အသက်အရွယ် ကြီးရင့်လာပြီဖြစ်တဲ့ ဦးခင်ညွန့်ဟာ မြရိပ်ညို ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့ သိရပါတယ်။
မြရိပ်ညို ဖောင်ဒေးရှင်းကို စီးပွားရေး လုပ်ငန်းရှင်နဲ့ အမျိုးသား လွှတ်တော်အမတ် စေတနာရှင်ကြီး ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်ငွေ သိန်းပေါင်း တစ်သောင်း မတည်ပြီး မနှစ်က အောက်တိုဘာလ အတွင်း တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဝေးလံခေါင်သီတဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ကျောင်းဆရာ ဆရာမတွေ အလုံအလောက် ခန့်ထားရေး၊ ဆေးရုံ ဆေးခန်းတွေ တည်ထောင်ရေး၊ ပညာသင်ဆု ပေးရေး စတဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ရဲ့ လမ်းညွှန်မှုနဲ့ ဒီဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာလို့ ဦးခင်ရွှေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချင်းမှာ သတင်းထောက်တွေက မေးမြန်းစဉ် ဦးခင်ညွန့်က ဘာသာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာပဲ ပျော်မွေ့တော့မှာဖြစ်ကြောင်းနဲ့ အသက် ကြီးလာပြီဖြစ်တာကြောင့် နိုင်ငံရေး မှာ ဝင်ရောက်လုပ်ကိုင်ခြင်း ရှိမှာမဟုတ်ကြောင်းနဲ့ လူငယ်တွေ လုပ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
အသက် ၆၃ နှစ် ရှိပြီဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ကလည်း အသက် ၆၀ ကျော်ပြီဖြစ်လို့ နိုင်ငံရေးမလုပ်တော့ပဲ အနားယူတော့မှာ ဖြစ်ကြောင်းနဲ့ နိုင်ငံရေးကို လူငယ်တွေလုပ်ဖို့လိုကြောင်း ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် အသက် ၆၇ နှစ်အရွယ် တတိယအရွယ်ရောက် ဗုဒ္ဓဘာသာဝင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်ထိ တရားမှာ မွေ့လျှော်မှုမရှိပဲ နိုင်ငံရေးကိစ္စတွေ နဲ့ လောကီရေးရာတွေမှာ ပျော်မွေ့နေတုန်းဖြစ်ပါတယ်။

1 comments:
ဟဟဟဟဟဟဟဟဟဟဟဟမိုက်မဲပါ.ပေ ဒေါ်စုရယ် အော်ခက်ပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်