Subscribe to our RSS Feed

အမျိုးသားရင်ကြားစေ့ရေး မနားတမ်းကြွေးကြော်သူ ဒေါ်အောင်ဆန်းစုကြည်၊ ခုထိ မောင်နှမချင်း ရင်ကြားမစေ့နိုင်သေး

အမျိုးသားရင်ကြားစေ့ရေး၊ ဒုတိယ တတိယ ပင်လုံ၊ အချင်းချင်းပစ်ခတ်မှု ရပ်ဆဲရေးနဲ့ နိုင်ငံခြားရောက် မြန်မာတွေ အချင်းချင်း ညီညွတ်ရေး တွေကို ပါးစပ်က မချပဲ အားတိုင်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုချိန်ထိ သက်ရှိထင်ရှာ ကျန်နေခဲ့သူ ဆွေမျိုးရင်ချာ နှစ်ယောက်သာ ရှိတဲ့ မောင်နှမ အရင်းခေါက်ခေါက်ချင်းတောင် ရင်ကြားမစေ့နိုင်သေးပဲ ဖြစ်နေပါတယ်။ မောင်နှစ်မ သုံးယောက်မှာ အစ်ကိုအကြီးဆုံး အောင်ဆန်းလင်း မရှိတော့တဲ့နောက်ပိုင်း ကျန်ရစ်သော မောင်နှမ နှစ်ယောက်ဖြစ်တဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြန်အလှန် တရားဆွဲဆိုတာတွေကို ၂၀၀၁ ခုနှစ်ကနေ စပြီး လုပ်လာခဲ့တာ အခုဆိုရင် ၁၀ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

သူများတွေကို ညီညွတ်ဖို့ တဖွဖွ ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် သူမ ကိုယ်တိုင် တရားရုံးမှာ သွားရောက် ကြားနာရတော့မှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အခွင့်ရကိုယ်စားလှယ်အဖြစ် ရှေ့နေကြီး ဦးထွန်းတင် က တာဝန်ယူခဲ့ပေမယ့် အခုတော့ ရှ့နေကြီး ဦးထွန်းတင်လည်း ဆုံးပါးသွားပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာဖို့ တရားရုံးက ခေါ်တော့မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လက်ရှိနေနေတဲ့နေအိမ်ဟာ ဦးအောင်ဆန်းဦးရော၊ ဒေါ်အောင်ဆန်းစုကြည် ပါ မောင်နှမ နှစ်ယောက်လုံး အတူနေရမယ့် အိမ်ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အငယ်ဆုံးဖြစ်နေတာတောင် အစ်ကို ဖြစ်သူကို လာမနေခိုင်းပဲ တစ်ယောက်တည်း အပိုင်ဆီးခဲ့ပါတယ်။ ဒီလုပ်ရက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်ဆန်သူ၊ ကိုယ့်ဖက်ကို ယက်တတ်သူ၊ ကိုယ်ရဖို့ပဲ ကိုယ်သိတတ်သူ ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကလည်း ညီမဖြစ်သူရဲ့ လိုချင်စိတ် ပြင်းပြကာ အပိုင်စီးမှုတွေကို မခံနိုင်ပဲ တရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ အခုဆိုရင် အမှုအနေအထားအရတော့ တရားလိုဘက်က စစ်ဆေးတာတွေ ပြီးနေပြီ ဖြစ်ပြီး အခု တရားပြိုင် ဘက်က သက်သေတွေကို စစ်ဆေးရမယ့် အဆင့်ရောက်နေပါပြီလို့ သိရပါတယ်။

အသက် ၇၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှစ်မ နှစ်ယောက်ရဲ့ အမွေလုနေတဲ့ အမှုဟာ အခုဆိုရင် နာက်ဆုံးအမိန့်ချမယ့် အဆင့်ကို ရောက်သွားပါပြီလို့ သိရပါတယ်။

အမွေလုနေသည့် ရန်ကုန်မြို့ ရွှေတောင်ကြား ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ အိမ်အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသက် ၆၇ နှစ်ရှိနေတာတောင် ရှက်ဖွယ်လိလိ မောင်နှမချင်း အမွေလုနေခြင်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ညီညွတ်ကြဖို့ စကားတွေကို ဘယ်သူမှ လက်မခံနိုင် နားမထောင်နိုင်ဖြစ်နေကြပါတယ်။ အပြစ်အခတ် ရပ်စွဲရေး အိပ်ဖွင့်အပေးစာ ပေးအပြီး ၅ ရက်မှာ KIA က စပြီး ပစ် ပြခဲ့သလို၊ နိုင်ငံခြားရောက် မြန်မာတွေကလည်း အချင်းချင်းခုချိန်ထိ မတည့်ကြသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်မယ်ဆိုတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုတိယ ပင်လုံဆိုတာကလည်း ခုဆိုရင် ပျောက်ချင်းမလှ ပျောက်နေပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူတစ်ဦးကတော့ အသက် ၆၇ နှစ်ရောက်မှ အမွေလုပြီး မောင်နှမချင်း ရန်ဖြစ်နေတဲ့ လူတစ်ယောက်က ညီညွတ်ရေးတွေ လုပ်မယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိကြောင်း မှတ်ချက်ပေးသွားပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်