အဒဖ ပါတီ မှတ်ပုံတင်ခွင့် တင်ထားတုန်းမှာပဲ ပါတီအတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်းမောင်လွင် အသက်ထွက်သွားပါပြီ။ ဒီဇင်ဘာ (၆) ရက် အင်္ဂါနေ့ည ၈ နာရီ ၄၀ မိနစ် ခန့်တွင် ရန်ကုန်မြို့ အမှတ် (၁၅) A ကမ္ဘောဇရိပ်သာက နေအိမ်မှာ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာ အသက် (၈၈) နှစ်ရှိပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၈ ရက် မနေ့က ၁ နာရီခွဲတွင် နေအိမ်ကနေ ရေဝေးသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုလ် ခဲ့ပါတယ်။ ဗိုလ်မှူးကြီး မောင်လွင်ဟာ ဦးနေ၀င်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ငွေစက္ကူဖျက်သိမ်းခြင်းတွေ၊ နိုင်ငံတော် ဘဏ္ဍာငွေ ဖြုန်းတီးမှုတွေလုပ်ပြီး NLD မှာ အတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။
အတွင်းရေးမှူးဦးလွင် သေဆုံးခြင်းဟာ လူကြီးရောဂါကြောင့်သာ မဟုတ်ပဲ NLD မှ ဂရုစိုက်မှု ညံ့ဖျင်းမှုတွေ၊ ပစ်စလက်ခက် ထားမှုတွေကြောင့်လည်း ပါတယ်လို့ သိရပါတယ်။ ဆောင်းတွင်းရောက်ချိန် ရာသီဥတုအေးလာပြီး ကွေးသွားတယ်လို့ အိမ်နီးချင်းတွေက ဆိုပါတယ်။ "NLD အတွင်းရေးမှူးလို့သာပြောတယ် ဒေါ်အောင်ဆန်းစုကြည်တို့က တစ်ခါမှ လာပြီး ဂရုစိုက်တာ မရှိဘူး... အခု သေမှပဲ ပေါ်လာတော့တယ်... ပါတီမှာ လူ ဘယ်လောက်မှ မရှိတဲ့အချိန်မှာတောင် အတွင်းရေးမှူးတစ်ယောက်ကို ပစ်စလက်ခက် ထား နေပြီး ပါတီဝင် ၁၀ သိန်း ခေါ်မယ် စိတ်ကူးသေတယ်... " လို့ အိမ်နီးချင်းတစ်ယောက်က ပြောပါတယ်။
အသက်ထွက်သွားချိန်ထိ NLD ပါတီ မှတ်ပုံတင်ခွင့် ရကြောင်း သတင်းကို ကြားမသွားရပါဘူး။ ဗိုလ်မှူးကြီး ဟောင်း တစ်ဦးဖြစ်ခဲ့ပေမယ့်လည်း သေဆုံးချိန်မှာလည်း ခန်းခန်းနားနား သင်္ဂြိုလ်ခြင်း မခံရပါဘူး။ NLD ရဲ့ ထုံးစံအတိုင်း ချောက်တီးချောက်ချပ်နဲ့ပဲ ပြီးသွားပါတယ်။ တပ်မတော်မှာသာ ဆိုရင် ဗိုလ်မှူးကြီး တစ်ယောက်ကို စစ်တီးဝိုင်းနဲ့ အလေးပြုပြီး သင်္ဂြိုလ်ရုံသာမက စစ်သချိုင်းမှာ နောင်နှစ်ပေါင်းများစွာတိုင် ကဗျည်းကျန်ခဲ့အုံးမှာ ဖြစ်ပါတယ်။ အခုတော့ ရေဝေးကို တန်းရောက်သွားပါတယ်။ NLD မှာ နောက်ထပ် သေခါနီး လူတွေ အများကြီးရှိနေသေးတယ်လို့လည်း သိရပါတယ်။

NLD မှ ပေးသော ဝေစု များနှင့် ဦးလွင်
1 comments:
sorry i don't know about the politics neither about the art. But the way of writing (especially the title) is really rude. You could write(Kwal Loon A Nate Sa...something like that) in stead of "A That Htwat".
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်