားနဲ့ထိုးကာ လမ်းပေါ်ထွက် လမ်းလျှောက်ကြမယ့်လူတွေ တပြုံကြီး ရှိနေပေမယ့် အခုလို စင်္ကာပူအစိုးရက ပိတ်ပင်ချိန်မှာတော့ ဘယ်မီဒီယာကမှ အပြစ်မတင်ရဲသလို တကမ္ဘာလုံးကမြန်မာတွေနဲ့ စင်္ကာပူက မြန်မာတွေကပါ မတောင်းဆိုရဲ ဆန္ဒမပြရဲကြဘူးလို့ သိရပါတယ်။

စင်္ကာပူအစိုးရရဲ့ ပိတ်ပင်မှုကို "လွတ်တာနဲ့ ပြောပြီ" ဆိုတဲ့ ကိုယ်တိုင်သာ ဘာမှမဟုတ်တာ လွှတ်တော်မတ်တွေကစပြီး သမ္မတထိ အမျိုးမျိုးဝေဖန်နေသူ ဇာဂနာ ကိုယ်တိုင်က ဘာမှ မပြောမဆိုရဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက ဇာဂနာ နဲ့ မြန်မာအတိုက်အခံများကို "အိမ်ကျယ်" များသာ ဖြစ်ကြောင်း အခုလို မှတ်ချက်ပေးသွားပါတယ်။

"တကယ်တော့ မြန်မာအတိုက်အခံဆိုတဲ့လူတွေက အိမ်ကျယ်တွေပါ... အိမ်မှာသာ ဟီးရိုး လိုလို ဘာလိုလိုနဲ့ အိမ်က အစိုးရကို အပြစ်ရှာထောက်ပြရဲကြတာ တခြားနိုင်ငံ အစိုးရတွေရဲ့ ကိုယ့်နိုင်ငံအပေါ် ပိတ်ပင်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကျတော့ မဟ ရဲကြဘူးဗျ... ဥပမာ စီးပွားပိတ်ဆို့မှုပဲ ကြည့်လေ.... စီးပွားပိတ်ဆို့ခံရရင် ပြည်သူတွေ ဆင်းရဲတာ သိနေကြတာပဲ... ဒါပေမယ့် ဘယ်တစ်ကောင်မှ မဝေဖန်ရဲဘူး... အမြီးကုပ်နေကြတာ... တကယ်သာ ပြည်သူဖက်က ရပ်တည်ချင်ရင် အော်မယ်ဆို အော်လို့ရတာပဲ... အစိုးရကို ဒဏ်ခတ်ချင်ရင် တခြားနည်းလမ်းသုံးဖို့ အကြောင်း၊ စီးပွားပိတ်ဆို့မှုက မြန်မာအခြေခံလူတန်းစားတွေကို ထိခိုက်တဲ့အကြောင်း၊ ပြောကြပေါ့... လုံးဝ သတ္တိမရှိကြဘူး.. ကိုယ့်အစိုးရကိုသာ အတိုက်အခံလုပ်ရဲကြတာ သူများအစိုးရက မတရားလုပ်နေတာကိုတော့ မဆန့်ကျင်ရဲကြဘူးလေ... အခု ဖြစ်သွားတဲ့ စင်္ကာပူက ဖြစ်ရပ်က သက်သေပဲပေါ့...." လို့ ပြောခဲ့ပါတယ်။

ထိုင်မှာတုန်းက " လျှော့ဖြစ်သွားတယ်" လို့ အော်ခဲ့တဲ့ ဇာဂနာတစ်ယောက်၊
စင်္ကာပူမှာတော့ " လျှော့.. လျှော့.." လို့တောင် မအော်နိုင်တော့

စင်္ကာပူအစိုးရရဲ့ ပိတ်ပင်မှုကြောင့် ရုပ်ရှင်ပြပွဲလည်း ပျက်ခဲ့ရပြီး၊ ဒီဖြစ်ရပ်ပေါ်မှာ ငြိမ်ခံနေတဲ့ စင်္ကာပူက မြန်မာတွေကိုလည်း လူထုက တင်းမာနေတဲ့အကြောင်း ရန်ကုန်မြို့မှ ၈၈ မျိုးဆက် တစ်ဦးက အခုလို ပြောပါတယ်...

"စင်္ကာပူက မြန်မာတွေအကြောင်းကို ကျွန်တော် နားစွင့်နေတာ ကြာပြီ... တခြားနိုင်ငံက မြန်မာတွေက ဒီမိုကရေစီအရေး တက်တက်ကြွကြွရှိသလောက် စင်္ကာပူက မြန်မာတွေက ယောင်္ကျားလေးတွေဆိုရင် ကလိမ်ကကျစ်လုပ်ဖို့နဲ့ မိန်းကလေးတွေဆိုရင် ဖာသည်တွေလို ဝတ်စားပြီး လမ်းပေါ်ထွက်ဖို့ပဲ သိကြတယ်... မြန်မာကားတွေကို မြန်မာစကားနဲ့ ရိုက်ပြီး မြန်မာနိုင်ငံမှာတောင် ပြလို့ ရသေးတာကို အခု စင်္ကာပူက မြန်မာတွေဆီမှာ ပြခွင့်မရတာ အဲဒီက မြန်မာတွေ သတ္တိမရှိလို့ပဲ... ၈၈ တုန်းက စိတ်မျိုးနဲ့ဆိုရင် စင်္ကာပူက ယောင်္ကျားတွေအားလုံးအတွက် ထမိန်နဲ့ ကျောက်ပျဉ် တွေ လေယဉ်နဲ့ အပြည့် ပို့ပေးမိမှာ သေချာတယ်ဗျာ... တကယ်ဒေါသထွက်ဖို့ကောင်းတယ်...." လို့ လေသံမာမာနဲ့ ပြောကြားခဲ့ပါတယ်။


၁၀ နှစ်ကျော် ပညာတွေ သင်ပေးခဲ့တဲ့ အမိနိုင်ငံကို စွန့်ခွာပြီး
စင်္ကာပူနိုင်ငံ အစိုးရ နဲ့ စင်္ကာပူ သူဌေး တွေဆီမှာ အလုပ်အကျွေးပြုရင်း ဘဝမေ့နေသူ မြန်မာအချို့

ဒေါ်အောင်ဆန်းစုကြည် ဆုပေးခဲ့တဲ့ ဇတ်ကားတွေဟာ မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့ရဲ့ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့ဇတ်ကားတွေ ဖြစ်နေတဲ့အပြင် ဆင်ဆာအဖွဲ့ကိုပါ လှောင်ပြောင်ထားတဲ့ ဇတ်ကားတွေလည်း ပါရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ဆင်ဆာအဖွဲ့ကို လှောင်ပြောင်ထားတဲ့ ဇတ်ကားကို မြန်မာနိုင်ငံမှာ ပြလို့ရပြီး စင်္ကာပူနိုင်ငံမှာ ဆင်ဆာ ဖြတ်ခံရတာကို ကြည့်ခြင်းအားဖြင့် ဒီနေ့ အတိုက်အခံတွေအပေါ်မှာ အစိုးရရဲ့ အလျှော့ပေးမှုနဲ့ အတိုက်အခံတွေရဲ့ စည်းကမ်းမဲ့နေမှုကို မြန်မာပြည်သူများ ဆင်ခြင်ဖို့ အချိန်ရောက်ပါပြီ။

18 comments:

ရန် ကုန် မြို. က ၈၈ တ ဦး ပြော တဲ. အ ထဲ က စ ကား လုံး ၊ အ သုံး အ နှုန်း တွေ က အင် မ တန် မိုက် ရိုင်း ပြီး ၊ အောက် တ်း ကျ တဲ. အ သုံး အ နှုန်း တွေ ဘဲ ၊

အဲ့ကားတွေကြည့်လို့ရမဲ့လင့်ခ်လေးများရှိရင်
တင်ပေးပါ ကိုMEGတို့ခင်ဗျာ

တကယ်တမ်းသာ နိုင်ငံရေးသမား ပီသတယ် ကိုယ်ပြောတဲ့စကားကိုယ်တာဝန်ယူရဲတယ်ဆိုရင် ၈၈မျိုးဆက်တစ်ဦးဆိုပြီး ခိုးကြောင်ခိုးဝက် မပြောနဲ့လေ
ရေးတဲ့သူကလည်း ပြောတဲ့သူရဲ့နာမည်တပ်ရေးလေ ခုဟာက ၈၈မျိုးဆက်နဲ့ပြည်သူကိုရန်တိုက်ပေးနေသလိုပဲ ဒီလိုစကားမျိုးပြောတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် သေချာတာကတော့ အဲလူကတော်တော်အဆင့်အတန်းမရှိတာပဲ

မထူးပါဘူး အတူတူနဲ့ အနူနူချည်းပဲ

Excuse me! You should not show the image of innocent people and accuse and mock them. That's actually a cyber bullying!

တောက်!!! စောက်ရမ်းအောက်တန်းကျပြီး စော်ကားလွန်းတယ်.. အေးဒီမှာ... မင်းတို့ကောင်တွေ ဘယ်ကျောင်းကပြီးပြီး... ဘယ်ကုမ္မဏီမှာလုပ်နေလုပ်နေ... တစ်ခွန်းပဲပြောမယ်... ဒီကမ္ဘာမှာ မင်းတို့လို ကျွန်စိတ်ပေါက်နေတဲ့ဟာတွေထက် အောက်တန်းကျပြီး စောက်ဆင့်မရှိတဲ့လူတွေ မရှိတော့ဘူး.. အဲဒါ မင်းတို့မြဲမြဲမှတ်ထား... စောက်ရမ်းရွံဖို့ကောင်းတယ်... အဲဒီဓာတ်ပုံထဲက ကျွန်တွေအားလုံး -ီး ပဲ။

၈၈ကျောင်းသားပဲဖြစ်ဖြစ်.ဘာကောင်ပဲဖြစ်ဖြစ် အပြစ်မရှိတဲ့သူများပုံကိုတောင်တင်ပြီးတော့ပြောရဲရင်. .ပြောတဲ့ကောင်လဲကိုယ့် ဓါတ်ပုံကိုတင်ပြီးတော့ပြောပေါ့..ဘာဖြစ်လို့အခွင့်မရှိပဲသူများပုံတွေကိုတင် ပြီးတော့ ကိုယ့်ပုံကိုယ်ကျတော့မတင်ရဲရတာလဲ..

The photo you posted below saying "၁၀ နှစ်ကျော် ပညာတွေ သင်ပေးခဲ့တဲ့ အမိနိုင်ငံကို စွန့်ခွာပြီး
စင်္ကာပူနိုင်ငံ အစိုးရ နဲ့ စင်္ကာပူ သူဌေး တွေဆီမှာ အလုပ်အကျွေးပြုရင်း ဘဝမေ့နေသူ မြန်မာအချို့", why did u just anyhow take others photo and upload it? There are a lot of Myanmar working in Singapore. If you don't have any particular reasons to prove that they forgot about their country, you better take down the photo. It seems to me like you are just randomly upload the photo you saw in facebook even without knowing who they are.

zanwin, do u happen to know anyone of them in that photo??? u know u shouldnt post a rude comment unless u know them inside out.

"တကယ်တော့ မြန်မာအတိုက်အခံဆိုတဲ့လူတွေက အိမ်ကျယ်တွေပါ... အိမ်မှာသာ ဟီးရိုး လိုလို ဘာလိုလိုနဲ့ အိမ်က အစိုးရကို အပြစ်ရှာထောက်ပြရဲကြတာ တခြားနိုင်ငံ အစိုးရတွေရဲ့ ကိုယ့်နိုင်ငံအပေါ် ပိတ်ပင်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကျတော့ မဟ ရဲကြဘူးဗျ...

မှန်လိုက်တာ သိပ်မှန်တယ်
ဒါကြောင့်လည်း ကိုယ်နဲ့ထိုက်တန်တဲ့အစိုးရ ရတာ

မိန်းကလေးတွေဆိုရင် ဖာသည်တွေလို ဝတ်စားပြီး လမ်းပေါ်ထွက်ဖို့ပဲ သိကြတယ်...

ဒါလည်းမှန်တယ် အရှက်ကိုမရှိတော့တာ
မမြင်ဖူး မူးဖြစ်ထင် မ၀တ်ဖူး မစားဖူးတာတွေ ၀တ်စားရတော့
ကိုယ်ဘာပုံဖြစ်လို့ဖြစ်နေမှန်းလည်း မသိတော့တာ

ဇာဂနာကိုလည်း ရွံတယ်
သိက္ခာမရှိတဲ့ ဟာသတွေလုပ်ပြီး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့
ကတုံးကြီးကို ဟီးရိုးထင်နေသူတွေကလည်း ရှိသေး

ဒီပို့စ်က ကျွန်တော်တင်တဲ့ comment ကို ဘာလို့မပြတာလဲ မသိဘူး ခင်ဗျ..
ကျွန်တော့် အမြင်လေးတစ်ခုတော့ ပြောချင်တယ်ခင်ဗျ... ကျွန်တော် နိုင်ငံရေးကို လည်း မသိပါဘူး... ဒါပေမယ့် ကျွန်တော့် အမြင် ပြော ရ ရင် ဒီလို တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက် နေမယ့် အစား စည်းစည်း လုံးလုံး နဲ့ ကိုယ့် အမိ နိုင်ငံတော် တိုးတက်အောင် ဆောင်ရွက် ကြရင် ပို ကောင်း မယ် လို့ထင်တယ်ဗျ... လူတိုင်း အမှားတော့ မကင်းနိုင် ကြပါ ဘူး ဗျာ.. ဒါပေမယ့် ကောင်းရာ လုပ်နေ ရင် အမြင် တစ်ဖက်တည်း နဲ့ ကြည့် ပြီး တော့ မ ပြော ကြ ပါနဲ့ ဗျာ.. အရင်က အစိုးရ က ဘာ လုပ်ခဲ့ လုပ်ခဲ့.. အခုချိန် မှာ တိုးတက်ရေး အတွက် ပို ပြီးရှေး ရှုနေကြ တာ ပဲ.. အဲဒီ့ တော့ NLD ဆိုတဲ့ ဘက် က လည်း... သိပ်ပြီး တော့ မ ပြော ကြ ပါနဲ့ တော့.. တချို့ ကိစ္စ တွေက ချက်ချင်း ထ လုပ်လို့ မရဘူး ခင်ဗျ..
ဥပမာ.. တိုက်တလုံး ဆောက်မယ် ဆိုပါ စို့.. ချက်ချင်းနေ လို့တော့မရဘူး လေ.. ဆောက်ပြီးလို့ နေထိုင်ခွင့် ရမှ နေလို့ရမှာ ပေါ့.. အပြော က လွယ်ပါ တယ် ဗျာ.. အလုပ်က ခက်တယ်ခင်ဗျ... နောက်တစ်ခု က ဒီဆိုက် က ငါ့ ညီတို့ကလည်း NLD ဆိုတဲ့ သူတွေကို သိပ် မပြော ကြပါနဲ့ လို့... ဘာလို့လဲဆိုတော့ သူတို့မှာ လည်း သူတို့ နစ်နာခဲ့ တာ ဆုံးရှုံး ခဲ့တာတွေ ရှိမှာ ပါ.. နောက် လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ရပ်တည်ချက် ချင်း စဉ်းစားပုံ ချင်း မတူဘူး လေ... အဲ့ဒီတော့ တစ်ဖက်တည်းရဲ့ ခံစားချက်နဲ့ မပြောကြ ပါနဲ့တော့ ကွာ... အကို က ဘယ်ဘက် က မှတော့ မဟုတ်ဘူး... ဒါပေမယ့် အစ်ကို လည်း သားစိုးလို လူမျိုးပဲ.. အစ်ကို comment သွားပေးမိလို့တောင် အဆဲခံလိုက် ရသေး တယ် ကွ... နောက်တစ်ခု က အစ်ကို ပြောချင်တာက ငါ့ညီတို့ပြောချင်တာ တစ်ခုနဲ့ ဘာမှ အပြစ်မရှိ တဲ့ မဆိုင်တဲ့သူတွေရဲ့ ပုံကို ခွင့်ပြုချက် မရပဲနဲ့ ယူမသုံးကြပါနဲ့ ကွာ... လူ့တစ်ယောက်အတွက် ကိုယ့်ကျင့်တရားနဲ့ သိက္ခာက အရမ်းအရေးကြီးပါ တယ်... ငါ့ညီတို့ လည်း cyber rule တွေကို နားလည်မှာပါ... အခုရေးတဲ့ အစ်ကို့ ကွန်မန့်လေးကိုတော့ တင်ပေး စေချင်တယ်ကွာ... အကယ်လို့ အမှား ပါသွားတယ်ဆိုရင် လည်း ဆောရီးကွာ...

I don't think these guys cursing could even speak English. So don't bother ask these guys. Because of these ignorant fools our country is still not developing.

come and see here, Singapore if you wanna know why we are in silent :(

"စင်္ကာပူက မြန်မာတွေက ယောင်္ကျားလေးတွေဆိုရင် ကလိမ်ကကျစ်လုပ်ဖို့နဲ့ မိန်းကလေးတွေဆိုရင် ဖာသည်တွေလို ဝတ်စားပြီး လမ်းပေါ်ထွက်ဖို့ပဲ သိကြတယ်..."
၈၈ကျောင်းသားဟောင်းဆိုတဲ့ လူ အမည်တောင်မဖော်ရပဲ.. ထင် ရာမင်ရာ ပုံတစ်ပုံကို ကောက်တင်..ပိုးစက် ပိုးစက် ဖော်ပြ ပြီး လူတွေကို မကောင်းပြောနေတာ ရှင်ကိုယ်တိုင်ကရော ဘာမို့လို့လဲ..
နိုင်ငံခြားမှာနေ.. သူများကျွန်ခံ အလုပ်လုပ်ပြီး အမိနိုင်ငံမှာ ရှိနေတဲ့ မိသားစုတွေကို လုပ်ကျွေးနေတာ.
ရှင်တို့လို အမေကျော် ဒွေးတော်လွမ်းပြီး နိုင်ငံခြားကဟာတွေကို ဒူးထောက်ပြီး ထောက်ပံ့ငွေတောင်းနေတာမှ မဟုတ်ပဲ..
စကားပြောလဲ ကြည့်ပြောပါ.. နိုင်ငံခြားမှာ နေတဲ့ လူတွေ.. ဘာတွေ ညာတွေ ကို မပုတ်ခတ်ပဲ.. ရှင်လုပ်နေတဲ့ ကောင်းလှပါပြီဆိုတဲ့ ဒီမိုကရေစီကြီးကို မလုပ်နိုင်ဘူး လား..

:) hahah.....to those 88 activists!

What did u get from your 88 protest?

Why must we sacrifice for nothing?

If we do, what our motherland can give us return??....

Zanwin Family
Father : Dog
Mother : Monkey
Sister : Pig
Dog f**k Monkey and stupid lazy shit-eating Fly(zanwin) was born.

သာသနာစော်ကားလို့ သာသနာကဒဏ်ခတ်တာ အကြာကြီးမနေဘူးနော် ချက်ချင်းလက်တွေ့ပဲ သိပြီမဟုတ်လား စုစု

အေးကွာ... မင်းကွာ...ငါကွာ.... ပြောချင်တာတွေပြောကြကွာ တို့လည်း ပြောချင်တွေပြောမယ်နော်.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်